တစ်ချိန်မှာအားလုံးက မေ့သွားကြမှာပါပဲ – လာကာဇက် (အင်တာဗျူး)

“  ပွဲတစ်ပွဲစတင်တဲ့အခါမှာ ကွင်းထဲကိုဦးဆောင်ပြီးဝင်လာရတဲ့သူတစ်ယောက် ၊ နောက်ပြီးတော့ကွင်းထဲမှာလည်းဦးဆောင်နေရတဲ့သူတစ်ယောက်အဖြစ် အသင်းခေါင်းဆောင်လက်ပတ်ဟာ သက်သေပြချက်တစ်ခုဖြစ်ပါတယ်။ သိပ်ကိုဂုဏ်ယူစရာအခိုက်အတန့်ပေါ့ဗျာ “   လို့ လာကာဇက်က အာဆင်နယ်မီဒီယာကိုပြောပါတယ်။

“ အားလုံးနဲ့ဘယ်လိုတွဲပြီးအလုပ်လုပ်ရမလဲ ၊ ဘယ်လိုဦးဆောင်ရမလဲဆိုတော့ အနဲအကျဥ်းတော့ ကျွန်တော်နားလည်ပါတယ်။  ကွင်းထဲမှာဆိုရင်တော့  တဖက်အသင်းကိုဖိအားပေးနိုင်ဖို့အတွက်ရယ် ၊ အားအင်အပြည့်နဲ့ကစားဖို့ရယ် ၊ နည်းပြဖြစ်ချင်တာတွေကိုလုပ်နိုင်ဖို့အတွက်ရယ်ကို ကျွန်တော်အာရုံစိုက်ပြီးလုပ်ဆောင်ပါတယ်။

“  ဒါပေမယ့်အဝတ်လဲခန်းထဲမှာဆိုရင်တော့  အသံကျယ်ကျယ်နဲ့စကားပြောရမယ် ,, ပြီးရင် ကျန်တဲ့သူတွေကို  စိတ်ဓါတ်တက်ကြွလာအောင် ၊ ခံစားချက်ကောင်းမွန်လာအောင်  ကြိုးစားလုပ်ဆောင်ရပါတယ်။  ဘာကြောင့်လဲဆိုတော့ တစ်နေ့မှာ အားလုံးကိုမေ့သွားကြမှာပါပဲ။ ဘယ်လိုကစားခဲ့ကြတယ်.. ဘယ်လောက်ခန်းနားတဲ့အသင်းအတွက်ကစားခဲ့ကြတယ်ဆိုတာအကုန်ကိုပဲပေါ့။ ဒါကလဲ သဘာဝပါပဲ။ လူသားတိုင်းက အချိန်ကြာရင်မေ့သွားကြတာပါပဲ။ ဒါကြောင့်လက်ရှိအချိန်မှာပဲ  အားလုံးနဲ့အတူ ပြုံးပြုံးရွင်ရွင်ပဲ ဖြတ်သန်းပါတယ်။ ဒီလိုနေထိုင်ရင်း ကံကြမ္မာကောင်းတွေလဲ ကြုံလာနိုင်ပါတယ် “

Advertisements

ဒါ့အပြင်လာကာဇက်က အသင်းမှာရှိတဲ့အခြားကစားသမားတွေထဲက ခေါင်းဆောင်မှုအရည်အချင်းရှိတယ်လို့ သူယုံကြည်သူတွေအကြောင်းကိုလဲ အခုလိုပြောပြပါသေးတယ်။

အသင်းမှာ တချိန်မှာ အသင်းခေါင်းဆောင်ဖြစ်လာနိုင်တဲ့သူ လေးယောက်ရှိပါတယ်။ ပထမတစ်ယောက်ကတော့ ဂါဘီကြီးလို့ခေါ်တဲ့ ဂါဘရီယယ်ပေါ့ဗျာ။ သူကခံစစ်ကြောင်းကို တော်တော် လွှမ်းမိုးနိုင်တဲ့သူဖြစ်တယ်။ သူသာ အင်္ဂလိပ်လို အခုထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်သာ ပြောတတ်လာရင် ညွှန်ကြားဖို့ ပိုအဆင်ပြေလာမှာပါ” 

ဘန်ဝှိုက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်တဲ့သူပါ။ သူကတော့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် နေတတ်တဲ့သူ ဖြစ်ချင်ဖြစ်မယ်။ သို့သော် ကွင်းထဲမှာတော့ ဦးဆောင်နိုင်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်” 

နောက်တစ်ယောက်ကတော့ ဆမ်ဘီလိုကွန်ဂါပေါ့  အရင်ကလဲ အသင်းခေါင်းဆောင် ဖြစ်ဖူးတယ်ဆိုတော့ တချိန်မှာ အာဆင်နယ်ရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ အထွေအထူး ပြောပြနေဖို မလိုအပ်ပါဘူး” 

ကီရင် လည်း အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ သူကလည်းပဲ နိုင်ငံအသင်းရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ။ ဒါ့အပြင်နောက်ထပ် အသင်းခေါင်းဆောင်လောင်းတွေ၊ ကပ္ပတိန်တွေကို ခင်ဗျားတို့ အသင်းမှာ မြင်နိုင်ပါ‌သေးတယ်” လို့ လာကာဇက်က ဆိုပါတယ်။ 

Ref _

Alex Lacazette has been wearing the captain’s armband in recent weeks – but what sort of leader would he say that he is? _ Arsenal Official Media

Advertisements

Leave a Reply

%d bloggers like this: