ပေပေကတော့ သူအသင့်ဖြစ်နေပြီဖြစ်ကြောင်း Post တင်ပြီးအသိပေးလိုက်ပြန်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း “ အောင်မြင်မှုဆိုတာ ကိုယ်ပိုင်စည်းကမ်းတွေကနေစတင်တယ် “ ဆိုပြီး ရေးသားခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ကိုတော့ကွင်းထဲမှာ မြင်တွေ့ရခြင်းမရှိသေးပါဘူး။ ရွေးချယ်စရာနဲပါးနေချိန်မှာတောင် ပေပေဟာ အာတီတာရဲ့မျက်လုံးထဲမရောက်သေးပါဘူး။ ဒါမှမဟုတ် … အာတီတာဟာ ဘယ်လိုအသုံးပြုဖို့ ပြင်ဆင်ထားပါသလဲ။ ဒီလိုနဲ့ပဲ မာတင်နယ်လီတစ်ယောက်အနီကတ်ထိသွားတာကြောင့် မရှိတဲ့လူစာရင်းက တစ်ယောက်ထပ်လျှော့သွားပြန်ပါတယ်။
ညာတောင်ပံမှာ ဆာကာတစ်ယောက်ခြေစွမ်းပြပြီးတဲ့နောက် ပေပေရဲ့ မူလနေရာကိစ္စက ပြီးဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယဦးစားပေးဆိုတဲ့ ပြိုင်ပွဲတွေလည်းမရှိတဲ့အခါ အိုင်ဗရီကို့စ်သားရဲ့ ပွဲကစားခွင့်ဟာ မရှိသလောက်နဲပါးလာခဲ့ပါတယ်။ AFCON မှာ ခြေစွမ်းပြခဲ့တယ် ၊ အူဘာမီယန်အသင်းပြောင်းသွားခဲ့တယ်။ ဒါပေမယ့် ဝုဗ်နဲ့ပွဲမှာ သူ့ကိုမြင်ခွင့်မရသေး။ ထားတော့ .. ထိုပွဲက Extraordinary Condition အနေအထားမို့ သူပါဝင်ကစားဖို့ရှိခဲ့ရင်တောင်မှ အစီအစဥ်ပြောင်းသွားနိုင်တာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်တောင်ပံလူကို မာဆေးနဲ့လိုင်ယွန်တို့က စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ပေပေက စိတ်ဝင်စားခြင်းမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ သူဟာ တိုက်ပွဲဝင်ဖို့ရွေးချယ်ခဲ့တာလား .. ဒါမှမဟုတ် လန်ဒန်မှာပဲ ဘယ်လိုဖြစ်ဖြစ်နေမယ်ဆိုတဲ့စိတ်မျိုးနဲ့ ရွေးချယ်ခဲ့သလားမပြောတတ်ပါ။ သို့သော် ပေပေရဲ့ စိတ်ဓါတ်က ထိုမျှလောက်ပျက်ယွင်းမနေဘူးလို့ တော့ အကြွင်းမဲ့ယုံကြည်ထားပါတယ်။
တကယ့်ကိစ္စက ပေပေရဲ့စွမ်းဆောင်ရည်ပါပဲ။ Final Third Zone ရောက်ရင် Delay ဖြစ်ဖြစ်သွားမှာလား .. သူ့ရဲ့အယိ်မ်းအနွဲ့တွေကို ပြိုင်ဖက်က ခန့်မှန်းနိုင်မှာလား။ ကန်ချက်တွေကရော လွဲချော်နေမှာလား။ ဒါမှမဟုတ် ကွဲပြားခြားနားစွာ လုပ်တိုင်းဖြစ်မှာလား။ အာတီတာဟာ မစွန့်စားသေးတာသေချာပါတယ်။
အခုဘယ်တောင်ပံမှာလူလိုပြီ။ ပေပေလား .. စမစ်ရိုးလား .. ဒါမှာမဟုတ် 3 back ထားပြီး တီယာနေကို အစွန်ထုတ်မလား။ တစ်ဖက်မှာလဲ တိုမီယာစုရဲ့မရေရာမှုရှိနေပါသေးတယ်။ အခြားပြိုင်ဖက်တွေပြိုလဲယိမ်းယိုင်နေချိန်မှာ ၃ မှတ်ကဘယ်လောက်အရေးကြီးသလဲဆိုတာ အာတီတာ နားအလည်ဆုံးဖြစ်ပါလိမ့်မယ်။
အစားထိုးစရာလူမရှိလို့ ထည့်သုံးမယ်ဆိုတာမျိုး အာတီတာ ဆီကမျှော်လင့်လို့မရပါဘူး။ သူက လိုချင်တာမရရင် အစားထိုးဘာမှမယူတာကို အပြောင်းအရွှေ့ကာလမှာတင်သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ရူးနှမ်းမှု သို့မဟုတ် ကိုယ်ယုံကြည်ရာကို ခိုင်မာစွာစွဲကိုင်မှု .. ၂ ခုထဲကတစ်ခုဖြစ်ပါလိမ့်မယ်။
Football London ကတော့ ပေပေဟာ အာတီတာရဲ့ အာရုံကိုရအောင်ကြိုးစားနေကြောင်း ခေါင်းစဥ်တင်ပြီး ရေးသားလိုက်ပါတယ်။ ပွဲမစမခြင်းခန့်မှန်းချက်ပေါင်းစုံလာဖို့ရှိနေပါတယ်။ စနေနေ့မရောက်မခြင်း အဖြေမပေါ်သေးတဲ့မေးခွန်းတွေများနေဦးမှာဖြစ်ပါတယ်။