နောက်ဆုံးရ အာဆင်နယ် သတင်းများ (13Apr)

အီတလီကို အပြီးပြောင်းချင်နေတဲ့မာရီ

အူဒီးနီစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ပါဘလိုမာရီက  Gazetta dello Sport နဲ့တွေ့ဆုံရာမှာ  စီးရီးအေအသင်းဆီကို ရာသိကုန်တဲ့အခါ အပြီးသတ်ပြောင်းရွှေ့လိုကြောင်းပြောကြားလာခဲ့ပါတယ်။

“  ကျွန်တော်အီတလီမှာဆက်နေချင်ပါတယ်။ အူဒီးနိစ်မှာလည်း ပျော်ရွင်နေသလို ကလပ်အသင်းကိုလည်းပိုမိုမြင့်မားတဲ့အဆင့်တစ်ခုဆီကိုယူဆောင်သွားချင်ပါတယ်။ အာဆင်နယ်နဲ့ကတော့ စာချုပ်သက်တမ်း  ၂ နှစ်ကျန်နေပါသေးတယ် “  လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းဌာနဆီက ဂါဘရီယယ်ရဲ့ရောင်းစျေးဖော်ပြချက်ကို  ဗြိတိန်အားကစား Website အချို့တုန့်ပြန်

အာဆင်နယ်အသင်းရဲ့နောက်ခံလူဂါဘရီယယ်ကို ပေါင် ၃၃.၃ သန်းခန်နဲ့ခေါ်ယူဖို့အတွက်  ဘာစီလိုနာအနေနဲ့က အခက်အခဲရှိနေတယ်လို့ စပိန်သတင်းစာ Sports ကရေးသားလာပါတယ်။ အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့လှုပ်ရှားဖို့ငွေမရှိဘူးလို့လဲဖော်ပြထားပါတယ်။ သို့သော် လန်ဒန်အခြေစိုက်အားကစား Website များကတော့  အဆိုပါစျေးနှုန်းနဲ့ရောင်းချပါက အာဆင်နယ်တို့ ဝေဖန်မှုများစွာကိုရင်ဆိုင်ရမှာဖြစ်လို့   ဖြစ်နိုင်ချေလုံးဝမရှိတဲ့အချက်  အဖြစ် The Boot Room အပါအဝင်အချို့ Website များကပြန်လည်ရေးသားနေကြပါတယ်။

လီနိုဆိုဆာပါဝင်လာတဲ့ အာဆင်နယ်လူငယ်စာရင်း

အာတီတာဟာ စနေနေ့မှာရင်ဆိုင်ရမယ့် ဆောက်သမ်တန်တဲ့ပွဲအတွက် လူငယ်ကစားသမား ၅ ဦးအထိ အသင်းကြီးနဲ့ခေါ်ယူလေ့ကျင့်ပေးလျှက်ရှိပါတယ်။  အဆိုပါကစားသမားများကတော့  အိုဂန်ဘို ၊  ပါတီနို ၊ အဇီး ၊ လီနိုဆိုဆာနဲ့ ဖလိုရက်စ်တို့ပဲဖြစ်ပါတယ်။  လီနိုဆိုဆာကတော့အသင်းကိုရောက်ရှိလာတာမကြာသေးပေမယ့် ခြေစွမ်းပြနိုင်တာဖြစ်လို့ အခုလိုလျင်လျင်မြန်မြန်ခေါ်ယူလာတာဖြစ်ပါတယ်။ ပရိတ်သတ်အများစုကတော့ ဘယ်ခြမ်းခံစစ်မှာဆိုဆာကို မြင်လိုနေကြတာဖြစ်ပါတယ်။

အမ်မရီရဲ့အောင်မြင်မှုအတွက် ပရိတ်သတ်တွေကို  ဘောလုံးကျွမ်းကျင်သူက နောက်ပြောင်

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုအတွက်  ဘောလုံးပွဲတင်ဆက်သူနဲ့ ကစားသမားဟောင်း ခရစ္စဆပ်တန်က အာဆင်နယ်ပရိတ်သတ်တွေကို  ဆိုရှယ်မီဒီယာမှဆင့် စနောက်လာခဲ့ပါတယ်။  “  အာဆင်နယ်ပရိတ်သတ်တွေက  အမ်မရီကို မကြိုက်ခဲ့ကြဘူး “  လို့ရေးသားသွားခဲ့တာဖြစ်ပြီး  အသင်းနဲ့အတူရှိစဥ်က ထုတ်ပယ်ဖို့ ဖိအားပေးကြတာကို ပြန်လည်ထောက်ပြခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်မှာအခွင့်အရေးရှိနေဆဲလို့ မာဆင်ယုံကြည်

အာဆင်နယ်ဂန္တဝင် ပေါလ်မာဆင်ကတော့ သူ့ရဲ့အသင်းဟောင်းဟာ အဆင့် ၄ အတွက် အခွင့်အရေးရှိနေဆဲဖြစ်ကြောင်း Sky Sports နဲ့တွေ့ဆုံရာမှာပြောကြားသွားခဲ့ပါတယ်။  “  အာဆင်နယ်မှာအခွင့်အရေးရှိနေတယ်လို့ ခံစားနေရတုန်းပါပဲ ..  သူတို့ကစပါး ၊ ချဲလ်ဆီးတို့နဲ့ကစားဖို့ရှိနေပါသေးတယ် .. ဒီပွဲတွေမှာ သူတို့က ခြားနားအောင်ကစားပြမှာပါ။  ချဲလ်ဆီးကလဲ စိန့်ကိုအနိုင်ယူပြပြီးသူတို့အလုပ်သူတို့ကောင်းအောင်လုပ်ထားဆဲပါ..  ကျွန်တော့်အနေနဲ့ကတော့ အာဆင်နယ်လူငယ်တွေဟာ ဆက်ပြီးရုန်းကန်စရာပွဲတွေမှာအကောင်းဆုံးကစားသွားရမှာဖြစ်ပါတယ် .. “ လို့ပြောဆိုလာတာဖြစ်ပြီး  ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တာကနေလည်း တွန်းကန်အားတစ်ခုဖြစ်လာမယ်လို့ ယူဆနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: