နောက်ဆုံးရ အာဆင်နယ် သတင်းများ(13Feb)

ဆာကာကို စာချုပ်သစ်ချုပ်ဆိုဖို့ မာဆင်တိုက်တွန်း

အာဆင်နယ် ဂန္တဝင်ပေါလ်မာဆင်က  ဆာကာကို လစာတိုးမြှင့်ပေးဖို့အတွက်  Sky Sports မှတဆင့် အာဆင်နယ်တာဝန်ရှိသူများကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

“ အူဘာမီယန်ထွက်သွားတဲ့နောက်မှာ  ဆာကာလဲ ထွက်သွားတာမျိုးဖြစ်လို့မရတော့ပါဘူး။ အခုချက်ချင်းပဲ ဒီမှာ ပေါင် ၅၀၀၀၀ လောက်ပိုများတဲ့လစာ ၊ ဒီမှာ ၅ နှစ်စာချုပ်ဆိုပြီး  ကစားသမားကို ဆွဲဆောင်ရမှာပါ။ အသင်းကနေ လူကောင်းတွေထွက်သွားလို့မဖြစ်ပါဘူး “ ဆိုပြီး ပြောဆိုခဲ့တာပါ။ ဆာကာဟာ လက်ရှိစာချုပ်အရ တစ်ပတ်ကို ပေါင် ၃၃၀၀၀ ရရှိနေသူဖြစ်ပါတယ်။

အမ်းမရိတ်ပွဲစဥ်အတွက် ကြိုတင်သတိပေးခဲ့တဲ့  ဝုဗ်အသင်းခေါင်းဆောင်

ဝုဗ်အသင်းခေါင်းဆောင် ကိုဒေးကလဲ  ရူဗင်နီဗက်ရဲ့ ဝေဖန်မှုကိုထောက်ခံသွားခဲ့ပြီး  အမ်းမရိတ်ပွဲစဥ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

“  ကျွန်တော်တို့ဟာပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်  အာဆင်နယ်က အသင်းကြီးပါ.. သူတို့ကအပေါ်သင်းပါ။ ဒီလိုအခြေအနေမှာ သူတို့ရဲ့အောင်ပွဲခံပုံကိုမြင်ရတဲ့အခါ ကျွန်တော်တို့သဘောမကျမိပါဘူး။ ဒါအရိုးသားဆုံးပြောတာပါ။ လာမယ်အပတ်တွေထဲမှာပဲ ကျွန်တော်တို့တွေအမ်းမရီတ်မှာပြန်ဆုံပါဦးမယ်။  ဒီပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ကြိုးစားသွားပါမယ် “  ဆိုပြီး BBC Radio 5 ကိုပြောသွားခဲ့ပါတယ်။

Advertisements

ဘာလိုဂန်ပထမဆုံးအကြိမ်ပွဲချိန်ပြည့်ကစားခဲ့

ဒါဘီအသင်းကို ၄ – ၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ  ဘာလိုဂန် ဟာ  ပထမဆုံးအကြိမ်ပွဲချိန်ပြည့်ကစားသွားခဲ့တယ်လို့ သိရပါတယ်။ ဘာလိုဂန်ဟာ  ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် ခြေစွမ်းပြကစားသွားပြီး  ပြိုင်ဖက်နောက်တန်းကို တောက်လျှောက်ခြိမ်းချောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ပွဲအပြီးမှာလည်း သူရဲ့ ဆိုရှယ်မီဒီယာကနေ ရလဒ်အတွက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဝီးရှိုင်းယားကို စိတ်ဝင်စားနေတဲ့ စီးရီးဘီကလပ်

စီးရီးဘီကလပ်ကိုမိုအသင်းဟာ  အာဆင်နယ်အသင်းနဲ့အတူလေ့ကျင့်ရေးများပြုလုပ်နေတဲ့ ဝီရှိုင်းယားကို ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ Tutto Mercato Web ကဖော်ပြလာပါတယ်။ ဂျက်ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းကိုလည်း ကိုမိုရဲ့တာဝန်ရှိသူတစ်ဦးက  Facebook မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ EU နိုင်ငံအဖွဲ့ဝင်မဟုတ်တော့တဲ့ UK ကြောင့် လွယ်ကူလျင်မြန်စွာခေါ်ယူဖို့အခက်အခဲရှိနေတယ်လို့လဲ သိရပါတယ်။

ဂျက်ကော့ရမ်ဆေးကို သဘောကျနေတဲ့ ကစားသမားဟောင်းကြီး

လီဗာပူးလ်ကစားသမားဟောင်းကြီး မိုက်ကယ်သောမတ်စ်က  အက်စတွန်ဗီလာရဲ့ ဂျက်ကော့ရမ်ဆေးကို အာဆင်နယ်အသင်းမှာ မြင်ချင်မိတယ်လို့ Caught Offside နဲ့တွေ့ဆုံစဥ်မှာ  ပြောဆိုခဲ့ပါတယ်။  “  ကျွန်တော် အတော်ကလေး သဘောကျမိတဲ့ကစားသမားက ဂျက်ကော့ရမ်ဆေးပါ။ ဒီအသင်းမှာဆက်ရှိနေဦးမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ သူ့ကို အာဆင်နယ်မှာကစားနေတာမြင်ချင်မိတယ်ဗျာ” ဆိုပြီးပြောဆိုခဲ့တာပါ။  ဒီရာသီမှာ ရမ်ဆေးဟာ  ၂၁ ပွဲကစား ၊  ၅ ဂိုးသွင်းပြီး  တစ်ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: