ဂနာဘရီကို ပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းများကဖော်ပြလာကြ

လူငယ်ကစားသမားဘဝနဲ့ အာဆင်နယ်ကိုစွန့်ခွာသွားခဲ့တဲ့ ဂနာဘရီရဲ့ အိမ်အပြန်ခရီးစဥ်ဟာ လက်တွေ့ ဖြစ်လာမလား ၊ မဖြစ်လာဘူးလားမသေချာသေးပေမယ့် မျှော်လင့်ချက်တော့ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို အမ်မရိတ်ဆီပြန်ခေါ်ချင်ခေါ်လို့ရတဲ့အနေအထားပါပဲ။ The Sun ရဲ့ဖော်ပြချက်အရတော့ ဂနာဘရီဟာ အာဆင်နယ်အသင်းရဲ့​ရေဒါထဲမှာရှိနေတယ်လို့ သိရပါတယ်။

တစ်နေ့မှာ အာဆင်နယ်အသင်းကို ပြန်လာမယ်ဆိုပြီး ဂနာဘရီပြောခဲ့ဖူးတာရှိပါတယ်။  ပြီးတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့အနှစ်သက်ဆုံးအသင်းဖြစ်ကြောင်းကိုလည်း ထုတ်ပြောခဲ့ဖူးပါတယ်။  စပါးအသင်းကို ဂိုးသွင်းပြီးနောက်မှာ  လန်ဒန်မြို့ကြီးကအနီရောင်ဖြစ်ကြောင်းပြောဆိုခဲ့တဲ့အခါ အမ်းမရိတ်ပရိတ်သတ်တွေအားလုံး လှိုက်လှဲစွာ ခံစားခဲ့ကြရပါတယ်။ ဒါပေမယ့် သူ့ကိုပြန်လာစေချင်ရင်တော့  အာဆင်နယ်အသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လိုပါတယ်။

အသက် ၂၆ နှစ်သားရဲ့  ဘိုင်ယန်အသင်းနဲ့ စာချုပ်ဟာ ၂၀၂၃ မှာပြည့်မှာဖြစ်ပြီး အခုထိလည်းစာချုပ်သစ်မချုပ်ဆိုရသေးပါဘူး။ အပြောင်းအရွေ့ကိစ္စသာရှိလာမယ်ဆိုရင် အခြေအနေအရ ဘိုင်ယန်အသင်းဟာ တန်ကြေးထက်လျှောနည်းပြီး လက်လွှတ်ရဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းအတွက်ကတော့  ဂနာဘရီလို နေရာစုံကစားနိုင်တဲ့တိုက်စစ်သမားတစ်ယောက်တကယ်ကိုလိုအပ်ပါတယ်။

Advertisements

ဒီ ဂျာမန်သားဟာ  တောင်ပံနှစ်ဖက်လုံးမှာကစားနိုင်ပြီး ဘယ်ခြေညာခြေလဲ မရွေးပါဘူး။ အတိအကျပြောရရင် ဆာကာရဲ့နေရာကိုရော  မာတင်နယ်လီရဲ့နေရာကိုရော ကောင်းကောင်းအင်အားဖြည့်နိုင်သူဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်စရာအနေနဲ့ False 9 နေရာကလည်း ဘိုင်ယန်ပလေယာအတွက်အဆင်ပြေတဲ့နေရာဖြစ်ပြီး စမစ်ရိုးရဲ့ လုပ်ဆောင်ချက်မျိုးကို သူ့ဆီကနေရရှိနိုင်ဦးမှဦပါ။ လက်ရှိအာဆင်နယ်ကြယ်ပွင့်လေးတွေဖြစ်တဲ့  ဆာကာ ၊ မာတင်နယ်လီနဲ့ စမစ်ရီုးတို့ လွတ်လပ်စွာထိုးဖောက်ကစားနိုင်ဖို့အတွက် 10 Role ကနေ နေရာချချင်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ သူသာအာဆင်နယ်ကိုရောက်လာရင် အာတီတာအတွက်နည်းစနစ်ပိုင်းဆိုင်ရာအရအများကြီးလုပ်လို့ရသွားမှာဖြစ်ပါတယ်။

လတ်တလော ဂနာဘရီရဲ့တန်ကြေးကတော့ ၆၃သန်းလောက်ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားကလည်း လန်ဒန်ကိုပြန်လာချင်တယ်၊ အာဆင်နယ်ကလည်းချန်ပီယံလိဂ်ဝင်ခွင့်ရတယ်ဆိုရင်တော့  ဒီငွေကြေးက ကုန်ကျစရာမရှိဘူးလို့ ယူဆရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၄ ရာသီမြောက်ကိုဖြတ်သန်းနေတဲ့ ကစားသမားဟာ  ဂျာမန်ဘီလူးကြီးအတွက် ၁၅၅ ပွဲကစားပြီး ၅၉ ဂိုးသွင်းယူပေးခဲ့ပြီးဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်မှာတော့  ဂိုးပေါင်း ၈၀ ရှိနေခဲ့ပါပြီ။ မှတ်တမ်းအရရော ၊ ခြေစွမ်းအရပါအကောင်းဆုံးအချိန်မှာ အမ်းမရိတ်မြေဆီပြန်လာနိုင်မလားဆိုတာကိုတော့ လာမယ့်နွေမှာအဖြေပေါ်မှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: