အာဆင်နယ်အသင်းနဲ့ပရိတ်သတ်တွေရဲ့အကြောင်းကိုနားလည်ဖို့ကြိုးစားနေတဲ့ ဂျိုရှ်ခရွန်ကီ

အာဆင်နယ်ဒါရိုက်တာ ဂျို့ရှ်ခရွန်ကီက သူ့အနေနဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ အသင်းအပေါ် ချစ်မြတ်နိုးပုံကို အပြည့်အ၀နားလည်ဖို့ ခက်ခဲခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။ 

အာဆင်နယ်အသင်းပိုင်ရှင် စတန်ခရွန်ကီရဲ့ သားဖြစ်တဲ့ ဂျို့ရှ်ဟာ ၂၀၁၃ခုနစ်ကတည်းက အသင်းရဲ့ ဒါရိုက်တာဖြစ်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ခရွန်ကီမိသားစုပိုင် အားကစားအသင်းတစ်သင်းဖြစ်တဲ့ LA Ramsက Super Bowl ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက် ရုပ်သံအစီအစဉ်တစ်ခုမှာ ဂျို့ရှ်ဟာ ခုလို၀န်ခံလာခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က စူပါလိဂ်အစီအစဉ် မအောင်မြင်ခဲ့ခြင်းဟာ သူ့အတွက် အမေရိကန်က ပရိသတ်တွေနဲ့ ဥရောပက ပရိသတ်တွေရဲ့ ကွဲပြားခြားနားပုံကို သိမြင်ဖို့ သင်ခန်းစာတစ်ခုဖြစ်ခဲ့တယ်လို့ ဂျို့ရှ်က ဆိုပါတယ်။ 

‌ဒါ့အပြင် အာဆင်နယ်ပရိသတ်တွေရဲ့ အသင်းအပေါ် ချစ်မြတ်နိုးပုံ ၊အားပေးထောက်ခံပုံတွေဟာ အမေရိကန်ကသူတွေ၊ ဒါမှမဟုတ် အင်္ဂလန်နိုင်ငံသားမဟုတ်တဲ့ အခြားနိုင်ငံခြားသားတွေအတွက် နားလည်ဖို့ ခက်ခဲတယ်လို့လည်း ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ 

စူပါလိဂ်အစီအစဉ် ဖျက်သိမ်းခဲ့ရတာနဲ့ပတ်သက်ပြီး ဂျို့ရှ်က 

“ကျွန်တော့်အတွက် သင်ခန်းစာတစ်ခုရခဲ့တာပါ။ ကျွန်တော် ဒီ(အမေရိကန်)မှာ ရှိတဲ့ အသင်းရဲ့ပရိသတ်တွေနဲ့လည်း စကားပြောခဲ့သလို ဟို(အင်္ဂလန်)မှာ ရှိတဲ့ ပရိသတ်တွေနဲ့လည်း စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ဥရောပဘောလုံးပြိုင်ပွဲတွေမှာ စီး၀င်နေတဲ့ passion၊ သူတို့ပရိသတ်တွေရဲ့ အသင်းကို ချစ်ခင်အားပေးပုံတွေကဗျာ ၊ အရမ်းအများကြီးတော့ ကျွန်တော် မပြောချင်ပါဘူး၊ ဥရောပ ပရိသတ်တွေက အမေရိကန်က ပရိသတ်တွေထက် ဘောလုံးအပေါ် ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှိကြတယ်” 

Advertisements

အမေရိကန်သားတစ်ယောက် ၊ အခြားနိုင်ငံခြားသားတစ်ယောက်အနေနဲ့ ဆိုရင် အင်္ဂလန်က ပရိသတ်တွေရဲ့  သူတို့နှစ်သက်တဲ့ အသင်းတွေကို အားပေးချစ်ခင်ကြတဲ့ passion အပေါ်မှာ နားလည်ဖို့ ခက်ခဲပါလိမ့်မယ်” 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်က စူပါလိဂ်ပြိုင်ပွဲမှာ ပါ၀င်မယ်လို့ စီစဥ်ခဲ့တဲ့ ပရီးမီးယားလိဂ်ခြောက်သင်းထဲက တစ်သင်းဖြစ်ပါတယ်။ အသင်းရဲ့ ပရိသတ်တွေရဲ့ ကန့်ကွက်မှုကြောင့် မကြာခင်မှာပဲ ပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ရတာဖြစ်ပါတယ်။ 

ဂျို့ရှ်ခရွန်ကီက သူတို့မိသားစုအနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချခဲ့ပြီး သတင်းတွေကို မြင်ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေရဲ့ စကားကို နားထောင်ခဲ့ရတယ်လို့ ၀န်ခံခဲ့ပါတယ်။ 

ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေတဲ့ အရာကို ပရိသတ်တွေအနေနဲ့အပြည့်အ၀နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဒါက အရေးမကြီးဘူးလို့ ထင်ပါတယ်  .. သူတို့က အပြောင်းအလဲကို မလိုချင်ခဲ့ဘူး။ဒီ‌တော့ သူတို့သဘောကျနှစ်သက်မယ့် စနစ်ကိုပဲ အပြောင်းအလဲလုပ်ခဲ့ပါတယ် လို့ ဂျို့ရှ့်က ဆိုပါတယ်။

ငယ်ရွယ်တဲ့ နည်းပြ ၊ ငယ်ရွယ်တဲ့ ဒါရိုက်တာ နဲ့ ငယ်ရွယ်တဲ့ပိုင်ရှင်တို့က ဦးဆောင်နေပြီး  ငယ်ရွယ်နုပျိုတဲအသင်းသားတွေက အဓိကပါဝင်ကစားနေကြတဲ့ အာဆင်နယ်အသင်းဟာ နုပျိုခြင်းရဲ့ပြယုဂ်တစ်ခုတော့ ဖြစ်နေပါတယ်။ ဒီခရီးဟာ ဘယ်လောက်အထိရောက်နိုင်မလဲ။ ဖြေဖို့အချိန်တော့မကျသေးတာ အသေအချာပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: