နောက်ဆုံးရ အာဆင်နယ် သတင်းများ(17Feb)

စတုဂတ်နောက်ခံလူကို အပြိုင်စိတ်ဝင်စားနေကြတဲ့ စပါးနဲ့အာဆင်နယ်

Sport Bild ရဲ့သတင်းထောက်ချုပ်  ခရစ်ရှိန်ဖော်ခ့် က အာဆင်နယ်အသင်းနဲ့စပါးအသင်းတို့ဟာ စတုဂတ်အသင်းရဲ့ ဘယ်အစွန်နောက်ခံလူ  ဘော်နာဆိုဆာကို စိတ်ဝင်စားနေကြတယ်လို့ ရေးသားလာပါတယ်။ အဆိုပါ ခရိုအေးရှားကစားသမားဟာ နောက်တန်းမှာနေရာစုံကစားနိုင်သူဖြစ်ပြီး  စတုဂတ်အသင်းရဲ့အဓိက ကစားသမားလဲဖြစ်ပါတယ်။  ဒီရာသီ ဂျာမန်ကလပ်ရဲ့အခြေအနေကြောင့် ဆော်ဆာဟာ အသင်းပြောင်းရဖွယ်ရှိတယ်လို့လည်းရေးသားထားပါတယ်။  အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုဆာဟာ အရပ် ၆ပေ ၂ လက်မထိမြင့်မားပြီး ဘယ်နောက်ခံ (အတွင်းလူ) အဖြစ်လဲပြောင်းလဲကစားနိုင်တယ်လို့ သိရပါတယ်။

မာတီနက်စ်ရဲ့အပြောင်းအရွှေ့ကိုခန့်မှန်းသွားခဲ့တဲ့ အီတလီသတင်းဌာန

ရာသီကုန်မှာ မာတီနက်စ်ရဲ့အပြောင်းအရွှေ့သတင်းတွေပြန်လည်လှုပ်ခတ်လာဦးမှာဖြစ်ကြောင်း သတင်းများကို ကိုးကားပြီး The Boot Room  ကသုံးသပ်ရေးသားလာခဲ့ပါတယ်။  Calciomercato ရဲ့ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းဟာ မာတီနက်စ်ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ရာသီကုန်မှာ ထပ်မံကြိုးပမ်းလာမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းကလည်း စပါးအသင်းနဲသဘောတူညီထားပြီဆိုတဲ့သတင်းအချို့ထွက်လာခဲ့ပေမယ့် ကစားသမားဟာ အင်တာအသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ မာတီနက်စ်ရဲ့ လက်ရှိစာချုပ်ဟာ  ၂၀၂၆ ခုနှစ်အောက်တိုလာလအထိဖြစ်ပါတယ်။

Advertisements

ဖီယင်နုဒ်ကစားသမားကို ကြိုးစားနေတယ်လို့ နယ်သာလန်သတင်းစာဖော်ပြ

အာဆင်နယ်အသင်းဟာ  ဖီယင်နုဒ်ကွင်းလယ်ကစားသမား အော်ကန်ကိုကူ ကိုခေါ်ယူဖို့ကြိုးစားနေတယ်လို့ Ziggo Sports ကရေးသားဖော်ပြလာပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းကလဲ ပေါင်သန်း ၂၀ ခန့်နဲ့ အဆိုပါတူရကီလက်ရွေးစင်ကိုခေါ်ယူဖို့ကြိုးစားခဲ့ဖူးတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။ ကိုကူဟာ အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့ ဗန်ပါစီနဲ့လည်းအချိန်အနဲငယ်တွဲကစားခဲ့ဖူးပြီး အလွန်နီးစပ်တဲ့ဆက်ဆံရေးရှိသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုင်လီမန်းစ်နဲ့ပတ်သတ်လို့ အခိုင်အမာပြောလာတဲ့ ရိုမာနို

ဖေဘရီဇီယိုရိုမာနိုကတော့ လက်စတာအသင်းကွင်းလယ်လူ တိုင်လီမန်းစ်ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ပဲ  ရာသီကုန်မှာအသင်းပြောင်းဖို့  ၉၉.၉ ရာနှုန်းသေချာကြောင်း 90Mins နဲ့တွေ့ဆုံရာမှာ အခိုင်အမာပြောကြားခဲ့ပါတယ်။ တိုင်လီမန်းစ်ကို ယူနိုက်တက်အသင်းကအသဲအသန်ကြိုးစားဖို့ရှိနေပြီး  အာဆင်နယ်အသင်းကလဲ ဆွေးနွေးမှုတွေရှိထားပြီးဖြစ်တယ်လို့   သိရပါတယ်။

ကီဗင်ဖိလစ်ရဲ့ စာချုပ်ကိုစောင့်ကြည့်နေတဲ့ အာဆင်နယ်

အာဆင်နယ်အပါအဝင်အသင်းကြီးတော်တော်များများဟာ လိဒ်အသင်းရဲ့ကွင်းလယ်လူ ကီဗင်ဖိလစ်ရဲ့အနေအထားကိုစောင့်ကြည့်နေကြတယ်လို့ 90Mins ကဖော်ပြသွားပါတယ်။ ၂၀၂၄ ခုနှစ်မှစာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် ကွင်းလယ်ကစားသမားလိုအပ်နေတဲ့အသင်းတွေက  ယူရိုမှာခြေစွမ်းပြခဲ့တဲ့ အဂ်လန်သားကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။  ၂၀၁၄ ခုနှစ်ကတည်းက လိဒ်အသင်းနဲ့ပဲ စွဲစွဲမြဲမဲကစားခဲ့တဲ့ဖိလစ်ဟာ  အယ်လင်လမ်းမှာ ပွဲပေါင်း ၂၀၀ ကျော်ကစားပေးခဲ့ပြီးဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: