ရာသီကုန်မျှော်လင့်ချက်နဲ့ ချိတ်ဆက်နေတဲ့ အနီးဆုံး ၂ ပွဲ

ဝုဗ်နဲ့ပွဲဟာ အသက်တမျှအရေးကြီးတယ်လို့  Gunners’ Side ရဲ့ Editorial မှာရေးခဲ့ဖူးပါတယ်။ အခုတော့ အာတီတာအသက်ရှင်ခဲ့ပြီလို့ပြောရပါမယ်။ အခုစာစုကို ရှေ့မဆက်ခင်ဘာကြောင့် ဒီပွဲဟာ ဘာကြောင့် အရေးကြီးတယ်လို့ ယူဆခဲ့လဲဆိုတာပြန်ရှင်းပြပါမယ်။  Post အနေနဲ့ တော့  တင်ခဲ့ပြီးသားပါ။

အူဘာမီယန်ကိစ္စနဲ့ အနီးဆုံးပြိုင်ဖက်တွေခြေချော်တဲ့ကိစ္စပါပဲ။ 

အူဘာမီယန်ကိစ္စဟာ  အမြင်နှစ်ဖက် ရှိနိုင်တဲ့ကိစ္စမျိုးပါ။ အူဘာကို ချစ်တဲ့သူ ၊ အာတီတာကို အစကထဲက မကြိုက်သူတွေအနေနဲ့က  အူဘာဖက်ကပဲလိုက်ကြမှာပါ။ ကစားသမားကို မညှိဖူးလား ၊ အာတီတာက မကိုင်တွယ်တတ်တာ စသည်ဖြင့်သူတို့ရဲ့အမြင်ကို Expose လုပ်ကြမှာပါပဲ။  တဖက်မှာလဲ  အူဘာရဲ့ စွမ်းဆောင်ရည်ကိုထောက်ပြပြီး အာတီတာမှန်ကြောင်းပြောမယ့်သူကလဲများပါတယ်။

နောက်တစ်ချက်က  ပြိုင်ဖက်တွေရဲ့ခြေချော်မှု။  ကနဦးမှာမျှော်လင့်ချက်အရမ်းမရှိပေမယ့် ၃ မှတ်ရရှိခြင်းဟာ ပိုကောင်းတဲ့အနေအထားကိုရောက်ရှိစေမယ်ဆိုတာ သိသွားကြတဲ့အခါ အနိုင်အရမ်းလိုချင်သွားကြပါတော့တယ်။ တကယ်လို့ ဒီအခြေအနေမှာသာ အာတီတာဟာ ၃ မှတ်မယူနိုင်ခဲ့ရင်  ရှိသမျှကိစ္စအားလုံးကို ဆွဲယူပြီး အပြစ်တင်ကြတော့မှာဖြစ်ပါတယ်။

Advertisements

ဒါဟာ ဒီနေ့ခေတ်ရဲ့သဘောပါပဲ။  ဘာပဲဖြစ်ဖြစ်အာတီတာက  တစ်ဆင့်တော့ကျော်ဖြတ်ခဲ့ပါပြီ။ အသက်ဆက်ခဲ့ပါပြီ။ ဒါပေမယ့် လောလောလတ်လတ်ရင်ဆိုင်ရမယ့် ၂ ပွဲကလဲစောင့်ကြိုနေပါတယ်။ အဲ့တာကတော့ ဘရက်ဖို့ဒ် ၊ ဝုဗ်တို့နဲ့ရင်ဆိုင်ရမယ့်ပွဲတွေပါပဲ။

ဒီပွဲ ၂ ပွဲကို ကစားပြီးချိန်ဆိုရင်  အာဆင်နယ်အတွက် ၁၄ ပွဲသာကျန်တော့မယ့်အခြေအနေကိုရောက်နေမှာပါ။ ပြောရရင် မျှော်လင့်ချက်တွေအတွက်  မိနစ် ၉၀  ကို ၁၄ ကြိမ်သာတိုက်ပွဲဝင်ရတော့မယ့်အနေအထားပါ။ အဲ့ဒီအချိန်မှာသာ အမှတ်ကောင်းကောင်းနဲ့ရပ်တည်မှုမှန်နေပြီဆိုရင်  ပရိတ်သတ်စိတ်ကျေနပ်မှုဆိုတာထက် တကယ်ကို ပန်းတိုင်မြင်ရမယ့် အခြေအနေဖြစ်ပါတယ်။ 

ဒီနှစ်ပွဲကနေ  ၄ မှတ်တို့   ၃ မှတ်တို့ဆိုရင်လဲပြသနာမရှိပေမယ့်  ၆ မှတ်ရထားဖို့ကတော့ အလွန်အရေးကြီးပါတယ်။ ဖြစ်ချင်တော့ မာတင်နယ်လီမပါနိုင် ၊ စမစ်ရိုးကလည်း ပွဲချိန်ပြည့်ကစားဖို့ ကြံ့ခိုင်မှုရှိရဲ့လားမသေချာပေမယ့်  အာတီတာဟာ သူရင်ဆိုင်ရမယ့်အရာကိုတော့ရှောင်လွှဲလို့မရပါဘူး။ တချိန်ထဲမှာပဲ အခုလို လူမရှိခြင်းဟာ သူနဲ့ အီဒူးတို့ လူမခေါ်နိုင်ခဲ့ခြင်းရဲ့အကျိုးဆက်ဖြစ်တာမို့ သူ့မှာရွေးချယ်စရာမရှိပါဘူး။ အကောင်းဆုံး နည်းလမ်းရှာပြီး ဖြတ်သန်းရုံသာဖြစ်ပါတယ်။

နောက်ပိုင်းရင်ဆိုင်ရမယ့်အထဲမှာ လီဗာပူး ၊ စပါး ၊ ချဲလ်ဆီးတို့လို အမှတ်လျော့နိုင်ချေရှိတဲ့ပွဲတွေရှိနေတာမို့  နိုင်ရမယ့်ပွဲတွေမှာ အမှတ်ဆုံးလို့မရပါဘူး။ ဒါ့အပြင်အနီးဆုံးပြိုင်ဖက် ယူနိုက်တက်တို့ ယိမ်းယိုင်နေချိန်မှာ အခွင့်အရေးအရယူဖို့လိုပါတယ်။  ယူနိုက်တက်ရဲ့ လူစာရင်းဟာ အချိန်မရွေးပြန်လည်တောက်ပလာနိုင်တဲ့ အခြေအနေမှာဖြစ်လို့  အာဆင်နယ်အတွက်အမှတ်မဖြတ်ထားနိုင်ရင် အန္တရာယ်များပါတယ်။

ဒီတော့ဝုဗ်နဲ့ပွဲက အသက်ဆက်ဖို့အရေးပါခဲ့တာဖြစ်သလို အခုလာမယ့် ၂ပွဲကတော့ ရည်မှန်းချက်တွေအတွက် အရေးကြီးတဲ့ လှေခါးထစ်တွေပဲဖြစ်ပါတယ်။ ဒီ ၂ ပွဲနိုင်လို့ ရာသီကုန် Top 4 ဝင်မယ်လို့ မပြောနိုင်ပေမယ့် နောက်ပိုင်းပွဲတွေမှာ အမှတ်ဆုံးရှုံးခွင့်ပိုရသွားမှာအသေအချာပါပဲ။

Advertisements

Advertisement

Leave a Reply

%d bloggers like this: