တချိန်ကအကြောင်းတွေပြန်ပြောပြတဲ့ ပီရက်စ်
အာဆင်နယ်ဂန္တဝင် ပီရက်စ် က တချိန်တုန်းက ရီးရဲမက်ဒရစ်အသင်းထံပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပြီးမှ အာဆင်နယ်အသင်းထံရောက်ခဲ့ပုံကို အခုလိုပြန်ပြောပြခဲ့ပါတယ်။
“ ကျွန်တော်က AS မဂ္ဂဇင်းအတွက် ရီးရဲအကျီဝတ်ပြီးတောင် ပုံရိုက်ပြီးနေပြီဗျာ .. ဒါပေမယ့်အားလုံးက ခပ်မြန်မြန်ပဲဖြစ်သွားခဲ့တယ်။ ဝင်းဂါးက ကျွန်တော့်ကိုဖုန်းဆက်ပြီး ကျွန်တော့်ရဲ့ အစီအစဥ်တွေကိုလည်းတော်တော်လေးအံ့အားသင့်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူက လေယဥ်တစ်စီးလွှတ်ပေးလိုက်တယ်ဗျာ .. ပြီးတော့ဆေးစစ် လက်မှတ်ထိုး .. အဲ့ဒီနောက် ဝင်းဂါး၊ တီယာရီ ၊ ပက်ထရစ်တို့နဲ့တူတူ ဖြစ်သွားခဲ့တာပါပဲ “ ဆိုပြီးပြောပြခဲ့တာပါ။
ဘရိုဂျာကို မျက်စေ့ကျနေတဲ့ အာဆင်နယ်
အာဆင်နယ် အသင်းဟာ စိန့်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှုးအာမန်ဒိုဘရိုဂျာကို လာမယ့်နွေရာသီပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ Football London ကဖော်ပြလာပါတယ်။ အသက် ၂၀ အရွယ် ဘရိုဂျာဟာ ဆောက်သမ်တန်အသင်းမှာ အထူးခြေစွမ်းပြနေပြီး ဒီရာသီမှာ ၇ ဂိုးအထိသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကလဲ အပြီးသတ်ခေါ်ယူချင်နေသလို ၊ ချဲလ်ဆီးကလည်းပြန်ခေါ်ယူဖွယ်ရှိတာကြောင့် ကစားသမားကိုခေါ်ယူရေး ခက်ခဲမှာဖြစ်တယ်လို့ လဲ သုံးသပ်နေကြပါတယ်။
အာဆင်နယ်တာဝန်ရှိသူတွေနဲ့ တိုင်လီမန်းစ်ရဲ့အေးဂျင့်တို့ ကိုနေးကွင်းမှာတွေ့ခဲ့တယ်လို့ Goals ဖော်ပြလာ
Goals ရဲ့ဖော်ပြချက်အရ လက်စတာစီးတီးကွင်းလယ်လူတိုင်လီမန်းစ်ရဲ့ အေးဂျင့်တွေဟာ ဆောင်းရာသီတုန်းက အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ လန်ဒန်ကိုနေးကွင်းမှာ တွေ့ဆုံးထားခဲ့ပြီး ၊ ပြောင်းရွေ့ဖို့အလားအလာတစ်ခုကောင်းတစ်ခုကိုရရှိထားတယ်လို့ဆိုလာပါတယ်။ လတ်တလောမှာ တိုင်လီမန်းစ်ဟာ လက်စတာရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ထားခဲ့တယ်လို့ ဖေဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။
၆ လအတွင်း ပွဲပြည့်တစ်ပွဲမှ မကစားရသေးတဲ့ ဝီလီယံ
အာဆင်နယ်အသင်းကနေ ကော်ရင်သီယမ်အသင်းကို ပြောင်းရွှေ့သွားကြတဲ့ တောင်ပံကစားသမားဝီလီယမ်ဟာ အသင်းသစ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိသေးပဲ ၆ လအတွင်းမှာ လူစားဝင် ၁၂ ပွဲသာကစားထားရသေးကြောင်း Daily Cannon သတင်းစာကဖော်ပြလာပါတယ်။ ထို့အတူ ဂိုးသွင်းယူမှု ၊ ဖန်တီးမှုများလဲ ပြုလုပ်နိုင်ခြင်းမရှိသေးပဲ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတာလဲဖြစ်ပါတယ်။
အာဆင်နယ်ကို အလေးသာပေးထားတဲ့ ကာရေဂါ
Sky Sports ရဲ့တင်ဆက်သူ ကာရေဂါက ယခုရာသီရဲ့ ထိပ်ဆုံး ၄ သင်းတိုက်ပွဲမှာ အာဆင်နယ်အသင်း အနိုင်ရသွားနိုင်တယ်လို့ ခန့်မှန်းလာခဲ့ပါတယ်။ “ ကျွန်တော်ကတော့ ဝက်စ်ဟမ်းအတွက်က ခက်ခဲလိမ့်မယ်ထင်တယ်ဗျ .. အာဆင်နယ်အတွက်ကတော့ ဝုဗ်ကိုနိုင်ပြီးတဲ့နောက်မှာ ဥရောပဘောလုံးကမ္ဘာကို ပြန်သွားဖို့အခွင့်အရေးက လက်ထဲရောက်နေပြီပြောလို့ရပါတယ် .. ယူနိုက်တက်အသင်းအတွက်တော့ သူတို့ရဲ့ ဥရောပအစဥ်အလာကိုပဲ စောင့်ကြည့်ရမှာပါ “ ဆိုပြီးပြောဆိုသွားခဲ့တာပါ။