ကပ္ပတိန်အသစ်အကြောင်း ဆွေးနွေးရင်း စပါးနဲ့ ဥပမာပေးခဲ့လို့ ဒေါသထွက်ခဲ့တဲ့ ပေါလ်မာဆင် 

အူဘာမီယန်းအလွန် အာဆင်နယ်ရဲ့ ကပ္ပတိန်လက်ပတ်ကို လာကာဇက်ထံအပ်နှင်းခဲ့ပေမယ့် ဒါဟာ ရေရှည်အတွက်မဟုတ်ပဲ ရေတိုပြဿနာဖြေရှင်းနည်းတစ်ခုသာဖြစ်ပါတယ်။ လတ်တလောမှာ လာကာဇက်ဟာ အသင်းရဲ့ကစားကွက်မှာ အထောက်အကူပြနိုင်တာရယ်၊ ဖန်တီးမှုအချို့ ပြုလုပ်နိုင်တာကလွဲရင် သူ့ရဲ့ အဆုံးသတ်စွမ်းရည်ကတော့ အဆင်မပြေလှပါဘူး။ 

ဒါ့အပြင်ရာသီကုန်မှာလည်း လာကာဇက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိနေတာကြောင့် အာတီတာအနေနဲ့ အနာဂတ်အာဆင်နယ်အသင်းခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ တီယာနေး၊ ရမ်ဒေးလ်တို့ဟာ အသင်းရဲ့ကပ္ပတိန်လက်ပတ်ကို လာကာဇက်တီဆီကနေ လွှဲပြောင်းရယူနိုင်ချေ အများဆုံးရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။ သူတို့ရဲ့ခြေစွမ်းနဲ့ အသင်းအပေါ်ဦးဆောင်နိုင်မှုတွေကလည်း တကယ်ကို ကောင်းမွန်တာကြောင့် ဒီကစားသမားနှစ်ယောက်ထဲက ဘယ်သူ့ကို ကပ္ပတိန်အဖြစ်ရွေးချယ်ရမလဲဆိုတာ အာတီတာ အတွက်တော့ အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။ အာဆင်နယ်ရဲ့ အနာဂတ်အသင်းခေါင်းဆောင် ဘယ်သူဖြစ်သင့်လဲဆိုတဲ့ ဆွေးနွေးငြင်းခုံနေမှုတွေအပေါ် ၀င်ရောက်လာခဲ့သူတစ်ဦးကတော့  ဂန္တ၀င်‌ဂန်းနားတစ်ယောက်ဖြစ်တဲ့ ပေါလ်မာဆင်ပဲ ဖြစ်ပါတယ်။ 

ပေါလ်မာဆင်ဟာ အာဆင်နယ်အသင်းမှာ ၁၂နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း ၄၀၀ကျော်ကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားစတဲ့ ဆုဖလားပေါင်းများစွာကို အသင်းနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ Sky Sports ရဲ့ အားကစားဝေဖန်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်ဟာ အာဆင်နယ်ရဲ့ အနာဂတ်ကပ္ပတိန်ဘယ်သူဖြစ်သင့်လဲဆိုတာ ဆွေးနွေးရင်း ခါးသီးတဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းကို နာနာလေးနှက်ခဲ့ပြီး ခုထိ ဂန်းနားတစ်‌ယောက်ဖြစ်နေဆဲ ဆိုတာ သက်သေပြခဲ့ပါတယ်။ ပေါလ်မာဆင်ပြောခဲ့တာကတော့ 

Advertisements

“လာကာဇက် ကို ကျွန်တော်သဘောကျပါတယ်။ ရာသီမကုန်ခင်မှာ သူ ရှစ်ဂိုးလောက်သွင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို အသင်းခေါင်းဆောင်တော့ မခန့်ခဲ့သင့်ဘူးလို့ ထင်တယ်။ ရာသီကုန်ကျရင် သူ့ရဲ့ စာချုပ်သက်တမ်းက ကုနါပြီလေ။ ကျွန်တော့်အတွက်တော့ တီယာနေးလ်၊ ဒါမှမဟုတ် ဘန်ဝှိုက်က အသင်းရဲ့ ကပ္ပတိန်ဖြစ်သင့်တဲ့သူ ပါပဲ

ပေါလ်မာဆင်ရဲ့ ပြောဆိုမှုကို ကလင်တန်မော်ရစ်ဆင်က ခုလို၀င်ထောက်ခဲ့ပါတယ်။ 

“ဒါမှမဟုတ် ရမ်ဒေးလ်ဆိုရင်ကော” 

ဂိုးသမားတော့ မလုပ်ပါနဲ့” လို့ ပေါလ်မာဆင်က ပြန်ဖြေပါတယ်။ 

လောရစ်ဆို စပါးမှာ ကပ္ပတိန်လုပ်နေတာပဲလေ” လို့ မော်ရစ်ဆင်က ပြန်ပြောတော့  

“အဲ့ဒီတော့ ဘာဖြစ်လဲဗျ။ အခု သူတို့ ဘယ်နေရာမှာလဲ။ သူတို့ဘယ်နေရာမှာလဲ။ သူတို့ဘယ်နေရာမှာလဲ” လို့ ပေါလ်မာဆင်က ပြန်တုံ့ပြန်ခဲ့ပါတယ်။ 

ဒီအင်တာဗျူးကို ပြုလုပ်ချိန်မှာ စပါးဟာ အာဆင်နယ်အသင်းရဲ့ အောက်၊ အမှတ် ၃မှတ်အကွာနဲ့ အဆင့် ၇နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဝူဗာဟန်တန်ကို ၉ဂိုးပြတ်နဲ့ အနိုင်ရမှသာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ပေါလ်မာဆင်က ဒါကိုကြည့်ပြီး စပါးကို ကြုံတုန်းလေး ခပ်နာနာလေးနှက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝုဗ်အသင်းနဲ့ကစားတဲ့ပွဲမှာ  အမှတ်မရခဲ့တာကြောင့် အမှတ်ပေးဇယားအရ အာဆင်နယ်ကပဲ စပါးအပေါ်မှာ ဆက်လက်ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: