နောက်ဆုံးရအာဆင်နယ်သတင်းများ (11Apr)

စီဘယ်လော့စ် ရီးရဲကနေထွက်ခွာတော့မယ်

အာဆင်နယ်ကစားသမားဟောင်း ဆီဘယ်လော့စ်ဟာ ဒဏ်ရာမကြာခနရရှိနေခဲ့ပြီး ခြေစွမ်းလည်းမပြနိုင်တာကြောင့် ရာသီကုန်မှာ ရီးရဲအသင်းကနေ ထွက်ခွာရတော့မှာဖြစ်ကြောင်း Daily Cannon က ဖော်ပြလာပါတယ်။ အဆိုပါ စပိန်သားကို  ဗလင်စီယာ ၊ ရိုးမားနဲ့ သူ့ရဲ့အသင်းဟောင်း ဘက်တစ်တို့ကစိတ်ဝင်စားနေတယ်လို့ သိရပြီး အာဆင်နယ်အသင်းရဲ့နာမည်ကတော့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

မာတင်နယ်လီရဲ့ ဂိုးကို စစ်ဆေးတာ ကြာလွန်းတယ်လို့ ဒိုင်လူကြီးဟောင်းပြော

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ်ဟယ်လ်ဆီက  ဘရိုက်တန်နဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မာတင်နယ်လီရဲ့ ဂိုးကို စစ်ဆေးခြင်းကိစ္စမှာ အချိန်အများကြီးယူခဲ့တဲ့အပေါ် ဝေဖန်လာခဲ့ပါတယ်။  VAR ပြန်လည်စစ်ဆေးခြင်းကို အချိန်တစ်ခုအထိသာ ခွင့်ပြုဖို့ ၊ အဖြေမရှင်းမခြင်းကြည့်နေတာအဆင်မပြေကြောင်း  ဟယ်လ်ဆီက ဝေဖန်လာတာဖြစ်ပါတယ်။

ဘာကြောင့် အာဆင်နယ်ကို မယုံကြည်ခဲ့သလဲဆိုတာ ကို ဂယ်ရီနဗီးလ်က ပြောဆိုလာ

ယူနိုက်တက်အသင်းရဲ့ဂန္တဝင် ဂယ်ရီနဗီးလ်က ဘာကြောင့် အာဆင်နယ်ကို မယုံကြည်ရသလဲဆိုတာကို အခုလိုပဲရှင်းပြလာခဲ့ပါတယ်။

“ ကျွန်တော် အမြဲပြောခဲ့ပြီးသားပါ .. အာဆင်နယ်ကို ဘယ်တုန်းကမှမယုံဘူးလို့။  အကြောင်းပြချက်ကတော့ သူတို့သက်သေပြရဦးမယ်ဗျာ .. အဆင့် ၄ နဲ့ညီမျှတဲ့အရာကို ပြသရမယ်။ ကျွန်တော့်အထင်  စပါးအသင်းဟာ လွန်ခဲ့တဲ့နှစ်အနဲငယ်အတွင်း ချန်ပီံယံလိဂ်နဲ့ညီမျှတဲ့အဆင့်အတန်းကို ပြသထားနိုင်သလို အတွေ့အကြုံလဲရှိပြီးသားပါ …  “ ဆိုပြီး အာဆင်နယ်အသင်းရဲ့တည်ဆောက်ဖို့လိုသေးတဲ့အခြေအနေကို မီးမောင်းထိုးပြလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် U18 ကစားသမားကို ချဲလ်ဆီးဆက်သွယ်လာ

Goal သတင်းဌာနရဲ့ဖော်ပြချက်အရ   ချဲလ်ဆီးအသင်းဟာ  အာဆင်နယ်လူငယ်လေး ခါယွန်အက်ဒွက်ရဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။  လက်ရှိအချိန်မှာ အခြေအနေတွေရှုတ်ထွေးနေပေမယ့်လည်း  ချဲလ်ဆီးတို့ဟာ  လုပ်ဆောင်စရာတွေကို ပုံမှန်လုပ်ဆောင်နေရင်း အာဆင်နယ်လူငယ်ကိုလည်းဆက်သွယ်လာတာဖြစ်ပါတယ်။ ဆာကာလက်သစ် လို့နာမည်ရနေတဲ့ အက်ဒွက်ဟာ  ယခုရာသီမှာ U18 အသင်းနဲ့ ၁၆ ပွဲကစားပြီး  ၁၆ ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

တိုက်စစ်မှုးမဖြည့်မချင်း အာဆင်နယ်အသင်း ဘာမှဖြစ်လာမှမဟုတ်ဘူးလို့ ဝေဖန်ခံရ

အက်စတွန်ဗီလာတိုက်စစ်မှုးဟောင်းဖြစ်တဲ့  ကက်စ်ကာရီနိုက အဓိက ကျတဲ့ တိုက်စစ်မှုးဖြည့်တင်းခြင်းကိုမလုပ်ဆောင်နိုင်ပါက  အာဆင်နယ်အသင်းအနေနဲ့ ဘယ်အဆင့်ကိုမှ တက်လှမ်းနိုင်မှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။  တိုက်စစ်မှုးလာကာဇက်ရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်းအားကို အဓိက ထောက်ပြသွားပြီး  အာဆင်နယ်တို့ အနေနဲ့ ကစားသမားသစ်ဖြည့်တင်းဖို့အရေးကြီးတယ်လို့  ကစားသမားဟောင်းကြီးက ပြောဆိုလာတာပါ။

Leave a Reply

%d bloggers like this: