ဝုဗ်နဲ့ပွဲမှာ အာတီတာကျေးဇူးတင်ရမယ့် ကစားသမား ၂ ယောက်

ပြည်တွင်းဖလား ၂ လုံးစလုံးကနေထွက်လိုက်ရပြီးတဲ့နောက်မှာ အာဆင်နယ်အတွက်ဆက်လုပ်စရာက  ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပဲရှိပါတော့တယ်။  စပါး ၊ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတွေဟာ အာဆင်နယ်ရဲ့အနီးဆုံးပြိုင်ဖက်တွေဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂန်းနားတွေဟာ အနဲငယ်သောအသာရမှုနဲ့အတူ အိမ်မက်ကို ခိုင်ခိုင်မာမာမက်ထားနိုင်နေပါတယ်။

လက်ကျန်ပွဲတွေကိုအကောင်းဆုံးကစားသွားနို်င်ဖို့ဆိုတာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့ လူအင်အားအဓိကလိုအပ်ပြီး အာတီတာအတွက်ကတော့ အပြောင်းအလဲလုပ်စရာသိပ်မရှိတဲ့ ပွဲထွက် ၁၁ ယောက်သာအားကိုးရှိနေပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးပွဲမှာတော့ စပိန်သားဟာ ခက်ခဲတဲ့ နိုင်ပွဲတစ်ပွဲကိုရရှိခဲ့ပြီး ၊ ကျေးဇူးတင်စရာကစားသမားတွေလည်း ရှိနေပါတယ်။

Advertisements

ပထမဦးဆုံးအာတီတာအတွက်အကျိုးအမြတ်ဖြစ်စေခဲ့တာကတော့ ဆဲဒရစ်ပါပဲ။

တိုမီယာစုမကစားနိုင်လို့ စိတ်ပျက်နေကြတဲ့အခြေအနေမှာ ဆဲဒရစ်ရဲ့ခြေစွမ်းဟာ အာဆင်နယ်အသင်းရဲ့ပူပန်မှုတွေကိုလျော့ကျစေခဲ့ပါတယ်။  အရေးကြီးတဲ့ ဖလားမျှော်လင့်ချက်အတွက် တိုမီယာစုကိုစွန့်စားပြီးကစားစေခဲ့ပေမယ့် ကာရာဘောင်းဖလားမှာ  ရင်းရကြိုးမနပ်ခဲ့ပါဘူး။   အသက် ၂၃ နှစ်အရွယ်ဂျပန်သားအသင်းအတွက်မပါဝင်နိုင်ချိန်မှာ  တာဗာရက်စ်ကို ညာဖက်ရွှေ့ကစားမလားဆိုတာအထိတွေးခဲ့ရတဲ့အနေအထားရှိခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီသားရဲ့ စွမ်းဆောင်ရည်တွေက ကွင်းထဲမှာ တော်ေတာ်လေးကိုကောင်းမွန်ခဲ့ပါတယ်။ တစ်ပွဲလုံးမှာ အမှားမရှိသလောက်နီးပါးကစားသွားခဲ့ပြီး  ဖြတ်တင်ဘောတွေပြုလုပ်နိုင်ခဲ့သလို  လာကာဇက်သာလွဲချော်မှုမရှိခဲ့ရင် ဖန်တီးမှုပြုလုပ်နိုင်ဖို့အထိပါနီးစပ်ခဲ့ပါတယ်။  တစ်ပွဲလုံးမှာ ဘောလုံးအကိုင်ထားနို်င်ဆုံးကစားသမားဖြစ်ခဲ့သလို  တစ်ယောက်ချင်းတွေ့ဆုံမှုမှာလည်း ၈ ကြိမ်ရင်ဆိုင်ရာမှာ ဖျက်ထုတ်မှု ၅ ကြိမ်ထိပြုလုပ်နိုင်ခဲ့တာပါ။  တစ်နိုင်ငံထဲသား ဖရန်ဆက်စကို ထရင်ကာအိုနဲ့  ဒန်နီယယ်ပိုဒန့်စ်တို့ကို အကောင်းဆုံးထိမ်းချုပ်သွားနိုင်ခဲ့ပါတယ်။

ပွဲထွက်ကစားသမားဘဝနဲ့လဲဝေးနေချိန် ၊ ရာသီကုန်မှာလည်းပြောင်းရွှေ့ဖို့ သတင်းထွက်နေချိန်မှာ  ကစားခွင့်ရတုန်း အကောင်းဆုံးပုံစံနဲ့ အသင်းကိုအထောက်အကူပြုသွားခဲ့ပါတယ်။

နောက်တစ်ယောက်တော့ ဟိုးဒင်း ပဲဖြစ်ပါတယ်။

မထင်မှတ်ပဲ လက်ကျန်ပွဲချိန်တွေကို ၁၀ ယောက်ထဲနဲ့ ကစားရတော့မယ့်အချိန်မှာ  ဟိုးဒင်းဟာကွင်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ ၁၉ မိနစ်လုံးလုံးမှာ အမှားအယွင်းမရှိကစားနိုင်ခဲ့ပြီး  ရှင်းထုတ်မှုပေါင်း ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ကိုလူစားလဲခဲ့မှုအတွက်လဲ သုံးသပ်သူတွေက အာတီတာကို ချီးမွမ်းကြတဲ့အထိ ပွဲတွင်းမှာစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ တစ်သင်းလုံးနီးပါးတက်ဖိကစားနေတဲ့ ဝုဗ်ရဲ့တိုက်စစ်ကို ကြံကြံခံနိုင်ဖို့အတွက် ၂၅ နှစ်သားဟာ လိုနေချိန်မှာ အသင့်ရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာကလည်း “ ဒီနေ့ပွဲကတော့ ချီးကျူးစရာတွေအများကြီးပါပဲ “ လို့ အဖွင့်စကားဆိုပြီးနောက် ဟိုးဒင်းကိုလည်း  လိုနေချိန်တိုင်းမှာအသင့်ရှိသူအဖြစ်ပြောဆိုသွားခဲ့ပါတယ်။

အပြောင်းအရွှေ့ကာလမှာ ထင်သလိုမဖြစ်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ပြစ်တင်မှုကိုခံနေရတဲ့ အာဆင်နယ်အသင်းနဲ့အာတီတာအတွက် ဝုဗ်ကိုနိုင်ခဲ့တာဟာ တော်တော်လေး အထောက်အကူဖြစ်ခဲ့ပြီး ၊ ပြိုင်ပွဲအနေအထားမှာလည်း အသင်းကို ရည်မှန်းချက်တွေဆီကိုပိုပြီးနီးစပ်သွားစေခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: