ယာအိုဖီးလစ်ကို ခေါ်ယူနိုင်ချေအလားအလာ

အာဆင်နယ်အသင်းဟာ လာမယ့် နွေအပြောင်းအရွေ့ကာလရောက်ရင် တိုက်စစ်မှုး နှစ်ဦးလောက်ထိ ခေါ်ယူရမယ့်အသင်း ဖြစ်နေ​တာကြောင့် စျေးကွက်ထဲမှာရှိသမျှတိုက်စစ်မှုးတိုင်းနီးပါးနဲ့ကို ကောလဟာလတွေ ထွက်ပေါ်နေခဲ့တာပါ။ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှုးလေး ဖီးလစ်ဟာ အာဆင်နယ်ရဲ့ ခေါ်ယူနိုင်ချေရှိတဲ့ ကစားသမားတွေစာရင်းမှာ ပါဝင်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဒီလို A Class ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ဖို့ဆို အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားဖို့တော့ လိုအပ်နေပါတယ်။

နာမည်ကျော် ဘောလုံးမီဒီယာ GOAL ရဲ့ အဆိုအရ အကယ်၍ အက်သလက်တီကိုသာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် အေးဂျင့်ဂျော့ဂျ်မန်ဒက်စ်က ဖီးလစ်အတွက် အထုပ်အပိုးပြင်ပြီး အသင်းသစ်ရှာပေးသွားတော့မှာပါ။ ​လက်ရှိအချိန်မှာ အက်သလက်တီကိုဟာ ချန်ပီယံလိဂ်ဝင်ခွင့်၊ လာလီဂါအဆင့်လေး နေရာအတွက် ရီးရဲဘက်တစ်၊ ရီးရဲဆိုဆီဒက် တို့နဲ့ အကြိတ်အနယ် ယှဥ်ပြိုင်နေရပါတယ်။

အာဆင်နယ်အသင်းကလည်း ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တော့တင်ဟမ်ဟော့စပါးနဲ့ သူတင်ကိုယ်တင် ယှဥ်နေရပါသေးတယ်။ စပိန်သတင်းစာ El Chringuito ရဲ့ အဆိုအရ ဒီယေဂိုဆီမြွန်နီဟာ ယာအိုဖီးလစ်နေရာကို ဗလင်စီယာက ဂွန်ကာလိုဂွီဒက်စ်နဲ့ အစားထိုးဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ဘင်ဖီကာအကယ်ဒမီကနေထွက်ပေါ်လာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်ဆီ ပေါင် ၁၁၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ယာအိုဖီးလစ်ကို တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ့်သူလို့ ဥရောပမီဒီယာအများက သမုတ်ခဲ့ကြဖူးပါတယ်။

လက်ရှိအချိန်မှာလည်း အက်သလက်တီကိုနဲ့ ၁၂ပွဲသာ ပွဲထွက်ကစားခွင့် ရထားပေမယ့် ၈ဂိုးသွင်းပြီး ၄ကြိမ် ဂိုးဖန်တီးမှု ပြု​လုပ်ပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ အထူးသဖြင့်အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ပြန်ပေါ်လာပြီးနောက်မှာ ခြေစွမ်းပြလာနိုင်တာဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: