“တိုင်လီမန်းနဲ့ မက်ဒီဆင်” ဘယ်သူ့ကို အာဆင်နယ်ရွေးချယ်မလဲ

အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ ကွင်းလယ်ကို သေချာပေါက် အင်အားဖြည့်တင်းမှာဖြစ်ပြီး လက်စတာအသင်းရဲ့ကွင်းလယ်လူတွေဖြစ်တဲ့ တိုင်လ်မန်း၊မက်ဒီဆင်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ် အနေနဲ့ မက်ဒီဆင်ထက် တိုင်လီမန်းကိုသာ အရခေါ်ယူသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်ဟာ မက်ဒီဆင်က်ု ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လက်စတာအသင်းက သူတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ပေါင်သန်း၇၀ကျော်အထိ အလိုရှိနေတာကြောင့် အာဆင်နယ်ဟာ မက်ဒီဆင်က်ု ခေါ်ယူဖို့ လက်လျှော့ပြီး အိုဒီဂတ်ကိုသာ ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၃၀နဲ့ ခေါ်ယူခဲ့ပါတယ်။ 

တိုင်လီမန်းဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။ သတင်း‌အချို့ အရ ဘရန်ဒန်ရော်ဂျာတို့ဟာ သူတို့ဟာကစားသမားအတွက် ပေါင်၂၅သန်း အလိုရှိနေတယ်လို့လည်း သိရပါတယ်။ 

ကီဗင်ကမ်းဘဲလ်က တိုင်လ်မန်းဟာ အာဆင်နယ်အတွက် တကယ်လိုအပ်နေတဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့ကွင်းလယ်တိုက်စစ်နေရာမှာ အိုဒီဂတ်ရှိနှင့်ပြီး ဖြစ်တဲ့အတွက် မက်ဒီဆင်ကို ခေါ်ယူဖို့ မလိုအပ်ဘူးဆိုတာကို ပြောပြလာခဲ့ပါတယ်။ 

Football Insider နဲ့တွေ့ဆုံမှုမှာတော့ ကမ်းဘဲလ်က ခုလို ဆိုလာခဲ့ပါတယ်။ 

တိုင်လီမန်းဟာ သူတို့စောင့်မျှော်နေမယ့် ကစားသမားဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။ကျွန်တော်မှားတော့ မှားနိုင်ပါတယ်။ဒါပေမယ့် မက်ဒီဆင်ကို ခေါ်ယူသင့်တဲ့ အချိန်က ကျော်သွားခဲ့ပါပြီ။” 

အသင်းမှာ အိုဒီဂတ် ရှိနေပါပြီ။ဒါကြောင့် နောက်ထပ် ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ပေါင်သန်း၅၀လောက်ထပ်ပြီး အသုံးပြုစရာ မလိုတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။တိုင်လ်မန်းဟာ အာဆင်နယ်လိုအပ်နေတဲ့ကစားသမားပါ။သူဟာ မက်ဒီဆင်နဲ့ မတူညီတဲ့ Role မှာ ကစားတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။” 

အာတီတာဟာ တိုင်လီမန်းကို ကျွန်တော်တို့ရဲ့ပုံစံ ကစားသမားလို့ မြင်မယ်လို့ သေချာပါတယ်။ကျွန်တော့်အထင် တိုင်လီမန်းဟာ အာဆင်နယ်ရဲ့  Type နဲ့ကိုက်တဲ့ ကစားသမားဖြစ်ပြီး လာမယ့်နွေရာသီမှာ သူ့ကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

လက်စတာအသင်းဟာလည်း  အသုံးစရိတ်အတွက်ငွေရှာဖို့  ကစားသမားတွေကိုရောင်းထုတ်ရဖို့ရှိနေတာကြောင့် အဆိုပါကစားသမားတွေအနေနဲ့ အာဆင်နယ်မဟုတ်ရင်တော့ အသင်းသစ်တွေဆီရောက်မယ့်အနေအထားတရပ်တော့ရှိနေပါတယ်။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: