အီကာဒီကို ခေါ်ယူဖို့ အာဆင်နယ် ငြင်းဆန်ခဲ့
အီကာဒီကို ခေါ်ယူဖို့အာဆင်နယ်ကို ကမ်းလှမ်းခဲ့ပေမယ့် နည်းပြအာတီတာက လက်ရှိလူစာရင်းနဲ့ပဲဆက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ The Athletic ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘာပေ ၊ မက်ဆီတို့ရှိနေတာကြောင့် တိုက်စစ်မှုးအီကာဒီအတွက် နေရာတစ်နေရာရဖို့ခက်ခဲ့နေသလို ၊ ပိုချက်တီနိုရဲ့ စိတ်ကြိုက်ကစားသမားလဲ မဟုတ်တာကြောင့် အာဂျင်တီးနားတိုက်စစ်မှုးဟာ အသင်းပြောင်းဖို့စီစဥ်နေခဲ့တာဖြစ်ပါတယ်။ အီကာဒီဟာ ၂၀၂၄ ခုနှစ် ၊ ဇွန်လအထိ ပီအက်ဂျီနဲ့ စာချုပ်ရှိနေတာဖြ်စပါတယ်။
ဂိုးမြူးနေတဲ့ အိုမာရီ ဟတ်ချီဆန်
ဝက်စ်ဘရွန်းအသင်းကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အာဆင်နယ် U23 အသင်းအတွက် တစ်လုံးထဲသောချေပဂိုးကို လူငယ်လေး အိုမာရီ ဟတ်ချီဆန်က သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်လူငယ်အသင်းမှာ အဓိက ကစားသမားတွေမပါဝင်နိုင်ခဲ့တာကြောင့် ဝက်စ်ဘရွန်းတို့ကို အခုလိုဂိုးပြတ်အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းအနေနဲ့ကတော့ ပြိုင်ပွဲမှာ အခြေအနေကောင်းနေဆဲဖြစ်တယ် လို့လည်းသိရပါတယ်။
အာဆင်နယ် အဆင့် ၄ အတွက်အလားအလာကောင်းကြောင်း လောရိုးပြော
ဝါရင့်ဘောလုံးသုံးသပ်သူ လော်ရိုးက အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းထက် အဆင့် ၄ နေရာကိုရရှိဖို့အတွက် အလေးသာနေတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဂန္တဝင်ကြီးက “ ကျွန်တော်တို့ ယူနိုက်တက်အသင်းရဲ့ အဝတ်လဲခန်းပြသနာတွေအကြောင်းပြောနေကြရပါတယ် . အာဆင်နယ်အသင်းကတော့ စည်းလုံးမှုကိုရရှိနေပါတယ် “ လို့ နှိုင်းယှဥ်ပြောသွားခဲ့ပြီး အာဆင်နယ်ရဲ့လူငယ်အစုအဖွဲက စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ချီတက်နေကြောင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဘဝရဲ့စွန့်စားခန်းတစ်ခုဖြစ်ကြောင်း အာဆင်နယ်ဂိုးသမားသစ်ပြောဆို
အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတော့မယ့် နယူးအဂ်လန်ဂိုးသမား မက်တာနာက သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာရတာ အလောင်းအစားဆန်တဲ့ စွန့်စားခန်းတစ်ခုဖြစ်တယ်လို့ ပြောဆိုလာပါတယ်။
“ ဂိုးသမားတစ်ယောက်အတွက် အပြောင်းအလဲတွေလုပ်ရတယ်ဆိုတာခက်ခဲ့ပါတယ် .. ဒါကို ကျွန်တော်နားလည်ပါတယ် .. နောက်ပြီး ကျွန်တော်က အသက် ၂၇ နှစ်ရှိပါပြီ။ ဒါကြောင့် ကျွန်တော် ဆန္ဒရှိခဲ့ပြီး တကယ်လုပ်ဆောင်ချင်တဲ့ကိစ္စတစ်ခုကို စွန့်စားပြီး လုပ်လိုက်တာပါပဲ “ ဆိုပြီး သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ပြောပြလာတာပါ။
အီဒူးကို ဝေဖန်နေကြတဲ့ ပရိတ်သတ်များ
အာမန်ဒိုဘရိုဂျာကို ချဥ်းကပ်နေတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးနောက် ပရိတ်သတ်အချို့က အီဒူးဟာ ဗလာဟိုဗစ်တုန်းကလိုပဲ နောက်ထပ်အချိန်ကုန်မယ့် ကိစ္စတစ်ခုကို လုပ်လိုက်ပြီဆိုပြီး ဝေဖန်ပစ်တင်နေကြပါတယ်။ ပရိတ်သတ်များက ချဲလ်ဆီးဟာ သူတို့ရဲ့ ကစားသမားကို မြို့ခံပြိုင်ဖက်ကိုရောင်းချမှာ မဟူတ်ဘူးလို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ ကစားသမားကတော့ ဖြစ်နိုင်ခြေအားလုံးကို လမ်းဖွင့်ထားကြောင်း Express UK က ဖော်ပြလာခဲ့ပါတယ်။