ကျောနံပါတ် ၉ နေရာအတွက် ဆက်ဆူအိုလိုတိုက်စစ်မှုးကို ဆွေးနွေးချဥ်းကပ်နေတဲ့ အာဆင်နယ်



အာဆင်နယ်အသင်းဟာ ဆက်ဆူအိုလိုတိုက်စစ်မှုးဖြစ်သူ အီတာလျံသား ဂျီယန်လူကာစကမ်မက်ဆာ ကို စတင်ချဥ်းကပ်နေပြီဖြစ်ပြီး ဆွေးနွေးမှုမှာလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တိုက်စစ်မှုး အလက်ဇန်းဒါးလာကာဇက်နဲ့ အက်ဒီအန်ကတ်တီယား တို့ကို ရာသီကုန်မှာ လက်လွှတ်တော့မယ့် အာဆင်နယ်အသင်းဟာ အခုကတည်းက စျေးကွက်ထဲမှာ တိုက်စစ်မှုးသစ် ရှာဖွေနေတာပဲဖြစ်ပါတယ်။


ဘင်ဖီကာက ဒါဝင်နူနက်ဇ်၊ ဆိုဆီဒက်ရဲ့ အလက်ဇန်းဒါးအီဆက်၊ မာဆေး​ဆိုက်သား ဒိုမီနစ်ကဲဗတ်လီဝင်နဲ့ သရဲနီမားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကို စိတ်ဝင်စားမှုတွေ ပြသခဲ့တဲ့ အာဆင်နယ်အသင်းဟာ ယခုအချိန်မှာတော့ အရပ် ၆ပေ ၅လက်မကျော် ရှိတဲ့ စီးရီးအေ လူငယ်ကစားသမားဖက်ကိုလည်း ခြေဦးလှည့်လာခဲ့ပါပြီ။ (နောက်ဆုံးရသတင်းတွေအရတော့  ရက်ရှ်ဖို့ဒ် နဲ့ ဒိုမိနစ်တို့ကို စာရင်းကနေဖယ်လို့ရပါတယ်)

Calciomercato   အပါအဝင် အီတလီကလာတဲ့ သတင်းတွေအရဆိုရင် အာဆင်နယ်အသင်းဟာ ဆက်ဆူအိုလိုနည်းပြ အလက်ဆီယိုဒီယွန်နစ်ဆီ  ဆီကိုပါ အဆိုပါ တိုက်စစ်မှုးလေးအတွက် ဆက်သွယ်ထားခဲ့ပြီးပြီလို့ သိရပါတယ်။ ဂျီယန်လူကာစကမ်မက်ဆာ ဟာ အသက် ၂၃နှစ်အရွယ်သာ ရှိသေးပြီး ယခုနှစ် လိဂ်ပွဲ ၁၉ပွဲသာ ပွဲထွက်ကစားထားရပေမယ့် ၁၃ဂိုး သွင်းယူပေးထားတဲ့ လူငယ်တိုက်စစ်မှုးတစ်ဦးဖြစ်ပါတယ်။

ဒေါ့မွန်၊ နယူးကာဆယ်တို့ကလည်း အဆိုပါတိုက်စစ်မှုးလေးကို စာချုပ်ချုပ်ဖို့ စိတ်ဝင်စားနေကြပြီး အင်တာမီလန်အသင်းကပါ သူတို့ရဲ့တိုက်စစ်မှုး လော်တာရိုမာတီနက်ဇ်နေရာ အစားထိုးနိုင်ဖို့ စောင့်ကြည့်လျက် ရှိပါတယ်။ PSV အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ဆက်ဆူအိုလိုကို ၂၀၁၇မှာ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှုးလေးဟာ အသင်းနဲ့ ၂၀၂၅ခုနှစ်အထိတော့ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ပရိုဖက်ရှင်နယ်ပွဲပေါင်း ၁၂၆ ပွဲကစားပြီး ၃၉ ဂိုးထိသွင်းယူထားနိုင်တဲ့တိုက်စစ်မှုးဟာ နိုင်ငံအသင်းနဲ့လဲ ၃ ပွဲထိကစားထားပြီးဖြစ်ပါတယ်။

Original Article Here

Leave a Reply

%d bloggers like this: