ရှာခါရဲ့ကတိစကားမှာ ပရိတ်သတ်တိုင်းပျော်နိုင်ကြရဲ့လား

ဂရန်းနစ်ရှာခါက  အောင်မြင်မှုတစုံတရာမရရှိမခြင်း အာဆင်နယ်ကနေမထွက်သွားဘူးလို့ ကြွေးကျော်လာချိန်မှာ အရေအတွက်မနဲလှတဲ့  အာဆင်နယ်ပရိတ်သတ် ရုတ်တရက်ဇောချွေးပြန်သွားခဲ့ရပါတယ်။ 

ရှာခါဟာ အချို့ပွဲတွေမှာ သိပ်ထူးခြားတဲ့ကစားသမားဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ရွပ်ရွပ်ချွံချွံကစားသလို  ၊ တခါတရံမှာလည်း အာဆင်နယ်အသင်းဖက်က ကစားရ​င်း အခြားအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်တတ်သူဖြစ်ပါတယ်။ ဒီဆွစ်ဇာလန်သားဟာ အခုရာသီမှာ အဓိက ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်  အဆိုးအကောင်းရောပြွန်းလွန်းတာကတော့ ပြသနာဖြစ်ပါတယ်။  သူရဲ့ ပေးပို့မှုတွေ ၊ ရဲရဲတင်းတင်းကစားမှုတွေနဲ့အတူ  အဓိပ္ပါယ်မဲ့ဖျက်ထုတ်မှုတွေကလည်း အနီကတ်တွေကို ယူဆောင်လာစေပါတယ်။ အခုတော့ သူက အောင်မြင်မှုတစ်စုံတစ်ရာကိ ရရှိမှ အာဆင်နယ်က ထွက်ဖို့စဥ်းစားမယ့်ပုံပြောလာပါတယ်။   ဒီစကားဟာ  ရှာခါရဲ့ ပြုလုပ်နေဆဲအမှားတွေနဲ့  ကပ္ပတိန်ဖြစ်ခဲ့စဥ်  ၂၀၁၉ ခုနှစ်တုန်းက ကိစ္စတွေကို အခဲမကျေကြသေးတဲ့ပရိတ်သတ်တွေအတွက်တော့  လန့်ဖျန့်သွားစေတဲ့ သတင်းစကားဖြစ်ပါတယ်။

ရှာခါကတော့ အသင်းကို ၁၀၀ %​ ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်း ၊   ကြီးမားတဲ့အောင်မြင်မှုတစုံတရာ မရရှိမခြင်း အသင်းကနေ ထွက်ခွာမှာမဟုတ်ကြောင်းအခုလို ပြောလာခဲ့တာပါ။

“  ပရိတ်သတ်တွေနဲ့ ကွင်းပြင်ပမှာ ပိုပြီးတော့  ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ချင်မိတယ်ဗျာ ..  သူတို့နဲ့နီးစပ်ချင်တယ်.. အရင်ကလဲတစ်ခါမှ မဆုံဖူးသေးဘူး.  စကားလဲမပြောဖူးဘူး။ သူတို့က  ကျွန်တော်တို့ဘောလုံးကစားတဲ့အခါမြင်ရတယ်။  မိနစ် ၉၀ ပြီးရင် နှုတ်ဆက်ပြီးပြန်သွားကြတယ် .. ကျွန်တော်တို့တွေ ဘယ်လိုလေ့ကျင့်ကြတယ် .. ဘာတွေခံစားနေရတယ် .. မိသားစုဘဝမှာ ဘယ်လိုကိစ္စတွေရှိတယ် .. စသည်ဖြင့်သူတို့တွေမသိတာအများကြီးရှိနေပါသေးတယ် “ လို့ပြောဆိုပြီး ပရိတ်သတ်တွေနဲ့ရင်းနှီးချင်တဲ့ ဆန္ဒကို The Players Tribune အစီအစဥ်ကို ထုတ်ပြောလာတာပါ။

ဆက်လက်ပြီး အသင်းနဲ့သူ့ကြားမှာ စာချုပ်သက်တမ်းက  ၂ နှစ်ရှိသေးကြောင်း ၊  သူ့အနေနဲ့အသင်းနဲ့အတူအောင်မြင်မှုတွေရပြီးမှသာ ထွက်ခွာဖို့စဥ်းစားမှာဖြစ်ကြောင်း ကို ထပ်လောင်းပြောကြားသွားခဲ့တာပါ။

ဒါပေမယ့်  ရှာခါရဲ့ အခြေအနေကို အစအဆုံးသုံးသပ်မိကြတဲ့ပရိတ်သတ်တွေကတော့ နောက်ထပ်ရာသီတွေမှာ သူ့ကို အဓိက ကစားသမားအဖြစ်မြင်ရမယ့်အပေါ်ထိတ်လန့်နေကြတာဖြစ်ပါတယ်။

မိတ်ဆွေရော ချွေးပြန်တဲ့ ပရိတ်သတ်ထဲမှာ ပါနေပါသလား?

Original Article Here

Leave a Reply

%d bloggers like this: