ကွင်းပြင်ဖို့ထက်လူအင်အားဖြည့်ဖို့ ပိုလိုအပ်ပါတယ် – ပေါလ်မာဆင်

အာဆင်နယ်ဂန္တဝင်ကြီးပေါလ်မာဆင်ကတော့  ကွင်းကိုပြင်ဆောက်ဖို့ထက်အသင်းအပေါ်မှာရင်းနှီးမြှပ်နှံဖို့အတွက် ပိုင်ရှင်ကရွန်ကီအုပ်စုကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါလုပ်ဆောင်ချက်ကိုလည်း  အလကားသက်သက်ဖြုန်းတီးနေတာဖြစ်တယ်ဆိုပြီးဝေဖန်ခဲ့ပါသေးတယ်။

“ ကွင်းကိုပဲပိုကောင်းအောင်ပြင်ဆင်နေမယ်ဆိုရင်  အာဆင်နယ်အသင်းဟာ ဆုဖလားတွေရရှိနေတဲ့ အသင်းကြီးတစ်သင်းဘယ်တော့မှပြန်ဖြစ်လာတော့မှာမဟုတ်ပါဘူး “  လို့  Daily Star  ကိုပြောခဲ့တာဖြစ်ပါတယ်။ မာဆင်က  တိုက်စစ်အတွက် ကဲဗက်လီဝင်နဲ့  ကွင်းလယ်အတွက် ဝက်ပရောက်စ် ကိုခေါ်ယူစေချင်နေတာဖြစ်ပါတယ်။

“ ကျွန်တော့်အမြင်အရ  အာဆင်နယ်ဟာ ချန်ပီယံစိန်ခေါ်နိုင်ဖို့အတွက် တိုက်စစ်မှုးကောင်းတစ်ယောက်ပဲလိုတော့တာပါ။ ဒါပေမယ့် ကရွန်ကီရဲ့ အာရုံက အခြားတစ်ဖက်ကိုရောက်နေပုံပါပဲ။  အသင်းအတွက်လိုအပ်နေတဲ့ တိုက်စစ်အတွက် ကဲဗက်လီဝင်ကိုခေါ်ပါ ၊ ကွင်းလယ်အတွက် ဝက်ပရောက်စ်ကိုခေါ်ပါ။ ကွင်းပြင်ဖို့ပဲငွေသုံးမနေပါနဲ့ ။ အဲ့တာအလကားသက်သက်ငွေဖြုန်းနေတာပဲ”

“ ကရွန်ကီဟာ LA Rams အသင်းကို  အကောင်းဆုံးတည်ဆောက်ပြီး Super Bowl ဖလားကိုရရှိစေခဲ့ပါပြီ။  အာဆင်နယ်ကို သူလုပ်ပေးခဲ့တာတွေနဲ့ နှိုင်းယှဥ်ကြည့်လိုက်စမ်းပါ။ သူ ဒီအသင်းအတွက် အာရုံတကယ်ရှိရဲ့လားဆိုတာပြသနေတာပါ .. သူသာ တကယ်တစ်ခုခုလုပ်ချင်ရင် လုပ်ပြီးနေပါပြီဗျာ “  ဆိုပြီးဝေဖန်သွားခဲ့တာပါ။

ပေါလ်မာဆင်ဟာ အတော်ကလေးမချင့်မရဲဖြစ်နေပုံပါပဲ။ သူက စတန်ခရွန်ကီကို ဦးတည်ပြီးပြောဆိုနေပေမယ့်  အာဆင်နယ်နဲ့သတ်သတ်ရင်တော့ သားဖြစ်သူ ဂျို့ရှ်ခရွန်ကီက ပိုပြီး Operational Action တွေကိုလုပ်ဆောင်နေပုံရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာဆင်နယ်အသင်းနဲ့ပတ်သတ်ပြီး ဖွင့်ဟပြောဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

Advertisements

“  ကျွန်တော်တို့ ရှုံးပွဲမရှိအသင်းရဲ့ အဆင့်အတန်းမျိုးပြန်ရောက်အောင်ကြိုးစားသွားမှာပါ “  လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တဆက်ထဲမှာလည်း သူတို့ဖက်က အခက်အခဲကိုလည်းမျှဝေသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတစ်ယောက် အခြားနိုင်ငံခြားသားတစ်ယောက်အနေနဲ့ ဆိုရင် အင်္ဂလန်က ပရိသတ်တွေရဲ့  သူတို့နှစ်သက်တဲ့ ဘောလုံးအသင်းတွေကို အားပေးချစ်ခင်ကြတဲ့ passion အပေါ်မှာ နားလည်ဖို့ ခက်ခဲပါလိမ့်မယ်” 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်က စူပါလိဂ်ပြိုင်ပွဲမှာ ပါ၀င်မယ်လို့ စီစဥ်ခဲ့တဲ့ ပရီးမီးယားလိဂ်ခြောက်သင်းထဲက တစ်သင်းဖြစ်ပါတယ်။ အသင်းရဲ့ ပရိသတ်တွေရဲ့ ကန့်ကွက်မှုကြောင့် မကြာခင်မှာပဲ ပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ရတာဖြစ်ပါတယ်။  ဂျို့ရှ်ခရွန်ကီက သူတို့မိသားစုအနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချခဲ့ပြီး သတင်းတွေကို မြင်ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေရဲ့ စကားကို နားထောင်ခဲ့ရတယ်လို့ ၀န်ခံခဲ့ပါတယ်။ 

“ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေတဲ့ အရာကို ပရိသတ်တွေအနေနဲ့အပြည့်အ၀နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဒါက အရေးမကြီးဘူးလို့ ထင်ပါတယ်  .. သူတို့က အပြောင်းအလဲကို မလိုချင်ခဲ့ဘူး။ဒီ‌တော့ သူတို့သဘောကျနှစ်သက်မယ့် စနစ်ကိုပဲ အပြောင်းအလဲလုပ်ခဲ့ပါတယ်” လို့ ဂျို့ရှ့်က ဆိုပါတယ်။ သူ့ရဲ့ဆိုလိုရင်းက ပရိတ်သတ်ဆန္ဒအဓိက လို့ယူဆနိုင်ပါတယ်။

Advertisements

ပေါလ်မာဆင်ရဲ့ ဝေဖန်ထောက်ပြမှုတွေကတကယ်ကိုလိုအပ်ပါတယ်။ အထူးသဖြင့် အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ပရိတ်သတ်တွေနဲ့ ထိတွေ့ဖို့ကြိုစားပြီး  ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကိုတည်ဆောက်နေချိန်မှာ ဖြစ်ပါတယ်။  အာဆင်နယ်က တိုက်စစ်မှုးတစ်ယောက်ထပ်ရရင် ချန်ပီယံစိန်ခေါ်နိုင်ပြီဆိုတာကတော့  ကစားသမားဟောင်းကြီးရဲ့ သံယောဇဥ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။

Advertisement

Leave a Reply

%d bloggers like this: