အနိမ့်အမြင့်တွေကြားထဲမှာ သူ့ကိုပိုကောင်းလာအောင်ကူညီရမှာ ကျွန်တော့်အလုပ်ပါ – အာတီတာ

ဆက်တိုက်ဆိုသလို ဝေဖန်မှုတွေကို ရရှိနေပြီး ကိုယ်တိုင်လဲစိတ်ညစ်နေပုံရတဲ့  လူငယ်ကစားသမား တာဗာရက်စ်နဲ့ပတ်သတ်ပြီး  နည်းပြအာတီတာကိုယ်တိုင်က သူ့ရဲ့မှတ်ချက်ကို ဖွင့်ဟလာခဲ့ပါတယ်။  ပေါ်တူဂီနောက်ခံလူဟာ ကာလရှည်ကြာပွဲတွေနဲ့ဝေးနေရာကနေပြီး  တီယာနေ ဒဏ်ရာ ရနေချိန်မှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ၄၅ မိနစ်မှာပဲ မာတင်နယ်လီနဲ့ လူစားလဲခံခဲ့ရပါတယ်။  အဲ့ဒီနောက်မှာတော့  သူနဲ့ပတ်သတ်တဲ့ အငြင်းပွားမှုပေါင်းများစွာထွက်ပေါ်လာခဲ့ပြီးနောက်  အာတီတာက အခုလိုပြောခဲ့တာပါ။

“  အသက်မွေးဝမ်းကြောင်း ပညာရပ်တိုင်းမှာ ခက်ခဲတဲ့အချိန်ဆိုတာရှိပါတယ်။  တာဗာရက်စ်မှာ ကောင်းမွန်တဲ့အချိန်တွေရှိခဲ့ပြီးပါပြီ။  သူမှန်းထားခဲ့တာထက်ပိုပြီးလည်း အချိန်များများကစားထားပြီးသားပါ။  ဘောလုံးသမားတစ်ယောက်ရဲ့ ဘဝဆိုတာ ဒါပါပဲ အထူးသဖြင့် သူ့လိုအသက်အရွယ်မှာဖြစ်ပါတယ်။  အတက်အကျ အနိမ့်အမြင့်တွေထဲမှာ သူ့ကို ကိုပိုကောင်းလာအောင်ကူညီဖို့အတွက် ကျွန်တော်တို့ရှိနေပါတယ် .. ဒါက ကျွန်တော်တို့ရဲ့ တာဝန်လဲဖြစ်ပါတယ်။

“ သူကအသင့်ရှိနေပါတယ် .. စိတ်ဓါတ်လည်း ပြင်းပျတဲ့သူပါ .. သူလဲအခုအခြေအနေကိုစိတ်ညစ်နေမှာပါ ..   ဒါပေမယ့် ကျွန်တော့်ဖက်ကလည်း အသင်းအတွက်ရွေးချယ်ရမယ့်အရာကိုပဲ အကောင်းဆုံးရွေးချယ်ရမှာပါ .. ခံစားချက်တွေကိုဘေးဖယ်ထားရမှာပါပဲ “  လို့  Arsenal Media နဲ့တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

တာဗာရက်စ် အနေနဲ့ သူ့ရဲ့အားနဲခဲ့တဲ့စွမ်းဆောင်ရည်ကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ခွင့်မရမှာကိုလဲ စိုးရိမ်ကောင်းစိုးရိမ်နေပါလိမ့်မယ် ..  အာတီတာကလည်း နည်းပြဖြစ်တဲ့အခါ သူ့ကို ထည့်ပြီး ကစားလို့ဖြစ်လာနိုင်တဲ့အခြေအနေတွေကို တွက်ဆရပါတယ် .. အထူးသဖြင့်အခုလို ရွေးချယ်စရာနဲပါးနေချိန်မှာဖြစ်ပါတယ်။  တာဗာရက်စ်သာ ၂၀၂၁ ခုနှစ်တုန်းကလို ခြေစွမ်းမျိုးရခဲ့တယ်ဆိုရင်တော့ အသင်းရဲ့ အဆင် ၄ ရည်မှန်းချက်အတွက်သိပ်ကောင်းတဲ့ကိစ္စပါပဲ။​ ဒါပေမယ့်  ခံစစ်ပိုင်းမှာအားနဲနေတဲ့ပုံစံနဲ့ကတာ့ အသင်းအတွက် သိပ်ကိုအန္တရာယ်များပါတယ်။ ဒီတော့ သီးခြား တာဝန်တစ်ခုပေးထားတာပိုကောင်းမယ်ယူဆရတာပါပဲ။ အာတီတာလည်းတွေးထားမယ်ထင်ပါတယ်။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: