ဒူဘိုင်းမှာ ရာသီ၀က်ပြင်ဆင်မှုခရီးစဉ်အဖြစ် ဖြတ်သန်းခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းဟာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲစလုံးကို အနိုင်ရခဲ့ပါတယ်။ အသင်းရဲ့ရလဒ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲဆိုတာနဲ့ပတ်သက်ပြီး ဆဲဒရစ်ဖြေကြားထားတာကို အာဆင်နယ်အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုဒ်မှာ တင်ပေးထားခဲ့ပြီး ၊ စာဖတ်သူတွေအတွက် ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။
(နဲနဲချင်းစီထုတ်နှုတ်ဖော်ပြမှုတွေရှိခဲ့တာဖြစ်လို့ အချို့အဖြေတွေကိုတော့ ဖတ်ပြီး ၊ သိပြီးသားဖြစ်နေနိုင်ပါတယ်)
“ကျွန်တော်တို့က ကစားပွဲကို အတော်လေးကို ကောင်းကောင်းမွန်မွန်စနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လူတိုင်းတွေ စိတ်ဓာတ်တွေတက်ကြွနေတယ် ၊ဂိုးတွေ သွင်းချင်နေတယ်၊ တစ်ယောက်နဲ့ တစ်ယောက်လည်း ကူညီနေကြပြီး အိမ်ကွင်းမှာ အရမ်းကောင်းတဲ့ ပရိသတ်တွေနဲ့အတူ ကစားခွင့်ရတာ တကယ်ကို မိုက်ပါတယ်။ ဒါက မှန်ကန်တဲ့ စိတ်ဓာတ်ခွန်အားပဲ ဖြစ်ပြီး ပရိသတ်တွေအားလုံးက ကျွန်တော်တို့ရဲ့နောက်မှာ ရှိနေပြီး ဒါကိုလည်း ကျွန်တော်တို့ခံစားခဲ့ရပါတယ်”
“ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲတစ်ခုလိုမျိုး ကစားနေပြီး ကျွန်တော်တို့ရဲ့စိတ်ထဲမှာလည်း ထပ်ပြီးအနိုင်ရဖို့ပဲ တွေးနေပါတယ်။ ပွဲစဉ်တိုင်းမှာလည်း အနိုင်ရဖို့ အာရုံစိုက်နေသလို ထပ်ပြောရမယ်ဆိုရင် အိမ်ကွင်းမှာ ကစားရတာဟာ တကယ်ကို မိုက်ပါတယ်။ကွင်းကနေ ခံစားနေရတဲ့ အငွေ့အသက်တွေ၊အားပေးမှုတွေကို ကျွန်တော်တို့ တကယ်ပဲချစ်ပါတယ်။”
“ဒူဘိုင်းမှာ ရှိခဲ့ရတဲ့အချိန်တွေက တကယ်ကို မိုက်တယ်လို့ ခံစားရပါတယ်။ အသင်းဟာ အတူတကွလာခဲ့ကြပြီး အချို့သော အတူတကွလုပ်ဆောင်မှုလေးတွေလည်း ရှိခဲ့တယ်။ သဲပေါ်မှာလည်း ကျွန်တော်တို့ လေ့ကျင့်ခဲ့ပြီး ဒီလိုမျိုး ပုံမှန်ကစားနေကြမဟုတ်တဲ့ ပတ်၀န်းကျင်မှာ လေ့ကျင့်ရတာက စိတ်ခွန်အားတစ်ခုဖြစ်စေပါတယ်”
“(ဒူဘိုင်းမှာ ရှိခဲ့ရတာဟာ) တကယ်မိုက်ပြီး ကောင်းတယ်လို့ ခံစားခဲ့ရပါတယ်။ အသင်းက အခုဆို တကယ် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိနေပြီး ကျွန်တော်တို့အားလုံးက တပ်ဖွဲ့တစ်ခုလို လုံး၀အတူတူရှိနေသလို ခံစားရပါတယ်။ ရာသီကုန်ထိ ကျွန်တော်တို့ ဒီလိုပဲ ရှိနေမယ်ဆိုတာ လုံး၀သေချာပါတယ်။”
ပေါ်တူဂီသားကြီးဟာ ဒဏ်ရာရနေတဲ့ တိုမီယာဆုနေရာမှာ အကောင်းဆုံး၀င်ရောက်ကစားနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ရလဒ်တွေရအောင် အသင်းဖော်တွေနဲ့အတူတူ စွမ်းဆောင်ပြနေပါတယ်။