နောက်ဆုံးရ အာဆင်နယ် သတင်းများ(16Feb)

အသင်းကြီးနဲ့လေ့ကျင့်ခွင့်ရတဲ့နောက်ထပ်လူငယ်တစ်ယောက်

လူငယ်ကစားသမားတွေကို အသင်းကြီးနဲ့အတူဆက်တိုက်လေ့ကျင့်ပေးနေတဲ့ အာတီတာဟာ U23 ကစားသမားလေး ဘန်ဒီရာကိုလည်း ဘရက်ဖို့ဒ်နဲ့ပွဲမတိုင်ခင်ပြုလုပ်တဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပါဝင်စေခဲ့ပါတယ်။ အဆိုပါ ကွင်းလယ် ကစားသမားလေးဟာ U18 အတွက်တောက်လျှောက် ကစားလာတာကနေ ဇန်နဝါရီလတုန်းမှ  U23 အတွက်စတင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အောင်ပွဲခံတာ အာဆင်နယ်တသင်းထဲမဟုတ်ပါ

အာဆင်နယ်အသင်းရဲ့အောင်ပွဲခံပုံကို ဝေဖန်ခဲ့တဲ့ ရူဗင်နီဗက်စ်ကို ဂန္တဝင်ကြီး ကီဗင်ကင်းဘဲလ်က အခုလိုပဲ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။

“ ကစားသမားတွေကတော့ သူတို့ပြောချင်တာပြောကြမှာပါပဲ။  ဒါပေမယ့် နိုင်ပွဲက တော်တော်လေးတန်ဖိုးရှိခဲ့တာဗျ။  ဝုဗ်လိုအသင်းမျိုးကို သူတို့ကွင်းမှာ  ၁၀ ယောက်ထဲနဲ့နိုင်တာလေဗျာ .. အာဆင်နယ်က ဘာကြောင့် အောင်ပွဲမခံရမှာလဲဗျာ။  သူတို့ဖလားရသလိုအောင်ပွဲခံတာမဟုတ်ပါဘူး။ မှတ်မိသလောက်ပြောရရင် လီဗာပူးလ်လဲ ဝုဗ်ကိုနိုင်တုန်းက အောင်ပွဲခံခဲ့ကြတာပါပဲ​ “  ဆိုပြီး ပြောဆိုသွားခဲ့တာပါ။

Advertisements

မာတင်နယ်လီမှာ အောင်မြင်တဲ့တိုက်စစ်မှုးတစ်ယောက်ရှိရမယ့်အချက်အကုန်ရှိတယ်လို့ ဆိုလာတဲ့ သုံးသပ်သူ

ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ အဘွန်လဟော်က မာတင်နယ်လီဟာ တိုက်စစ်မှုးကောင်းတစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်အားလုံးပြည့်စုံသူဖြစ်ကြောင်း Football Insider သို့ပြောကြားသွားခဲ့ပါတယ်။

“  သူ့ကစားတာကိုကြည့်ရတာဟာ ဗဟိုကနေထိုးဖောက်ပြီး နေရာလွတ်ပေါင်းများစွာကိုဖော်ဆောင်နေတာကိုမြင်ရသလို ၊ နောက်ခံလူတွေကိုလည်း ကျော်ဖြတ်ပြေးလွှားနိုင်ပါတယ်။ တကယ်ကို အန္တရာယ်ရှိတဲ့ကစားသမားပါပဲ။ ဒါ့အပြင် သူက ဂိုးလည်းသွင်းနိုင်ပါသေးတယ်။ Number 9 တိုက်စစ်မှုးတစ်ယောက်မှာရှိရမယ့် အရည်အသွေးတွေအကုန်ရှိတဲ့သူပါပဲဗျာ “  ဆိုပြီး ချီးကျူးပြောကြားသွားတာပါ။

တိုင်လာအဒမ်စ်ဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေဆဲ

ပြီးခဲ့တဲ့အပြောင်းအရွှေ့ရာသီတစ်လျှောက်မှာ နာမည်ထွက်ခဲ့တဲ့ လိုက်ဇစ်ကွင်းလယ်လူ တိုင်လာအဒမ်စ်ဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်အဖြစ်ဆက်လက်တည်ရှိနေဆဲလို့ Express UK ကဖော်ပြလာပါတယ်။ နောက်ခံအစွန်လူအဖြစ်လဲကစားနိုင်တဲ့ အဒမ်စ်ကို အာတီတာကတော့ ကွင်းလယ်အတွက်ပဲအသုံးပြုဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ အဒမ်စ်ရဲ့ကစားဟန်ကို ဖာဘင်ဟို ၊ ကန်တေတို့နဲလဲ ခိုင်းနှိုင်းပြောဆိုမှုတွေရှိထားပါတယ်။

တိုင်လီမန်းစ်က ချဲလ်ဆီးနဲ့ပိုကိုက်ကြောင်း ယူနိုက်တက်ကစားသမားပြော

ရာသီကုန်မှာလက်စတာကနေထွက်ခွာတော့မှာဖြစ်သလို  အာဆင်နယ်နဲ့လည်းနာမည်ထွက်နေပေမယ့်  မန်ယူနိုက်တက်ကစားသမားဟောင်း  ကလီဘာဆင် ကတော့ တိုင်လီမန်းစ်အတွက် ချဲလ်ဆီးကအသင့်တော်ဆုံးလို့ သုံးသပ်လာပါတယ်။ တိုင်လီမန်းစ် ချဲလ်ဆီးကိုပဲရောက်မယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးအသင်းကစားဟန်နဲ့  တိုင်လီမန်းစ်ရဲ့ပုံစံက အံဝင်နိုင်ပါတယ်။  ဘောလုံးကို စိတ်ကြိုက်ကိုင်တွယ်ကစားလို့ရတဲ့အခြေအနေမျိုးပေါ့။ ခုချိန်မှာ ယူနိုက်တက်ကိုသွားရင်တော့ စွန့်စားရာကျမှာဖြစ်ပြီး လီဗာပူးလ်ကွင်းလယ်မှာ ကတော့ ကစားသမားကောင်းများစွာရှိနှင့်ထားပြီးသားပါ    ဆိုပြီး ပြောသွားခဲ့တာပါ။

Advertisements

Leave a Reply

%d bloggers like this: