နောက်ဆုံးရ အာဆင်နယ် သတင်းများ (12Apr)

လာကာဇက်က အစထဲက ဝင်မကစားသင့်ဘူးလို့  နာမည်ကျော် ဂျာနယ်လစ်ပြောကြား

ဝေဖန်မှုတွေကို ဆက်တိုက်ရရှိနေတဲ့ တိုက်စစ်မှုးလာကာဇက်အတွက်  ဂျာနယ်လစ် ချားလ်ဝက်စ်ကပါ မှတ်ချက်တစ်ခုထပ်မံပြုလုပ်လာပါတယ်။ Goal ရဲ့ သတင်းထောက်က ပြင်သစ်သားဟာ အာဆင်နယ်မှာ ဝင်မကစားသင့်တဲ့သူဖြစ်ကြောင်းအခုလိုပဲပြောလာပါတယ်။

“ လာကာဇက်က ကုန်သွားပြီဗျ .. သူ့ဆီကနေ ဘာမှကိုမရနိုင်တော့တာ။ တစ်ပွဲလုံးကစားပြီး ပေးပို့မှု ၈ ကြိမ်ပြုလုပ်တယ်ဆိုတာ သိပ်ကိုအံ့အားသင့်စရာကောင်းလွန်းပါတယ် “ ဆိုပြီးသူ့ရဲ့ ကိုယ်ပိုင် Youtube Channel မှတဆင့်ပြောကြားလာတာဖြစ်ပါတယ်။

ဘစ်ဆူးမားအတွက် လီဗာပူးလ်နဲ့ အာဆင်နယ်ပြိုင်ရမယ်

စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ  အာဆင်နယ်နဲ့လီဗာပူးလ်တို့ဟာ  ဘရိုက်တန်ကွင်းလယ်က  ဘစ်ဆူးမားကို စိတ်ဝင်စားတဲ့နေရာမှာ အပြိုင်ဖြစ်နေကြတယ်လို့ ရေးသားလာပါတယ်။  အာဆင်နယ်တို့ဟာ ရေရှည်မှာ ပါတေး တစ်ယောက်ထဲနဲ့သွားလို့မရတာ သေချာနေတာမို့ ကွင်းလယ်ကစားသမားသစ်တစ်ယောက်မဖြစ်မနေခေါ်ယူရမှာဖြစ်ပြီး  ဘစ်ဆူးမားကလည်း ပစ်မှတ်စာရင်းထဲပါဝင်နေတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့သတင်းကြီးတဲ့ ကစားသမားနေရာအတွက် ဗီလာအသင်းအစားထိုးဖို့ ကစားသမားစတင်ရှာဖွေ

အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်နဲ့ သတင်းကြီးနေတဲ့ ဒေါက်ဂလပ်လူးဝစ်ရဲ့နေရာအတွက် ကြိုတင်ပြင်ဆင်မှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။  ပါတေးနေရာကို အစားထိုးဖို့အတွက် လျာထားခံရတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့  ဒေါက်ဂလပ်လူးဝစ်ထွက်ခွာသွားပါက  လိဒ်ရဲ့ ဖီးလစ် ၊ ဘရိုက်တန်ရဲ့ ဘစ်ဆူးမားတို့နဲ့ပြန်ပြီးအစားထိုးဖို့ပြင်ဆင်ထားတာဖြစ်ကြောင်း သတင်းများကဖော်ပြနေကြပါတယ်။

သူ့ကိုအရူးလုပ်ခဲ့တဲ့ ကွင်းလယ်လူအကြောင်း ဆာကာ ပြန်ပြောပြလာ

အာဆင်နယ်လူငယ်လေးဆာကာက ဘာစီလိုနာအသင်းရဲ့ ဆာဂျီယိုဘူးစကွက်စ်နဲ့ရင်ဆိုင်ရစဥ်က အတွေ့အကြုံကို GQ မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ အခုလိုပဲ ပြန်ပြောင်းပြောပြလာခဲ့ပါတယ်။

“ ဘူးစကွက်စ် က ကျွန်တော့်ကို ကောင်းကောင်းကြီးပညာပြခဲ့တာဗျ .. ၂၀၁၉ ခုနှစ်ရာသီကြိုပွဲစဥ်တွေတုန်းကပေါ့ဗျာ .. ကျွန်တော်က သူ့ကို ဖိအားပေးဖို့ကြိုးစားတာ ..  တဖက်ကို အယောက်ပြပြီး တဖက်ကနေ ဘောလုံးဝင်လုမယ်ပေါ့ .. နောက်တော့ ကျွန်တော်ပဲ အရှက်ကွဲပြီး ကို့ယိုးကားယားကျန်ခဲ့တာပါပဲ။ သူ့က တကယ့်ထိပ်တန်းပါပဲ  “  လို့ ပြန်ပြောပြလာတာဖြစ်ပါတယ်။

အာဆင်နယ်ပရိတ်သတ်တွေကို ကူညီပေးဖို့ကြိုးစားမှာဖြစ်ကြောင်း ဘရိုက်တန်ကစားသမားက ကတိပေး

ဘရိုက်တန်အသင်းကစားသမားမွေပူး က အာဆင်နယ်ပရိတ်သတ်တွေကိုရည်ရွယ်ပြီး  ၊  စပါးအသင်းကိုလည်းအနိုင်ကစားပေးမယ်လို့ ကတိပြုပြောကြားလာပါတယ်။

“ ပုံမှန်အားဖြင့် ကျွန်တော်တို့က ကိုယ့်ပန်းတိုင်ကိုယ်ပဲ အာရုံစိုက်ကြတာပါ။ ဒါပေမယ့် အာဆင်နယ်ပရိတ်သတ်တွေကို ကျွန်တော်ကတိပေးပါတယ်။ စပါးနဲ့ပွဲမှာရလဒ်ကောင်းတစ်ခုကို ရယူဖို့ ထပ်ပြီးကြိုးစားပါ့မယ်။ ဒါက သူတို့အတွက် ပျော်စရာတစုံတခု ဖြစ်လာမှာပါ “ ဆိုပြီး Daily Mail သတင်းစာနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: