ချန်ပီယံအိပ်မက်အတွက် မရှိမဖြစ် အရေးပါတဲ့ အရန်ခုံတန်းပေါ်က ဂန်းနားလေး‌ဖော် 

အာဆင်နယ်အ‌နေနဲ့ လက်ကျန်ပွဲစဉ်တွေကနေ ရမှတ်တွေ ရနိုင်သလောက် စုဆောင်းနိုင်ဖို့ အတွက် အသင်းရဲ့ ကစားသမားတွေဟာ ဒဏ်ရာပြဿနာနဲ့ပွဲပယ်ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဇန်နဝါရီမှာ အသင်းရဲ့ စီနီယာ ကစားသမားအချို့ ထွက်ခွာသွားခဲ့တာကြောင့် အရံခုံတန်းမှာတော့ လူအချို့လျော့သွားခဲ့ပါတယ်။ ကျန်နေခဲ့တဲ့သူတွေဟာ အသင်းအတွက် လိုအပ်နေချိန်မှာ အကောင်းဆုံးပေးဆပ်နိုင်စွမ်းရှိတာကို သက်သေပြဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲအတွက်ဗျူဟာတွေချမှတ်နေတဲ့  အာတီတာအတွက် အရံခုံတန်းပေါ်မှာ ရှိနေတဲ့ မရှိမဖြစ်အရေးပါတဲ့ back-up players တွေကတော့ 

ရော့ဘ်ဟိုးလ်ဒင်း 

ပါဘလိုမာရီနဲ့ ချန်ဘာတို့က ဖေဖော်ဝါရီမှာ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် ဗဟိုခံစစ်အတွက် ရွေးချယ်စရာ စီနီယာကစားသမားဟာ ဘန်ဝှိုက်၊ ဂါဘရီယယ်နဲ့ ဟိုးလ်ဒင်းတို့သုံးယောက်ပဲ ကျန်ပါတော့တယ်။ ဂါဘရီယယ်နဲ့ ဘန်ဝှိုက်တို့က ပုံမှန်နေရာရနေသူတွေဖြစ်တာကြောင့် သူတို့နှစ်ယောက်ထဲက တစ်ဦးဦး ပွဲပယ် ဒါမှမဟုတ် ဒဏ်ရာပြဿနာကြုံရတဲ့အခါ အာတီတာအတွက် အားကိုးစရာ ဟိုးလ်ဒင်းသာရှိနေပါတယ်။ 

ဝူဗာဟန်တန်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မာတင်နယ်လီ အနီကတ်ထိခဲ့ပြီးနောက် ၀င်ရောက်လာခဲ့တဲ့ ဟိုးလ်ဒင်းဟာ အာဆင်နယ်အတွက်အနိုင်သုံးမှတ်ကို မဆုံးရှုံးရအောင် ကစားခွင့်ရတဲ့ မိနစ်နှစ်ဆယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဟိုးလ်ဒင်းကို လူစားလဲ ထည့်သွင်းခဲ့တဲ့အပေါ် အာတီတာကို ဘောလုံးသုတေသီတွေနဲ့ ပရိသတ်တွေက ချီးကျူးခဲ့ရတဲ့အထိပါပဲ။ လက်ကျန်ပွဲစဉ်တွေမှာလည်း အသင်းအတွက် လိုအပ်နေချိန်မှာ ဟိုးလ်ဒင်းဟာ ခုလိုပဲ စွမ်းဆောင်ပြနိုင်ဦးမယ်လို့ ယုံကြည်ရပါတယ်။ 

စီဒရစ် 

တိုမီယာဆုဒဏ်ရာ‌ရနေချိန်မှာ အသင်းရဲ့ ညာခြမ်းခံစစ်အတွက် စိတ်ပူစရာ ဖြစ်ခဲ့ပါတယ်။ဝူဗာဟန်တန်နဲ့ပွဲစဉ်မတိုင်မီမှာ အာတီတာက ဘန်ဝှိုက်ကို ညာအစွန်ခံစစ်မှာ ကစားစေပြီး ဟိုးလ်ဒင်းနဲ့ ဂါဘရီယယ်တို့ကို ဗဟိုခံစစ်မှာ  ကစားစေမလားလို့ ခန့်မှန်းခဲ့ပေမယ့် ပွဲထွက်လူစာရင်းမှာတော့ စီဒရစ်ပါ၀င်လာခဲ့ပါတယ်။ 

တိုမီယာဆုရဲ့နေရာမှာ စီဒရစ်အကောင်းဆုံး ဆော့နိုင်ပါ့မလားလို့ စိတ်ပူခဲ့ပေမယ့်လည်း ကစားသမားကတော့ ခံစစ်မှာ ချီးကျူးစရာ ကောင်းအောင် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယါ။ ဒါဟာ အာတီတာအတွက်တင်မက ပရိသတ်တွေအတွက်ပါ စိတ်ချမ်းသာစရာဖြစ်ခဲ့ပါတယ်။တိုမီယာဆုရဲ့နေရာကို အစားထိုးနိုင်မယ့်သူ ရှိပါ့မလားဆိုတဲ့ စိတ်ပူစရာတွေက်ု စီဒရစ်က ချေဖျက်ပေးခဲ့တာကြောင့်  အသင်းရဲ့ ညာခြမ်းခံစစ်အတွက် စိတ်အေးလို့ရပြီလို့ ဆိုနိုင်ပါတယ်။ 

Advertisements

နီကိုလပ် ပေပေ 

ပေပေကို အသင်းရဲ့ပွဲထွက်လူစာရင်းမှာမတွေ့ခဲ့ရတာ ကြပါပြီ။ ဆာကာ ပွဲပန်းနေချိန်မှာတောင် အာတီတာက အသင်းရဲ့လူစာရင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပေပေကို အစားထိုး အသုံးမပြုခဲ့ပါဘူး။ပြီးခဲ့တဲ့ အာဖရိက ဖလားပြိုင်ပွဲမှာတော့ ပေပေဟာ နိုင်ငံအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ကလပ်အသင်းမှာ အလားတူ ခြေစွမ်းပြကစားနိုင်မလားဆိုတာ စိတ်၀င်စားဖို့ ကောင်းပါတယ်။ 

ဆာကာ ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြဿနာတို့ ရှိတဲ့အခါမျိုး ဒါမှမဟုတ် ပွဲပန်းနေတဲ့အခါမျိုးမှာ ပေပေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာမှာ ဖြစ်ပါတယ်။အာတီတာအနေနဲ့လည်း ပွဲစဉ်တိုင်းမှာ ဆာကာရဲ့ခွန်အားအပြည့်အ၀ကို အသုံးပြုမယ့်အစား ပေပေကို လိုအပ်လာရင် အသုံးပြုလာဖို့ ရှိနေတာဖြစ်ပါတယ်။ 

အန်ကက်တီးယား 

လာကာဇက်တီရဲ့ ဂိုးသွင်းစွမ်းရည်ဟာ အားကိုးစရာမရှိတာကို ပွဲစဉ်တော်တော်များများမှာ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ လာကာဇက်တီနည်းတူ အန်ကက်တီးယားဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပေမယ့် အော်ဘာမီယန်းမရှိတော့တဲ့၊ လာကာဇက်တီကလည်း အားကိုးစရာမရှိလောက်တဲ့ တိုက်စစ်မှာ သူသာကြိုးစားမယ်ဆိုရင် အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်လာနိုင်ဖို့ ရှိနေပါတယ်။ 

အန်ကက်တီးယားဟာ လာကာဇက်တီလို အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်စွမ်းမရှိနိုင်ပေမယ့် သိပ်တော့ ကိစ္စမရှိလှပါဘူး။ အာဆင်နယ်အဓိက လိုအပ်နေတာက အဆုံးသတ်သေချာတဲ့၊ သွင်းဂိုးတွေနဲ့ အသင်းကို အထောက်အကူပြုမယ့် ကစားသမားမျိုးကို လ်ုအပ်နေတာ ဖြစ်ပါတယ်။ ခြေစွမ်း ၊အသက်အရွယ်အရ အကျပိုင်းကိုရောက်နေတဲ့ လာကာဇက် ရဲ့နေရာမှာ ကစားနိုင်မယ့် တစ်ဦးတည်းသော အထောင်တိုက်စစ်မှူးဖြစ်တဲ့ အန်ကက်တီးယားကို ပရိသတ်တွေအနေနဲ့ သဘောကျသည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အသင်းရဲ့ ချန်ပီယံလိဂ် တိုက်ပွဲအတွက် သူ့ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကိုတော့ ငြင်းဆန်လို့မရပါဘူး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: