စမစ်ရိုးက အများကြီးအောင်မြင်ဦးမယ့်သူပါလို့  ယွန်းဘတ်ပြောဆိုခဲ့

အာဆင်နယ်အသင်းဂန္တဝင်တစ်ဦးလည်းဖြစ် ၊ အသင်းနဲ့အတူအကြာကြီးလက်တွဲဖူးသူလဲဖြစ်တဲ့ ဖရက်ဒီယွန်းဘတ်က  လူငယ်ကွင်းလယ်လူ စမစ်ရိုးကို ချီးကျူးလိုက်ပြီး  ၊ ထိပ်ဆုံးထိရောက်အောင် ဆက်လက်တိုးတက်သွားမယ့်သူလို့ ယုံကြည်နေပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားလေးဟာ  ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ အာတီတာရဲ့ ယုံကြည်ကိုးစားမှုကို ရရှိထားခဲ့ပြီးကတည်းက ဆက်တိုက်တိုးတက်နေခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ကြယ်ပွင့်တစ်ဦးလည်းဖြစ်နေသူပါ။  နောက်ဆုံးပွဲတွေမှာ ပွဲထွက်တာသိပ်မတွေ့ရပေမယ့် စမစ်ရိုးဟာ အာဆင်နယ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး အသင်းကိုဆွဲတင်ခဲ့တဲ့လူငယ်တွေထဲကတစ်ယောက်လဲ ဖြစ်ပါတယ်။

ယွန်းဘတ်ဟာ စမစ်ရိုးကို ပွဲထုတ်ပေးခဲ့သူဖြစ်ပြီး အမှတ်တရများစွာလည်းရှိထားပုံပါပဲ။  စမစ်ရိုးနဲ့ပတ်သတ်ပြီး ပြောဆိုဖြစ်ကြတဲ့အခါ ယွန်းဘတ်က အဆုံးမရှိဆက်လက်ထွန်းတောက်သွားမှာဖြစ်တယ်လို့ယုံကြည်နေပြီး ဘယ်အရာကမှ ရပ်တန့်လို့မရနိုင်ဘူးလို့ဆိုပါတယ်။

FIFA 22 ရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ် စမစ်ရိုးကို သတ်မှတ်ခဲ့ချိန်မှာ ယွန်းဘတ်က  “ ခင်ဗျားဟာ အရေးကြီးတဲ့ကိစ္စတွေကိုလုပ်ဆောင်နေတဲ့နည်းပြတစ်ယောက်ဆိုပါတော့ ..  အချို့အရာတွေကို ကြည့်ရုံနဲ့လဲသိနိုင်တဲ့အခြေအနေတွေရှိပါတယ်  .. ဆိုလိုတာကဗျာ  ကစားသမားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တယ်၊ သန်မာတယ်၊  လျှင်မြန်တယ်၊ နည်းစနစ်ကြွယ်တယ်၊ ကန်ချက်တွေကောင်းတယ်။  ဒီအရာတွေဆက်လက်တိုးတက်ဖို့အတွက်က အတားအဆီးမရှိဘူးဗျ .. ကိုယ်ကိုယ်တိုင်ရပ်ပစ်လိုက်မှပဲရမယ် “  ဆိုပြီး စမစ်ရိုးကို ရည်ညွန်းချီးကျူးသွားခဲ့တာပါ။

FIFA Game ကစားသူတွေအတွက်တော့ သတ်မှတ်ချက်အသစ်အရ စမစ်ရိုးက ပိုမိုလူကြိုက်များတဲ့ ပလေယာတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကစားသမားရဲ့ Performance တွေကို အကုန်တိုးမြှင့်ပေးလိုက်တာဖြစ်လို့ ပိုပြီးလုပ်ဆောင်ချက်တွေမြင့်မားတဲ့ Gaming Icon ဖြစ်လာခဲ့တာပါ။

လက်ရှိအခြေအနေအရ နောက်ဆုံးပွဲတွေမှာ စမစ်ရိုးက အရံအဖြစ်ပဲကစားနေရတာများပေမယ့် ကစားသမားရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာအချို့ကြောင့် ပွဲချိန်ပြည့်မသုံးတာဖြစ်ကြောင်း အာတီတာက ဖွင့်ဟခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်နဲ့ပွဲမှာ မာတင်နယ်လီရဲ့ အနီကတ်ပစ်ဒဏ်ကြောင့် စမစ်ရိုးကလာမယ့်ပွဲတွေမှာတော့ ဘယ်တောင်ပံနေပွဲထွက်ကစားပေးရဖို့လဲများနေပါတယ်။

အာဆင်နယ်အသင်းကြီးအတွက်  ၁၆ ဂိုးသွင်းပေးထားတဲ့ စမစ်ရိုးဟာ ဒီရာသီတစ်ရာသီထဲမှာတင် ၉ ဂိုးသွင်းပေးထားတာဖြစ်ပါတယ်။ သူ့ကို ပွဲချိန်ပြည့်ပြန်မြင်ရဦးမှာဖြစ်ပေမယ့် ရာနှုံးပြည့်မကြံ့ခိုင်ပဲ ကစားစေရမယ်ဆိုရင်တော့ အာတီတာ ဦးနှောက်ခြောက်ရဦးမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: