ဘာလိုဂန်က အလားအလာသိပ်ကောင်းတဲ့ကစားသမားဖြစ်ကြောင်း ဝုဒ်ဂိတ်က တော့တင်ဟမ်ဝက်ဘ်ဆိုက်ကို ပြောကြား

ပရီးမီးယားလိဂ်ကစားသမားဟောင်းဖြစ်တဲ့ ဝုဒ်ဂိတ်က မစ်ဒယ်ဘရော့အသင်းမှာအငှားနဲ့သွားရောက်ကစားနေတဲ့ ဘာလိုဂန်ကို နာမည်ထုတ်ဖော်ပြောပြီးချီးကျူးလိုက်ပါတယ်။ တော့တင်ဟမ်အသင်းရဲ့ တရားဝင် ဝဘ်ဆိုက်နဲ့တွေ့ဆုံမေးမြန်းရာမှာ သူက “ အငှားသွားကစားနေကြတဲ့ ဘာလိုဂန်နဲ့ ကွန်နိုလီ​ (​ဘရိုက်တန်) တို့နှစ်ယောက်လုံးက တော်တော်ကောင်းကြပါတယ်။ ပိုပြီးလဲတိုးတက်နေကြသလို တချိန်မှာ အဆင့်တစ်ခုကိုလဲ ရောက်ရှိသွားကြမယ့်သူတွေပါ “ ဆိုပြီးချီးကျူးပြောဆိုသွားခဲ့တာပါ။
ဝုဒ်ဂိတ်ဟာ အဆိုပါမှတ်ချက်ကို FA ဖလားပွဲစဥ်မတိုင်ခင်မှာ ပေးခဲ့တာဖြစ်ပြီး ၊ ပြိုင်ပွဲမှာလည်း မစ်ဒယ်ဘရော့တို့က စပါးကိုအနိုင်ရပြီးနောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။ မိနစ် ၁၂၀ အထိကစားခဲ့ကြရတဲ့ပွဲမှာ ဘာလိုဂန်က ၇၅ မိနစ်မှာလူစားဝင်လာခဲ့ပြီး သင့်တင့်တဲ့ခြေစွမ်းကိုလည်းပြသသွားခဲ့ပါတယ်။
Advertisement

Leave a Reply

%d bloggers like this: