အသင်းလက်မဲ့ဖြစ်နေတဲ့ ဂန်းနားဟောင်း

တချိန်က အာဆင်နယ်တိုက်စစ်မှုးဖြစ်ခဲ့ဖူးတဲ့ ဆာနိုဂိုဟာ အသင်းလက်မဲ့ဖြစ်နေတာ ၇ လရှိပြီလို့သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှုးဟာ သင့်တင့်တဲ့မှတ်တမ်းကောင်းတစ်ခုရှိထားပေမယ့် အခြေအနေအရပ်ရပ်ကြောင့် အသင်းလက်မဲ့ဖြစ်နေရတာပါ။

“ ဘယ်သူတွေအသင်းလက်မဲ့ဖြစ်နေကြသေးလဲမသိပေမယ့် ဒီကာလမှာ ကျွန်တော့်လို ကစားသမားတော်တော်များပါတယ်။ ကလပ်အသင်းတွေက ကိုဗစ်ကြောင့် ငွေမသုံးကြတော့ပါဘူး။ အထူးသဖြင့်ရာသီဝက်မှာပေါ့ “ ဆိုပြီး La Depeche သတင်းဌာနနဲ့ အင်တာဗျူးမှာပြောသွားတာပါ။

ဆာနိုဂိုဟာ ဘောလုံးသမားဘဝတစ်လျှောက် ၁၅၇ ပွဲကစား ၊ ၃၆ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးပေးထားနိုင်တဲ့မှတ်တမ်းရှိသူဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: