အက်ရှ်လေးကိုးလ်ကို ချဲလ်ဆီးထံရောင်းချခဲ့တာဟာ အမှားတစ်ခုဖြစ်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ အာဆင်ဝင်းဂါး

၂၀၀၆ခုနစ်မှာ အာဆင်နယ်အသင်းက အက်ရှ်လေကိုးလ်ကို ချဲလ်ဆီးအသင်းထံရောင်းချခဲ့တာဟာ အမှားတစ်ခုဖြစ်ခဲ့တယ်လို့ အာဆင်၀င်ဂါးက မကြာသေးခင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံးမေးမြန်းခန်းတစ်ခုမှာ ၀န်ခံခဲ့ပါတယ်။ 

အက်ရှ်လေးကိုးလ်ဟာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသက်၁၈နှစ်အရွယ်မှာတင် အသင်းနဲ့အတူ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အင်္ဂလန်‌နောက်ခံလူဟောင်းဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်၊ အက်ဖ်အေဖလားသုံးကြိမ် ရယူနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို သဘောမကျခဲ့တဲ့ ကိုးလ်ဟာ ၂၀၀၆ခုနစ်မှာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အက်ရှ်လေးကိုးလ်ဟာ ငွေကြေးအတွက် မြို့ခံပြိုင်ဘက်ကို ပြောင်းရွှေ့ခဲ့တာဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။ 

ကနဦးမှာ အာဆင်နယ်က ကိုးလ်အတွက် ပြောင်းရွှေ့ကြေး ပေါင်၂၅သန်းတောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝီလီယံ ဂါးလက်စ် + ပေါင်၅သန်းဆိုတဲ့ တန်ကြေးနဲ့ပဲ သဘောတူ ရောင်းချခဲ့ပါတယ်။ 

beIN Sportsနဲ့ တွေ့ဆုံမှုမှာတော့ အာဆင်၀င်းဂါးက အသင်းအနေနဲ့ ကိုးလ်ကို ဆက်ထိန်းသိမ်းထားဖို့ ကြိုးစားခဲ့သင့်တယ်လို့ ၀န်ခံခဲ့ပါတယ်။ 

Advertisements

ပုဂ္ဂိုလ်ရေးအတွေးအမြင်နဲ့ ပြောရရင် အချိန်အများစုမှာပေါ့၊ ကစားသမားအများစုဟာ  ကျွန်တော်တို့နဲ့ ခုနစ်နှစ်၊ ရှစ်နှစ် အတူရှိပြီးမှ ထွက်ခွာသွားကြတာများပါတယ်။ ဖာဘရီဂတ်စ်လိုမျိုး လူငယ်မျိုးဆက်ကို စောစောစီးစီး ဆုံးရှုံးခဲ့ရပြီး ဒါဟာ သဘောကျစရာ မကောင်းလှပါဘူး” 

အက်ရှ်လေကိုးလ်လို ကစားသမားကို ဆုံးရှုံးရတာဟာ ကျွန်တော်တို့ရဲ့ အမှားတစ်ခုလို့ ထင်ပါတယ်၊သူဟာ အသင်းမှာ အသက်၈နှစ်၊ ၉နှစ်လောက်ကတည်းက ကစားနေခဲ့တာပါ” 

ဘာစီလိုနာကနေ ဖာဘရီဂတ်စ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် အချို့အချိန်တွေမှာ သူပြန်သွားချင်ခဲ့တာကို ကျွန်တော်သိပါတယ်။ဒါပေမယ့် ကိုးလ်ကတော့ အာဆင်နယ်ကနေ မွေးဖွားပေးခဲ့တဲ့ ကစားသမားပါ။ ကျွန်တော့်အထင် ပြဿနာက ပေါင်ထောင်ဂဏန်းလေး အနည်းငယ်အပေါ်ကို နားလည်မှုလွဲတာကနေ စတာပါပဲ” 

နောက်ပိုင်းမှာ အေဘရာမိုဗစ်ခ်ျနဲ့ ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ကိုးလ်ဟာ အသင်းကနေ ထွက်ခွာပြီးတဲ့နောက် ပိုပြီးကောင်းလာခဲ့တဲ့ ကစားသမားအနည်းငယ်ထဲမှာ သူလည်းပါ၀င်ပါတယ်။” 

အက်ရှ်လေးကိုးလ်ဟာ အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာလည်း သူရဲ့ခြေစွမ်းတိုးတက်မှုတွေက မရပ်တန့်သွားခဲ့သလို သူတို့ခေတ်အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူလို့ သတ်မှတ်ခံရခဲ့ပါတယ်။ စီရော်နယ်ဒိုကိုယ်တိုင်က အက်ရှ်လေကိုးလ်သာ ဖြတ်ကျော်ရအခက်ဆုံး နောက်ခံလူဖြစ်တယ်လို့ တစ်ချိန်က ၀န်ခံခဲ့ဖူးပါတယ်။

Advertisements

Leave a Reply

%d bloggers like this: