ဒါဟာ ကျွန်တော်တို့အတွက် အရမ်းကို ကြီးမားတဲ့ နိုင်ပွဲတစ်ခုပါ  – အာတီတာ

ဆာကာရဲ့တစ်လုံးတည်း‌သော သွင်းဂိုးနဲ့ အက်စ်တွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အာတီတာဟာ အသင်းရဲ့ရလဒ်နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေခဲ့သလို ကစားသမားတွေကိုလည်း ချီးကျူးခဲ့ပါတယ်။ 

ဒီပွဲစဉ်ဟာ အာဆင်နယ်အတွက် ခက်ခဲမယ်လို့ ခန့်မှန်းခဲ့ကြပြီး မဖြစ်မနေလည်း အနိုင်ယူဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ အာတီတာက အာဆင်နယ်အနေနဲ့ အနိုင်သုံးမှတ်ကို ဗီလာပါ့ခ်ကနေ ရှာဖွေနိုင်ခဲ့တာဟာ အသင်းရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာ အာဆင်နယ်က ပိုကောင်းခဲ့ပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဗီလာရဲ့ချေပဂိုးရဖို့ ကြိုးစားမှုတွေကို နောက်ဆုံးမိနစ်တွေအထိ ကာကွယ်ခဲ့ရပါတယ်။ ကော်တင်ညိုရဲ့ ဖရီးကစ်ကန်ချက်ကို လီနိုကာကွယ်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်လိုက်တော့မှသာ ရင်တမမနဲ့ ကြည့်နေခဲ့ရတဲ့ ပရိသတ်တွေ သက်ပြင်းချနိုင်ခဲ့ပြီး ကစားသမားတွေဟာလည်း ဗီလာပါ့ခ်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 

ဒီပွဲစဉ်ကို အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ဟာ အဆင့် ၅ နေရာက မန်ယူအသင်းထက် တစ်ပွဲလျော့ကစားပြီး ၄မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲစဉ်အပြီး BBC Sports နဲ့တွေ့ဆုံမေးမြန်းမှုမှာတော့ ကစားသမားတွေဟာ အံ့ဩဖို့ကောင်းအောင် အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ အာတီတာက ချီးကျူးခဲ့ပါတယ်။ 

ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲတစ်ခုပါ။ ကစားသမားတွေဟာလည်း တကယ်ကို ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေး‌တွေရလာချိန်မှာ အသုံးမချနိုင်ခဲ့တာကြောင့် ကစားပွဲကို စိတ်ကြိုက်အသုံးမချနိုင်ခဲ့ပါဘူး။ ဒါရဲ့ အကျိုးဆက်ကို ခံစားခဲ့ရပေမယ့်လည်း ဒီပွဲကို အနိုင်ရဖို့ အသင်းသားတွေဟာ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနိုင်ခဲ့ပါတယ်” 

Advertisements

ဗီလာဟာ အရမ်းကိုကောင်းတဲ့ အသင်းဖြစ်ပြီး ဗီလာပါ့ခ်ကို လာကစားတိုင်းလည်း ကျွန်တော်တို့အတွက် အမြဲခက်ခဲခဲ့ပါတယ်။ကစားပွဲမှာ ကျွန်တော်တို့ လုပ်ချင်ခဲ့တဲ့အရာတွေကို လုပ်နိုင်ခဲ့ပြီး ဒီပွဲကိုလည်း အနိုင်ရဖို့ ကျွန်တော်တို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်” 

ပရိသတ်တွေနဲ့ ကစားသမားတွေကြားက ဆက်နွယ်မှုကလည်း တကယ်ကို အံ့ဩဖို့ကောင်းပြီး ယုံကြည်မှုနဲ့ ခွန်အားတွေကို ရရှိခဲ့ပါတယ်။ နောက်ထပ်ဆယ်ပွဲ ကစားရဖို့ ရှိနေပြီး အမှတ်ကွာဟမှု နည်းနည်းလေးပဲရှိတာကို ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ အဓိကကျတဲ့ အချက်ကတော့ ကျွန်တော်တို့ အခု အဆင့်လေးနေရာမှာ ရှိနေပါတယ်” 

ဗီလာနဲ့ ပွဲစဉ်မှာ ရမ်ဒေးလ်ရဲ့ နေရာ ၀င်ကစားခွင့်ရခဲ့တဲ့ လီနိုနဲ့ပတ်သက်ပြီးလည်း အာတီတယက ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ 

သူ့ရဲ့ ကစားသမားဘ၀မှာ ပွဲထွက်ခွင့်တွေ အများကြီးရခဲ့တဲ့ အတွက် ခုလိုပွဲထွက်ခွင့် အများကြီးမရတာဟာ သူ(လီနို)အတွက် ခက်ခဲခဲ့ပါလိမ့်မယ်ဒါပေမယ့် အာရွန်ရမ်ဒေးလ်က သူ့ကိုအားပေးဖို့ အဲ့ဒီမှာရှိနေပါတယ်။ စမစ်ရိုးက ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ပြဿနာလေးတွေ အချို့ရှိခဲ့ပါတယ်။ မနေ့က ပွဲမှာတော့ မိနစ်ကိုးဆယ်အပြည့်ကစားနိုင်ခဲ့ပါတယ် ၊သူဟာ သူကိုယ့်သူ ကောင်းကောင်း စောင့်ရှောက်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်

လက်ရှိအဆင့် ၄ နေရာမှာရှိနေတဲ့အာဆင်နယ်အသင်းဟာ  မန်ယူ ၊ ချဲလ်ဆီး ၊ စပါးအသင်းတို့နဲ့ထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဥ်တွေအပါအဝင် စုစုပေါင်း ၁၀ ပွဲကစားဖို့ ကျန်နေပါသေးတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: