ရမ်းဒေးလ်ကို ထုတ်ဖော်ချီးကျူးလာတဲ့ မာတီနက်စ်
အာဆင်နယ်ဂိုးသမားဟောင်း အီမီမာတီနက်စ်က ရမ်းစ်ဒေးရဲ့ အောင်မြင်မှုတွေအတွက် ကျေနပ်မိကြောင်း Amazon Prime ရဲ့ အစီအစဥ်ကနေတဆင့်အခုလိုပြောကြားလာပါတယ်။
“ သူက အများကြီးဖြတ်သန်းကြိုးစားလာရတာပါ၊ အခုတော့ သူကပွဲတိုင်းကိုကစားနေရပြီဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ တိုက်ပွဲဝင်နေရပါပြီ။ ရမ်းစ်ဒေးလ်က အောင်ပွဲခံတဲ့အခါမှာတောင် စိတ်ကူးတည့်သလိုတွေလွတ်လွတ်လပ်လပ် လုပ်ချင်တိုင်းလုပ်နေတာပါ။ သူက တကယ့်ကိုပဲ အောင်မြင်မှုနဲ့ထိုက်တန်သူပါ “ ဆိုပြီး အဂ်လန်လူငယ်ဂိုးသမားရဲ့ လွတ်လပ်တက်ကြွနေတဲ့ပုံစံကို ချီးကျူးခဲ့ပါတယ်။
လိုကွန်ဂါကို ကွင်းလယ်တစ်နေရာအတွက် မျှော်လင့်ချက်ထားနေတဲ့ အာဆင်နယ်နည်းပြအဖွဲ့
အာဆင်နယ်နည်းပြအဖွဲ့က ဆန်ဘီလိုကွန်ဂါဟာ Number 6 Role မှာ ပါတေးထက်ပိုပြီးသင့်တော်ကောင်းမွန်သူဖြစ်တယ်လို့ ယုံကြည်နေကြကြောင်း The Athletic သတင်းဌာနက ဖော်ပြလာပါတယ်။ ဂါနာလက်ရွေးစင်ကစားသမားပါတေးအနေနဲ့ ရေရှည်မှာ Number 8 လုပ်ဆောင်ချက်တွေကို အမြဲလုပ်ဆောင်နိုင်ဖို့မလွယ်ဘူးလို့ ယူဆနေကြတာကြောင့် လိုကွန်ဂါကို အဆိုပါနေရာအတွက်အလေးထားနေကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ပရီးမီးယားလိဂ်နဲ့သင့်တော်တယ်ဆိုပြီး ဝိုင်းဝန်းရေးသားနေကြတဲ့ အာဆင်နယ်ပစ်မှတ်ဟောင်း
အာဆင်နယ်အသင်းနဲ့ နာမည်ထွက်ခဲ့တဲ့ ဆီဗီးလားတိုက်စစ်မှုး အယ်နာဆရီကို အဂ်လန်ကစားဟန်နဲ့ကိုက်ညီတဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်း Goal က သုံးသပ်ရေးသားလာပါတယ်။ အရပ် ၆ပေ ၂ လက်မ ရှိပြီး ခွန်အားသုံးကစားနိုင်တာကြောင့် ပရီးမီးယားလိဂ်မှာအဆင်ပြေမယ်လို့ သုံးသပ်သူများက ယုံကြည်နေကြတာဖြစ်ပါတယ်။ Planet Sports ရဲ့ ရေးသားချက်အရ အာဆင်နယ်အသင်းအနေနဲ့ အယ်နာဆရီကို ခေါ်ယူလိုပါက ပေါင်သန်း ၄၀ ခန့်နဲ့ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။
မျှော်လင့်ချက်ကနေလာတဲ့ ဖိအားတွေကို ဆာကာ ကောင်းကောင်းနားလည်ထားတယ်လို့ ဆီးမန်းရှင်းပြ
ဂန္တဝင်ကြီးဆီးမန်းက အသင်းရဲ့ လူငယ်ကစားသမားဆာကာနဲ့ပတ်သတ်ပြီး အခုလိုမှတ်ချက်ပြုလာခဲ့ပါတယ်။
“ အားလုံးကတော့ ဆာကာဟာ ဖိအားကင်းစင်စွာနဲ့ ကစားနေတယ်ဆိုပြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်တော့်ကိုယုံပါ။ သူ့မှာ ဖိအားတွေရှိပါတယ်။ ပရိတ်သတ်တွေရဲ့မျှော်လင့်ချက်တွေအကြောင်းကို သူကောင်းကောင်းသိပါတယ်။ အထူးသဖြင့် ယူရိုပြိုင်ပွဲရဲ့ အတွေ့အကြုံတွေကနေ သူကောင်းကောင်းနားလည်နေပါတယ် “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။ ဆာကာဟာ ယူရိုပြိုင်ပွဲမှာ ကစားသမားဘဝတိမ်းစောင်းသွားရလောက်တဲ့အထိ ပရိတ်သတ်အချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
ဂနာဘရီကို ပြန်လာဖို့တောင်းဆိုနေကြတဲ့ ပရိတ်သတ်များ
အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေဟာ အသင်းရဲ့ ကစားသမားဟောင်း ဂနာဘရီကို အသင်းဆီပြန်လာဖို့ ဆိုရှယ်မီဒီယာမှာတောင်းဆိုနေကြတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ အာတီတာရဲ့ အဝယ်စာရင်းမှာတောင်ပံနေရာအတွက်ကစားသမားအချို့လည်းလျာထားကြောင်းသိရပါတယ်။ သတင်းများမှာတော့ နိုအာလန်း ၊ အဆန်ဆီယိုနဲ့ ပင်နိုတို့ကို စိတ်ဝင်စားနေကြတယ်ဆိုတဲ့ အကြောင်းတွေ့နေရပါတယ်။