အန်ကက်တီးယားကို သတင်းစကားတစ်ခု လက်ဆောင်ပါးခဲ့တဲ့ အီယန်ရိုက်

အူဘာမီယန်း မရှိတော့တဲ့ တိုက်စစ်၊ လက်ရှိ အသင်းခေါင်းဆောင် လာကာဇက် ရုန်းကန်နေရတဲ့ အသင်းရဲ့ တိုက်စစ်မှာ အဓိက တိုက်စစ်မှူးဖြစ်လာဖို့ ကြိုးစားသင့်တယ်ကြောင်း  အီယန်ရိုက်က အန်ကက်တီးယားကို အကြံပေးခဲ့ပါတယ်။ 

အင်္ဂလန် U21 အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အန်ကက်တီးယားကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုတာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ ပုံမှန်ပွဲထွက်ခွင့်ရှာဖွေဖို့ အမ်းမရိတ်ကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။ 

အန်ကက်တီးယားဟာ အူဘာမီယန်း၊ လာကာဇက်တို့ရဲ့နောက်မှ တတိယဦးစားပေးတိုက်စစ်မှူးအနေနဲ့သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အော်ဘာမီယန်းဟာ အသင်းကနေ ထွက်ခွာသွားခဲ့ပြီး အာဆင်နယ်ကတော့ တိုက်စစ်မှူးအသစ်တစ်ဦးတော့ ပြန်မခေါ်နိုင်ခဲ့ပါဘူး။  လက်ရှိမှာ အသင်းခေါင်းဆောင်နဲ့အဓိက တိုက်စစ်မှူးဖြစ်သူ လာကာဇက်တီအနေနဲ့ သွင်းဂိုးတွေရယူဖို့ ရုန်းကန်နေရတာ‌ ‌ကြောင့် လက်ရှိအချိန်ဟာ  အန်ကက်တီးယားအတွက် သူ့ရဲ့ ခြေစွမ်းကို သက်သေပြဖို့ မှန်ကန်တဲ့ အချိန်ဖြစ်တယ်လို့ ရိုက်က ဆိုပါတယ်။ 

“ကျန်နေသေးတဲ့ ကစားပွဲတွေအတွက် အန်ကက်တီးယား  အနားကို ထိုင်ပြီး ခုလိုမျိုး ကျွန်တော် ပြောချင်ပါတယ်- “နားထောင် အက်ဒီ .. မင်းရဲ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် အခုအသင်းမှာ အူဘာမီယန်းမရှိတော့ဘူး။ မင်းဟာ အလားအလာတွေအများကြီးရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်” 

သူ(အူဘာမီယန်း)ဂိုးမသွင်းနိုင်တဲ့ အချိန်တွေမှာ မင်း အသင်းမှာ ရှိနေခဲ့တယ်၊ အခု လာကာဇက် ဂိုးမသွင်းနိုင်တဲ့အချိန် မင်းဒီမှာ ရှိနေတာပဲ။ မင်းက အထောင်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပေမယ့်   မင်းကြိုးစားနေတာ အခုထိ ငါမမြင်ရသေးဘူး”   လို့သွားပြောချင်ကြောင်း ပြောဆိုလာပါတယ်။ ဆက်လက်ပြီး ရိုက်က

သူ့အနေနဲ့ အာဆင်နယ်ရဲ့ Number 9 နေရာအတွက် သင့်လျော်တဲ့သူရှိရင် အခွင့်အရေးတစ်ခုဖွင့်ထားတယ်ဆိုတဲ့ ဆိုတဲ့ အပြောကို လိုအပ်ပါတယ်။သူဟာ ဒါကိုလုပ်ဖို့ ၊ဂိုးဧရိယာထဲ ပြေး၀င်ဖို့ သင့်လျော်တဲ့ ငယ်ရွယ်မှု ရှိပါတယ်”  ဆိုပြီးလည်း အသင်းအုပ်ချုပ်သူတွေဖက်ကိုရည်ရွယ်ပြီးပြောခဲ့ပြန်ပါတယ်။​  အာဆင်နယ်အပေါ်သံယောဇဥ်ကြီးလွန်းတဲ့​ ရိုက် ဟာနည်းလမ်းပေါင်းစုံနဲ့  တိုက်စစ်ကို ကူညီဖို့ ကြိုးစားနေတာမြင်သာပါတယ်။

အီယန်ရိုက်က အန်ကက်တီးယားကို အသင်းရဲ့တိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရအောင် ကြိုးစားဖို့ လက်ရှိအချိန်ဟာ အချိန်ကောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် အန်ကက်တီးယားဟာ အာဆင်နယ်မှာ ဆက်ရှိနေဖို့ ခံစားချက်မရှိတော့ပဲ ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ပဲ စောင့်မျှော်နေတာလား‌ ဆိုတာတော့ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။ 

အန်ကက်တီးယားဟာ သူ့အနေနဲ့ အာဆင်နယ်မှာ ပွဲထွက်ခွင့်ရဖို့ လုံလောက်တဲ့ အရည်အသွေးမရှိဘူးဆိုတာကို နားလည်တာကြောင့် ခုလိုမျိုး အသင်းကနေထွက်ခွာဖို့၊ အာဆင်နယ်အတွက် ဘာမှ သက်သေပြဖို့ မကြိုးစားခဲ့ပုံပါပဲ။ ဒါကတော့ စာရေးသူရဲ့ ထင်မြင်ချက် သက်သက်သာ ဖြစ်ပါတယ်။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: