ပွဲထွက်ခွင့်ရတုန်းက သူအစွမ်းပြနိုင်ခဲ့ပါတယ် – ကင်းဘဲလ်

အာဆင်နယ်ကစားသမားဟောင်းဖြစ်သူ ကီဗင်ကမ်းဘဲလ်က လတ်တလောမှာ တာဗာရက်စ်ခြေစွမ်းမပြနိုင်ခြင်းဟာ ပွဲကစားခွင့်မိနစ်တွေ နည်းပါးနေတာကြောင့် ဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။ 

ပေါ်တူဂီလူငယ်လက်ရွေးစင်ကစားသမားလေးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ တီယာနေးလ်အစား ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာတော့ အာတီတာရဲ့ လူစားလဲခြင်းကို ခံခဲ့ရပါတယ်။ 

အာတီတာက တီယာနေးလ်ရဲ့ အရန်အဖြစ် ပြီးခဲ့တဲ့နွေရာသီမှာ တာဗာရက်စ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ တာဗာရက်စ်ဟာ ရုန်းကန်နေခဲ့ရတာ တွေ့ရပါတယ်။ ဇန်နဝါရီမှာ ယှဉ်ပြိုင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့တဲ့ FA Cupပွဲစဉ်မှာလည်း တာဗာရက်စ်ဟာ ပထမပိုင်း ၃၉မိနစ်မှာပဲ လူစားလဲ ခံခဲ့ရသလို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲစဉ်မှာလည်း ပထမပိုင်းအပြီးမှာတော့ လူစားလဲခံခဲ့ရပါတယ်။ 

တာဗာရက်စ်ဟာ အသင်းအတွက် တောက်လျှောက် ပွဲထွက်ခွင့်ရခဲ့စဉ်က ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး လက်ရှိမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဟာ ပွဲထွက်လူစာရင်းမှာ သူ့ကို အချိန်အကြာပြီး အသုံးမပြုဘဲ ထားခဲ့တာကြောင့်ဖြစ်တယ်လို့ ကမ်းဘဲလ်က ဆိုပါတယ်။ 

Football insiderနဲ့တွေ့ဆုံမှုမှာတော့ ကမ်းဘဲလ်က တာဗာရက်စ်နဲ့ ပတ်သက်ပြီး သူရဲ့အမြင်ကို ခုလိုပဲ ဆိုပါတယ်။ 

တီယာနေးလ်က အမြဲတမ်း နံပါတ်တစ်ဦးစားပေး ဖြစ်နေခဲ့တဲ့အတွက် တာဗာရက်စ်က ပွဲချိန်တွေအများကြီး မကစားပဲ နေခဲ့ရတာ ဖြစ်ပါတယ်။သူပုံမှန် ပွဲထွက်ခွင့် ရတုန်းကဆို တာဗာရက်စ်ဟာ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ်တွေမှာတော့ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို တည်ဆောက်ဖို့အတွက် အခွင့်အရေးမရခဲ့ပါဘူး” 

ဆက်လက်ပြီး ပရိတ်သတ်တွေအနေနဲ့သူ့ကို အားပေးရမှာဖြစ်ကြောင်း ၊ အခြေအနေမတည်ငြိမ်ခင်မှာ လူငယ်တစ်ယောက် ကျရှုံးသွားမှာကို မမြင်ချင်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။ စနေ‌နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ အာတီတာအနေနဲ့ တာဗာရက်စ်က်ု ဆက်ပြီး အသုံးပြုမလား ၊ဒါမှမဟုတ် နည်းဗျူဟာ အပြောင်းအလဲတစ်ခုခု လုပ်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။

Leave a Reply

%d bloggers like this: