နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့လမ်းခွဲမှု

မန်ယူဂန္တဝင် ဖာဒီနန်က အူဘာမီယန်ရဲ့ထွက်ခွာမှုက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့လမ်းခွဲမှု လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
 
“ နှစ်ဖက်စလုံးအကျိုးအမြတ်တွေရခဲ့တဲ့ လမ်းခွဲမှုတစ်ခုပါပဲ။ အာတီတာအတွက်လည်း ပိုပြီးကျစ်လစ်တဲ့ ၊ အံ့အားသင့်စရာစွမ်းဆောင်နိုင်တဲ့ လူစာရင်းကိုရရှိခဲ့ပြီး ၊ လက်တွေ့မှာလည်း ရလဒ်တွေကိုမြင်နေရပါတယ်။ သူတို့အသင်းမှာထိလို့မရတဲ့စည်းကမ်းတွေရှိပါလိမ့်မယ်။ ဒါကိုတော့ ကျွန်တော်တို့လဲအသေးစိတ်မသိနိုင်ပါဘူး။
 
အူဘာမီယန်ကလည်း ဂိုးတွေနဲ့အတူပြန်လာနိုင်ခဲ့ပါတယ်။ သူ့ကိုအားပေးမှုတွေပြန်ရလာတယ်။ သူ့ကိုစိတ်ဝင်စားမှုတွေပိုများလာကြတယ်။ နည်းပြကလဲ ယုံကြည်တယ်။ သူ့ရဲ့စွမ်းရည်တွေကိုလဲ အသိအမှတ်ပြုနေပါတယ် “ ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
 
အူဘာမီယန်ဟာ ဘာစီလိုနာအတွက် ၆ ပွဲကစားပြီးချိန်မှာ ဟက်ထရစ်တစ်ကြိမ်အပါအဝင် စုစုပေါင်း ၅ ဂိုးသွင်းပေးထားနိုင်ခဲ့ပါတယ်။
Advertisements
Advertisement

Leave a Reply

%d bloggers like this: