ဂါလာတာစာရေးတိုက်စစ်မှုးကို အာဆင်နယ်ဆွေးနွေးဖို့ပြင်ဆင်
အာဆင်နယ်အသင်းဟာ ဂါလာတာစာရေးအသင်းရဲ့ တိုက်စစ်မှုး ကာရင်အက်တာကိုဂလူ ကိုခေါ်ယူနိုင်ရန်ဆွေးနွေးဖို့ပြင်ဆင်နေပြီဖြစ်ကြောင်း တူရကီသတင်းစာ Star Gazetesi က ဖော်ပြလာပါတယ်။ အဆိုပါ ၂၃ နှစ်သားအတွက် ပြောင်းရွေ့ကြေး ပေါင် ၁၇ သန်းခန့်ကုန်ကျနိုင်ပြီး အာဆင်နယ်အနေနဲ့လည်း ပေးချေဖို့အသင့်ရှိနေတယ်လို့ Sport Witness ကဆိုပါတယ်။ ကာရင်ဟာ ယခုရာသီမှာ ၄၆ ပွဲကစား ၊ ၁၁ ဂိုးသွင်းပြီး ၁၀ ကြိမ်ဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။
အာဆင်နယ်ကို ငြင်းလာတဲ့ဟာဇက်
အာဆင်နယ်အသင်းက အငှားနဲ့ခေါ်ယူမယ်လို့ သတင်းထွက်နေတဲ့ ရီးရဲကစားသမားအီဒင်ဟာဇက်ဟာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ငြင်းဆန်ကြောင်းစပိန်ကလာတဲ့သတင်းတွေအရသိရပါတယ်။ ၃၁ နှစ်အရွယ် ဘယ်လ်ဂျီယံသားဟာ ၂၀၂၄ ခုနှစ်အထိရီးရဲနဲ့ စာချုပ်ရှိသေးပေမယ့် သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ပဲ အငှားထွက်ကစားရဖို့ရှိနေပေမယ့် တချိန်က မြို့ခံပြိုင်ဖက်ဖြစ်ခဲ့တဲ့ အာဆင်နယ်ကိုတော့ ပြောင်းရွေ့လိုခြင်းမရှိဘူးလို့ AS သတင်းစာကဖော်ပြခဲ့တာပါ။
သတင်းကြီးနေတဲ့နောက်ခံလူက လက်ရှိအသင်းနဲ့သာ စာချုပ်ဆက်ချုပ်
အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေနဲ့ နာမည်ထွက်ခဲ့တဲ့ ဖူဟမ်နောက်ခံလူ မန်နာဆော်လမွန်ကို သူ့ရဲ့အသင်းကပဲ စာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်လို့ ကောလာဟာလတွေအားလုံးဇာတ်သိမ်းသွားပြီဖြစ်ကြောင်း ဖေဘရီဇီယို ရိုမာနိုက ပြောကြားလာပါတယ်။ အဆိုပါ အသက် ၂၂ အရွယ် အစ္စရေးသားလေးဟာ ၂၀၂၇ ခုနှစ်အထိ ခရာဗင်ကောတေ့ ( ဖူဟမ်ကွင်း) မှာဆက်ရှိနေမှာဖြစ်ပါတယ်။
ဆိုကရာတစ်ပြောပြလာတဲ့ အာဆင်နယ်ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များ
အသင်းရဲ့နောက်ခံကစားသမားဟောင်း ဆိုကရာတစ်က အာဆင်နယ်ကနေ ထွက်ခွာခဲ့ရပုံနဲ့ ကိစ္စအချို့ကို အခုလိုပြန်ပြောပြလာပါတယ်။
“ တကယ်တော့အသင်းနဲ့ နှုတ်ဆက်ခဲ့ရတာ အူဘာမီယန်တစ်ယောက်ထဲမဟုတ်ပါဘူး .. ကျွန်တော်အပါအဝင် အခြားကစားသမားတွေလဲတူတူပါပဲ။ တစ်ကိုယ်ရည်အမြင်အရပြောရရင် မှန်ကန်တဲ့ပြသနာဖြေရှင်းပုံတွေလို့လည်းမမြင်မိပါဘူး .. ကျွန်တော်တို့တွေအခြားနည်းတွေနဲ့ဖြေရှင်းလို့ရခဲ့မှာပါ .. ဒါပေမယ့် ဒီအကြောင်းတွေကို ကျွန်တော် မမေးပါဘူး .. အသင်းနဲ့ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ် “ လို့ပြောလာတာဖြစ်ပါတယ်။
အမ်မရီကို မေ့လိုက်ဖို့ အဘွန်လဟော်တိုက်တွန်း
ဗီလာရီးရဲနဲ့အတူ အဆင်ပြေနေပေမယ့် အာဆင်နယ်နဲ့တုန်းက အမ်မရီအလုပ်မဖြစ်ခဲ့ကြောင်းထောက်ပြပြီး ၊ အာဆင်နယ်ပရိတ်သတ်တွေအနေနဲ့ အတိတ်ကိုမေ့ပစ်ဖို့ အဘွန်လဟော်က တိုက်တွန်းလာပါတယ်။
“ အမ်မရီကအလုပ်မဖြစ်ခဲ့ပါဘူး။ သူအခုအောင်မြင်နေတာမှန်ပါတယ်၊ ဒါပေမယ့် အာဆင်နယ်အနေနဲ့ အာတီတာလုပ်နေတာတွေကို ထောက်ခံအားပေးပြီးရှေ့ဆက်ရပါလိမ့်မယ်။ သူက ကစားပုံတစ်ခုကိုတည်ဆောက်နေတယ် ၊ လူငယ်တွေကိုနေရာပေးတယ် ၊ နွေရာသီမှာတိုက်စစ်မှုးတစ်ယောက်ရောက်လာဖို့တော့လိုတာပေါ့ .. အမ်မရီကိုမေ့လိုက်ပါ ၊ ဗီလာရီးရဲနဲ့အာဆင်နယ်အခြေအနေမတူပါဘူး .. သူအာဆင်နယ်မှာရှိတုန်းကလဲ ပရိတ်သတ်တွေက ထွက်ခွာသွားဖို့ မစောင့်နိုင်အောင်ဖြစ်ခဲ့ကြတာမဟုတ်လား “ လို့ဆိုခဲ့တာဖြစ်ပါတယ်။
