အာဆင်နယ်အသင်း ဘာဖြစ်နေသလဲ – ( ၂ / ၃ )

အပိုင်း ၁ မှာတော့ အဖွဲ့အစည်းရဲ့ လမ်းစဥ်အတိုင်း Step by Step သွားနေတာကြောင့် ရလဒ်ထက် Process ကို ပိုဦးစားပေးနေကြောင်းပြောခဲ့ပြီး  ၊ အပိုင်း ၂ မှာ ပီးယားစ်မော်ဂန်တို့လို လူတွေဘာကြောင့်အာဆင်နယ်ကို မနှစ်သက်ရသလဲဆိုတာ ရေးသားမယ်ဆိုတဲ့အကြောင်းနဲ့ ဆောင်းပါးကို အဆုံးသတ်ခဲ့ပါတယ်။ အခု အပိုင်း၂ မှာ သူတို့လိုပရိတ်သတ်တွေအကြောင်းရေးပါမယ်။

ဘာလို့သူတို့အကြောင်းရေးရတာလဲ .. သူတို့က ဘယ်လောက်အရေးပါသလဲ ?

အာဆင်နယ်ဘာဖြစ်နေသလဲဆိုတဲ့မေးခွန်းကိုဖြေဖို့အတွက်  ဝေဖန်မှုတွေကို ဆက်တိုက်ခံရခြင်း ဆိုတဲ့အချက်ကလည်း အရေးပါနေတာကြောင့်ဖြစ်ပါတယ်။  အာဆင်နယ်ကို ခြေလှမ်းအနဲငယ်ပျက်တာနဲ့အပြင်းအထန်ဝေဖန်ကြတဲ့အကြောင်းကို  ပြန်လည်ထောက်ပြရေးသားမှုတွေလဲအတော်ကလေးစိပ်လာပြီဖြစ်တာမို့   အကဲဆတ်တဲ့ပရိတ်သတ်တွေ ဆိုတာ အာဆင်နယ်ကို သုံးသပ်တဲ့အခါ ထည့်ကိုရေးရမယ့်ကိစ္စဖြစ်လာပါတော့တယ်။ အချို့ Pundit တွေကလဲ အလွန်အမင်းဝေဖန်မှုတွေကို မနှစ်သက်ကြောင်းပြောလာပါတယ်။

ပီးယားစ်မော်ဂန်ရဲ့ ဝေဖန်ချက်တွေကို ပြန်သုံးသပ်တဲ့အခါ  ၂ ပိုင်းတွေ့ရပါတယ်။ ပထမအချက်ကတော့  နာမည်ကျော်ကစားသမားတွေနဲ့ အသင်းကြားမှာပြသနာတက်တိုင်း  ကစားသမားတွေဖက်ကနေရပ်တည်တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့  လူငယ်တွေနဲ့ ခရီးဆက်လို့ မရဘူးဆိုတဲ့ အချက်ကို ယုံကြည်လက်ခံထားတာဖြစ်ပါတယ်။  ဘာကြောင့်သူက အဲ့လိုယုံကြည်တာလဲ။

ကျွန်တော်နားလည်ထားတာကတော့  သူမြင်ချင်တဲ့ အာဆင်နယ်က သီးသန့်ပုံစံဖြစ်ပါတယ်။ ပီးယားစ်မော်ဂန် စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အာဆင်နယ်ဆိုတာ

  •  ရင့်ကျက်တဲ့ကစားပုံ
  • နာမည်ကျော်ကစားသမားတွေ
  • ခန်းနားတဲ့ရလဒ်တွေ
  • အရှိန်အဝါကြီးမားတဲ့  လူစာရင်း  စတာတွေဖြစ်ပါတယ်။ သူကိုယ်တိုင်လဲ ကမ္ဘာကျော်တွေနဲ့ ပနံသင့်သူဖြစ်ပါတယ်။

ဒီတော့ လူငယ်တွေရဲ့အားနဲ့သွားနေတဲ့အသင်းဟာ  ခန်းနားမှုကို မြင်လိုနေတဲ့ ၊ Elite ဆန်တဲ့ ခံစားမှုကိုရချင်တဲ့ မော်ဂန်အတွက် အဆင်မပြေပါဘူး။  သေချာတာတစ်ခုက  အာတီတာက ရှိသမျှဖလားအကုန်ရသွားရင်လဲ  မော်ဂန်ကြိုက်မှာမဟုတ်ပါဘူး။  မော်ဂန်ရဲ့  Perspective ဟာ  အာဆင်နယ်ကို အောင်မြင်မှုတွေရစေလိုတယ်လို့  အကြမ်းအားဖြင့်ပြောနိုင်ပေမယ့် ၊ သေသေချာချာသုံးသပ်ကြည့်ရင်  “ သူမြင်ချင်တဲ့ အာဆင်နယ် “ ကို မြင်လိုနေတဲ့ ခံစားမှုက ပိုကဲပါတယ်။  ဒီအချက်က သူ့ရဲ့ အင်တာဗျူးတစ်ခုက အဖြေမှာ အနဲငယ်မြင်သာပါတယ်။

“  အခုခေတ်ပရိတ်သတ်တွေကအဆင့် ၄ ရဖို့ကိုပဲ အောင်မြင်မှုလို့ ထင်နေကြတာဗျ … ကျွန်တော့်လို နှစ်ပေါင်းများစွာအားပေးလာတဲ့သူအတွက်  ဒါက အရေးကိုမပါတာ “ လို့ပြောလာခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင် အောင်မြင်မှုအတွက်စောဒကတက်တယ်လို့ ထင်ရပေမယ့်   အခြားသော အင်တာဗျူးတွေနဲ့ဆက်စပ်ကြည့်ရင် သူမြင်လိုတဲ့  အာဆင်နယ်မဟုတ်ခြင်းကို ပိုပြီးဦးတည်နေတာဖြစ်ပါတယ်။  မော်ဂန်ဟာ  High Profile Player ၊ High Profile Manager တွေကိုပိုပြီးနှစ်သက်ပါတယ်။  ထိုသူတွေနဲ့သာ သွားရမယ်ဆိုရင်  ဆုဖလားတွေမရ​ရင်လဲ အဆင်ပြေကောင်းပြေနိုင်ပါတယ်။  ပရီတ်သတ်အချင်းချင်းထဲမှာ ပြန်ပြီး Classify လုပ်ခဲ့တာကို သိသိသာသာမြင်ရပါတယ်။

အာဆင်နယ်မှာ မော်ဂန်လိုပရိတ်သတ်တွေအများကြီးရှိပါတယ်။  သူတို့တွေရဲ့ အမြင်နဲ့ ရှုထောင့်ဟာ  အာဆင်နယ်ကို  Strong and Mature ဆိုတဲ့ပုံရိပ်နဲ့ တသားထဲရှုမြင်နေကြတာဖြစ်ပြီး  လက်ရှိအာဆင်နယ်သွားနေပုံကတော့ Young but beautiful ဆိုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါပရိတ်သတ်တွေဟာ ပမာဏတစ်ခုရှိနေသေးသ၍ အာဆင်နယ်ဟာ ဖလားအားလုံးရရင်တောင် ဝေဖန်ခံရမှာဖြစ်လို့  အခုလိုရုန်းကန်နေတုန်းအချိန်မှာ ၊ အမှားတွေလဲရှိနေချိန်မှာ အပြောအဆိုမလွတ်တာက ဘာမှမထူးဆန်းပါဘူး။

လူငယ်တွေနဲ့ အတူရုန်းကန်နေတဲ့အသင်းဟာ ကြယ်ပွင့်တွေကို မြင်လိုနေတဲ့ ပရိတ်သတ်အတွက်တော့ လိပ်စာမှားနေတဲ့ ပါဆယ်ထုတ် တစ်ထုပ်သာဖြစ်ပါတယ်။ သူတို့စိတ်ကျေနပ်အောင်လုပ်ဖို့ လမ်းမရှိပါဘူး။ ခေတ်စားနေတဲ့ Slang အရဆိုရင်တော့  မင်းမို့လို့ကို မချစ်တာ   လို့ပြောရမှာပါ။

ဒီစိန်ခေါ်မှုကို ဖြတ်ကျော်ဖို့အတွက် အာဆင်နယ်တို့ဟာ များစွာအလုပ်လုပ်ရမှာဖြစ်ပါတယ်။ ပုံရိပ် ၊ ရလဒ် စသည်ဖြင့်ပေါ့။  အောင်မြင်ချင်မှလဲအောင်မြင်ပါလိမ့်မယ်။ သို့သော် ထိုသူတွေကိုအမြင်ပြောင်းလဲဖို့က ကြီးမားတဲ့  Agenda တစ်ခုတော့အမှန်ပဲဖြစ်ပါတယ်။

ပထမပိုင်းမှာ Corporation အကြောင်း  ၊  ဒုတိယပိုင်းမှာ Elite Supporter များအကြောင်းရေးသားပြီးတဲ့နောက်

တတိယပိုင်းနဲ့နောက်ဆုံးပိုင်းမှာတော့  အာဆင်နယ်တို့ ဘာကြောင့် အခုလမ်းကြောင်းသွားနေသလဲ ၊  ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို လက်လှမ်းမှီသလောက်တင်ဆက်ရေးသားမှာဖြစ်ပါတယ်။

One thought on “အာဆင်နယ်အသင်း ဘာဖြစ်နေသလဲ – ( ၂ / ၃ )

Leave a Reply

%d bloggers like this: