နောက်ဆုံးရအာဆင်နယ်သတင်းများ (10Apr)

VAR ပြန်စစ်ချိန်က လိုအပ်တာထက်ပိုကြာခဲ့ကြောင်း ဂရေဟမ်ပေါ်တာ ထောက်ခံ

ပထမပိုင်းပြီးခါနီးမှာ မာတင်နယ်လီသွင်းယူခဲ့တဲ့ဂိုးကို ပြန်လည်စစ်ဆေးချိန်ဟာ တော်တော်လေးကြာမြင့်ခဲ့ကြောင်း ဘရိုက်တန်နည်းပြပေါ်တာကလည်း မှတ်ချက်ပေးလာခဲ့ပါတယ်။

“ အရိုးသားဆုံးပြောရရင်  အချိန်တိုတိုအတွင်းမှာပဲ ပြီးသွားစေချင်တာပါ ..ဒါပေမယ့် မှန်ကန်တဲ့ဆုံးဖြတ်ချက်လည်းဖြစ်မယ် .. ကျွန်တော်တို့လဲအသာရမယ်ဆိုရင်တော့ ကြိုက်သလောက်သာကြာပါစေ “  လို့ပွဲအပြီးမှာ Sussex Live အစီအစဥ်နဲ့တွေ့ဆုံရာမှာပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို အစီအစဥ်တကျ ခပ်ကြမ်းကြမ်းကစားခဲ့ကြောင်း ဘရိုက်တန်ကစားသမားဖွင့်ဟ

ဘရိုက်တန်အသင်းရဲ့ ဇမ်ဘီယာ ကစားသမား မွေပူ က အာဆင်နယ်အသင်းကစားပုံကို ကြိုခန့်မှန်းနိုင်ခဲ့ကြောင်း​၊ သူတို့အနေနဲ့အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“  ကျွန်တော်တို့ နည်းပြလိုချင်တဲ့ပုံစံကိုလည်း ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ပြီးတော့  ခံစစ်အားပြုပြီး ခပ်ကြမ်းကြမ်းကစားခဲ့ပါတယ်။ အာဆင်နယ်ကစားပုံကိုလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ သူတို့က သိပ်ကောင်းကြပါတယ် .. ကျွန်တာ်တို့ကတော့ ခပ်ကြမ်းကြမ်းတုန့်ပြန်ဖို့ဆုံးဖြတ်ခဲ့ကြပြီး ဒါကနည်းစနစ်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ် “ လို့ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

လာကာဇက်ကို  Rating 2/10 အထိပေးနေကြ

ဘရိုက်တန်နဲ့ပွဲအပြီးမှာ  အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုးလာကာဇက်ကို “ ပါဝင်ကစားခြင်းမရှိတဲ့ကစားသမားအတိုင်း “ ဆိုပြီးမှတ်ချက်တွေပေးနေကြပါတယ်။  Football London  အပါအဝင် ထိပ်တန်းသတင်းဌာနအများစုဟာ ကစားသမားရဲ့ အဆင့်အတန်းဟာ အလွန်ဆိုးရွားနေကြောင်း ၊ ဂိုးမသွင်းနိုင်ရုံတင်မကပဲ အဖက်ဖက်ကစွမ်းဆောင်နိုင်ခြင်းမရှိသူအဖြစ်ပါရေးသားနေကြတာဖြစ်ပါတယ်။  90 Min ကဆိုရင် Ration ကို  2/10 အဖြစ်ပါ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီပိုင်းကို စိတ်ဝင်စားနေတဲ့အာဆင်နယ်

လက်ရှိဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ နယ်သာလန်တောင်ပံလူ ဒီပိုင်းကို  အာဆင်နယ် ၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတွေက လိုချင်နေကြတယ်ဆိုပြီးသတင်းများက ဖော်ပြနေကြပါတယ်။  ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ထင်သလောက်မဖြစ်ခဲ့ပေမယ့် ပြင်သစ်မြေကို ပြောင်းရွေ့အပြီးမှာ ပြန်လည်တောက်ပလာခဲ့သူလည်းဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားတောင်ပံကစားသမားဟာ  အခုရာသီမှာ ဘာကာတို့အတွက် ၁၀ ဂိုးသွင်းယူထားနိုင်သလို ခြေစွမ်းလည်းပြသထားနိုင်ပါတယ်။

အသင်းကြီးတွေက ငွေပုံပေးပြီးကမ်းလှမ်းလာရင် နီဗက်စ်ကို ထိန်းဖို့မလွယ်ကြောင်း ဝုဗ်နည်းပြပြောကြားလာ

ဝုဗ်အသင်းရဲ့ နည်းပြ ဘရူနိုလေ့ဂျ် က  အာဆင်နယ်ပစ်မှတ်ဖြစ်တဲ့ သူ့အသင်းရဲ့ ကစားသမား နီဗက်စ်ဟာ  သန်း ၁၀၀ လောက်တန်တဲ့သူဖြစ်ပြီး ၊ အသင်းကြီးတွေကသာ ခေါ်ယူလိုတယ်ဆိုရင် တားဖို့ခက်ကြောင်းပြောပြလာပါတယ်။

“ သူကစားနေတာက အမြဲတန်းပိုပြီးကောင်းလာနေပါတယ်။  အသင်းကိုလည်း ပိုပြီးမြင့်မားတဲ့အဆင့်ကိုဆွဲတင်ပေးနိုင်ပါတယ်။  အသင်းတစ်သင်းအနေနဲ့ သူ့လိုကစားသမားမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင် လစာအများကြီးပေးပြီး ကာလရှည်စာချုပ်တစ်ရပ်ချုပ်ဆိုထားလိုက်တာ ပိုကောင်းပါတယ် .. ဒါပေမယ့် သူ့လိုကစားသမားမျိုးကို ခံစားခွင့်တွေအများကြီးပေးပြီး အသင်းကြီးတွေက ခေါ်ယူချင်နေတဲ့အခါ ဘာဆက်ဖြစ်မလဲကို ဘယ်သူသိနိုင်မလဲ “ ဆိုပြီး ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: