နောက်ဆုံးရ အာဆင်နယ် သတင်းများ(18Feb)

အသက် ၁၇ နှစ်အရွယ်ကစားသမားကို မန်စီးတီးနဲ့အာဆင်နယ် အပြိုင်စိတ်ဝင်စားနေကြ

မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာ   ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးရဲ့ ကစားသမားလေး ဆာဗီယို  ကို အပြိုင်စိတ်ဝင်စားနေကြတယ်လို့ HITC ကဖော်ပြလာပါတယ်။ ဖေဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ အာဆင်နယ်အသင်းထက်အရင် မန်စီးတီတို့က ပေါင် ၅.၄ သန်းနဲ့ကမ်းလှမ်းထားတာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ၁၇ နှစ်သားလေးကို ရိုနယ်ဒင်ညိုလိုအောင်မြင်လာမယ့်သူအဖြစ် မျှော်လင့်ချက်ထားနေကြပါတယ်။

အူဘာမီယန်ကို ချီးကျူးသွားတဲ့ ဇာဗီ

အာဆင်နယ်ကစားသမားဟောင်း အူဘာမီယန် ရဲ့ကစားပုံကို ဘာကာနည်းပြဇာဗီက ထုတ်ဖော်ချီးကျူးသွားပါတယ်။  “ သူ့အနေနဲ့ အသင်းသားတွေနဲ့ချိတ်ဆက်ကစားဖို့ အခက်အခဲရှိကောင်းရှိခဲ့ပါလိမ့်မယ်။ သူက သိပ်ပြီးကြံ့ခိုင်တဲ့ကစားသမားပါပဲ။  Pressing မှာ ကြိုးစားပြီးလိုက်ကစားပေးတာက တကယ့်ကို ကောင်းလွန်းပါတယ်။ ဒီအချက်ကအသင်းမှာလိုအပ်နေတဲ့အရာတစ်ခုပါပဲ “  လို့ ကြိုးစားအားထုတ်မှုကို ထုတ်ဖော်ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။  ၂၀၂၀ ခုနှစ်တုန်းကတော့  ဇာဗီဟာ  အူဘာမီယန်ရဲ့ကစားပုံကို နေရာလွတ်ရှိမှသာ အစွမ်းပြနိုင်သူအဖြစ်ဝေဖန်ခဲ့ဖူးပါတယ်။

ရမ်းစ်ဒေးကို စိန်ခေါ်မယ်လို့  တာနာပြော

အာဆင်နယ်ကို မကြာခင်ပြောင်းရွှေ့လာမှာဖြစ်တဲ့ကစားသမား မတ်တာနာဟာ  ရမ်းစ်ဒေးလ်ရဲ့ နံပါတ် ၁ နေရာကိုစိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။   “  ကျွန်တော်နိုင်ငံလက်ရွေးစင်အသင်းအတွက်ကစားပေးတုန်းက တတိယဦးစားပေးတစ်ယောက်ပါ။ ဘယ်သူကမှ ကျွန်တော့်ကိုအလေးအနက်ထားထည့်မတွက်ခဲ့ပါဘူး။  ကျွန်တော် အာရွန်ကို ဖိအားပေးပြီး သူရော ကျွန်တော်ရော ပိုတိုးတက်လာအောင် ကူညီသွားမှာပါ  “  လို့ထုတ်ပြောသွားခဲ့ပါတယ်။

Advertisements

ဆာကာအတွက် အလွန်အမင်းစိုးရိမ်စရာမလိုတဲ့ အာဆင်နယ်

ကစားသမားဟောင်းလဲဖြစ် ၊​သုံးသပ်သူလဲဖြစ်တဲ့  အဘွန်လဟော်က   အာဆင်နယ်အသင်းအနေနဲ့ ဆာကာကို လက်လွတ်ရမယ့်အပေါ် အလွန်အမင်းစိုးရိမ်စရာမရှိကြောင်းပြောဆိုခဲ့ပါတယ်။  ဆာကာဟာ အသင်းနဲ့အတူတူကြီးပြင်းလာသူဖြစ်ကြောင်း ၊ အသက်လဲ ငယ်ရွယ်သေးတဲ့အတွက် ချန်ပီယံလိဂ်ကစားဖို့အသင်းကိုအလောတကြီးစွန့်ခွာစရာမလိုအပ်ကြောင်းကို ထောက်ပြပြီး  အသင်းပြောင်းရွေ့သွားမှာ စိုးရိမ်စရာမလိုဘူးလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဂျက်စပန့်ကို ခေါ်ယူဖို့ လျာထားတယ်လို့ နာမည်ကျော်သတင်းထောက်ပြောဆို

အာဆင်နယ်အသင်းက  ဂျက်စပန့်စ်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကို နာမည်ကျော်သတင်းထောက်ချားလ်ဝက် က အတည်ပြုသွားခဲ့ပါတယ်။  “ သူတို့ ကစားသမားကို သဘောကျနေပါတယ်။ လက်ရှိမှာတော့ နော်တင်ဟမ်မှာ အငှားနဲ့ကစားနေပါတယ်။ အာဆင်နယ်ရဲ့ ဖြစ်နိုင်ဖွယ်ခေါ်ယူမှုစာရင်းထဲမှာ  သူလဲ ပါဝင်နေပါတယ် “ လို့ ပြောဆိုပေးခဲ့တာဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: