Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (12 Mar)

အိုဒီဂတ်နဲ့ပတ်သတ်ပြီး သူ့အမြင်မှားခဲ့ကြောင်း ပေါလ်မာဆင်ဝန်ခံ

အာဆင်နယ်အသင်းဂန္တဝင် ပေါလ်မာဆင်က မာတင်အိုဒီဂတ်နဲ့ပတ်သတ်တဲ့သူ့ရဲ့အမြင်တွေ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း ဝန်ခံပြောကြားလာပါတယ်။  Sky Sports နဲ့အင်တာဗျူးမှာ မာဆင်က “  အိုဒီဂတ်က အကောင်းဆုံးတွေကို ယူဆောင်လာခဲ့ပါပြီ။  သူကတကယ်ကောင်းမွန်တဲ့ကစားသမားပါ။ စစချင်းတုန်းက အဲ့ဒီလောက်ကစားနိုင်မယ့်သူလို့မထင်ခဲ့မိတာ အမှန်ပါ။  သူက အခြေအနေတွေကို အကောင်းဆုံးသုံးသပ်နိုင်ပြီးလိုအပ်တာတွေကို လုပ်ဆောင်နိုင်တဲ့သူပါ “  လို့မှတ်ချက်ပြုခဲ့ပြီး အရည်အသွေးမြင့်ကစားသမားတစ်ဦးဖြစ်ကြောင်းဝန်ခံသွားခဲ့ပါတယ်။

ပါတေးကို စိတ်ဝင်စားနေတဲ့ ဂျူဗီ

စီးရီးအေကလပ်ဂျုဗင်တပ်စ်ဟာ သောမတ်စ်ပါတေးကို ခေါ်ယူလိုနေတယ်လို့  Tutto Mercato ကဖော်ပြလာပါတယ်။  သို့သော် အိုးလေဒီတို့အနေနဲ့ အာဆင်နယ်ရဲ့ ဂါနာသားကွင်းလယ်လူကို စိတ်ဝင်စားဟန်ပြသနေခဲ့တာကြာပြီဖြစ်သလို   ပြီးခဲ့တဲ့ဆောင်းရာသီတုန်းကလဲ အလဲအထပ်အကြောင်းစကားစခဲ့သေးတယ်လို့ဆိုပါတယ်။ ပါတေးဟာ လတ်တလောမှာ  အာဆင်နယ်ရဲ့ တစ်လအတွင်အကောင်းဆုံးကစားသမားဆုရရှိထားသလို အဓိက ကွင်းလယ်လူတစ်ဦးလဲဖြစ်ပါတယ်။

တိုမီယာစုအတွက် အချိန်စောင့်မယ့် အာတီတာ

နည်းပြအာတီတာက နောက်ခံအစွန်လူ တိုမီယာစုနဲ့ပတ်သတ်ပြီး အလောတကြီးပြန်လည်ကစားဖို့ တွန်းအားပေးမှာမဟုတ်ကြောင်းပြောဆိုလာပါတယ်။

“  လေ့ကျင့်ရေးအစီအစဥ်တွေမှာ သူ့ရဲ့အခြေအနေတည်ငြိမ်ဖို့ အရင်ဆုံးလိုပါတယ်။  ဒါမှာသာ ဒဏ်ရာကြီးထွားသွားနိုင်ချေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒဏ်ရာဖြစ်နေကျ တစ်နေရာထဲမှာပဲ ခနခန နာနေတာဟာ စိန်ခေါ်မှုဖြစ်ပါတယ်။  ဒီလိုအခြေအနေကနေရှောင်လွှဲဖို့ ကျွန်တော်တို့ကြိုးစားရပါမယ်  “ လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

အာဒါဂူလာကို ကမ်းလှမ်းထားတဲ့ အာဆင်နယ်

အသက် ၁၇ နှစ်အရွယ်ကွင်းလယ်ကစားသမားလေး  အာဒါဂူလာကို အာဆင်နယ်အသင်းက ကမ်းလှမ်းထားကြောင်းကစားသမားရဲ့နည်းပြဟောင်းက အတည်ပြုပြောကြားလာပါတယ်။  လက်ရှိဖိနာဘာချီအသင်းရဲ့ ကစားသမားလေးနဲ့ပတ်သတ်ပြီး သူ့ရဲ့နည်းပြဟောင်း တော့ဂိုဇလာက “  အာဒါဟာ တူရကီမှာ အကြာကြီးဆက်ရှိမှာမဟုတ်တော့ပါဘူး။  တစ်ပွဲကစားပြီးတိုင်း သူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေပိုများလာပါတယ်။  အာဆင်နယ်နဲ့ ဘိုင်ယန်တို့ဖက်က ကမ်းလှမ်းမှုတွေရှိထားတာကိုလည်း ကျွန်တော်သိပါတယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။ ဂူလာဟာ  ဖိနာဘာချီစီနီယာအသင်းနဲ့  ၉ ပွဲကစားထားပြီးတဲ့နောက်မှာ  ၃ ကြိမ်ထိ ဖန်တီးပေးထားနိုင်တာလဲဖြစ်ပါတယ်။

ကူလူဆက်စကီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့  Evening Standard ဖော်ပြ

အာဆင်နယ်တို့ဟာ  စပါးအသင်းကို အငှားနဲ့ရောက်ရှိနေတဲ့ ကူလူဆက်စကီ ကိုခေါ်ယူဖို့ကြိုးစားခဲ့ကြောင်း London Evening Standard သတင်းစာကဖော်ပြလာပါတယ်။  အဆိုပါသတင်းရဲ့အဆိုအရ   အာဆင်နယ်အသင်းဟာ ကူလူဆက်စကီကို အငှားနဲ့ခေါ်ယူဖို့ ကနဦးကြိုးပမ်းခဲ့ပေမယ့် ကစားသမားဟာ ကွန်တီနဲ့လက်တွဲလုပ်ကိုင်ဖို့ ပိုမိုအားသန်နေခဲ့တယ်လို့ဆိုပါတယ်။ ကူလူဆက်စကီဟာ စပါးအသင်းအတွက် ပွဲကစား ၊ ၂ ဂိုးသွင်း  ၃ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: