ပြောင်းရွှေ့ကြေးထက်ဝက်ခန့်လျော့ကျသွားတဲ့ တိုင်လီမန်းစ်

လက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ကွင်းလယ်ကစားသမား တိုင်လီမန်းစ်အတွက် ပြောင်းရွှေ့ကြေးကို ထက်ဝက်ခန့်လျှော့ချလိုက်ပြီဖြစ်ကြောင်းသတင်းများကဖော်ပြလာကြပါတယ်။ လတ်တလောမှာ တိုင်လီမန်းစ်ကို  အာဆင်နယ် ၊ မန်ချက်စတာယူနိုက်တက် ၊ ရီးရဲမက်ဒရစ် နဲ့ ဂျူဗင်တပ်စ်တို့က စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

တိုင်လီမန်းစ်နဲ့ လက်စတာအသင်းကြားထဲမှာလည်း စာချုပ်သစ် ဆွေးနွေးမှုဟာ မအောင်မြင်သေးပဲ ကြန့်ကြာနေတာဖြစ်လို့  အသင်းဖက်က အခုလိုမျိုးစျေးသက်သက်သာသာနဲ့ရောင်းထုတ်ဖို့ စီစဥ်လာတာလဲဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသတင်းစာ Het Nieuwsblad ရဲ့ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီအကုန်မှာ လက်စတာကို စွန့်ခွာပြီး ဆုဖလားမှန်းတဲ့ အသင်းကြီးတစ်သင်းသင်းဆီကိုပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြလာပါတယ်။

အဆိုပါသတင်းမှာပဲ လက်စတာတို့ဟာ  ကနဦးမှာ ကစားသမားကို သန်း ၆၀ သတ်မှတ်ထားရာကနေ  ၂၀၂၃ ရာသီမှာ အလွတ်နဲ့လက်လွှတ်ရမှာကိုစိုးရိမ်တဲ့အတွက် စျေးနှုန်းလျှော့ချလိုက်တာ ဖြစ်ကြောင်းဖော်ပြထားပါတယ်။

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း အခြေအနေအရပ်ရပ်ကို သိရှိထားပုံရပြီး  လွန်ခဲ့တဲ့လတွေတုန်းက အခုလိုပဲဆိုထားပါတယ်။

“ သူ့အသက်အရွယ်က ရွေးချယ်စရာများတဲ့အနေအထားမှာရှိနေပါတယ်။  သူ့ကိုလက်စတာအသင်းမှာပဲရှိနေစေချင်ပေမယ့် ဘောလုံးသမားဘဝဆိုတာလဲ တိုတောင်းတယ်မဟုတ်လား ။ ရည်မှန်းချက်တွေရှိတဲ့ဘောလုံးသမားတစ်ယောက်ဟာ ပိုမိုတိုးတက်လာဖို့အတွက် မတူညီတဲ့နေရာတွေဆီကိုသွားချင်ကြတာပါပဲ။ ဒီလိုအဖြစ်မျိုးတွေကိုလဲ မကြာခနမြင်ခဲ့ဖူးပါပြီ။

Advertisements

အသင်းတွေဟာ ဆုဖလားတွေရရှိဖို့ကြိုးစားကြတယ်၊ ကစားသမားတွေကလဲ ပြောင်းရွှေ့နေကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ကျွန်တော့်အဖို့ကတော့  သူ့ကိုအဆက်မပြတ်တိုးတက်နေစေဖို့နဲ့  အာရုံစူးစိုက်မှုရှိစေဖို့ ၊ ဒါ့အပြင် လုပ်ပေးနိုင်တာတွေလုပ်ပေးဖို့ပဲ အာရုံစူးစိုက်ထားပါတယ်။

သူနဲ့ကျွန်တော်နဲ့က တော်တော်လေးရင်းနှီးပါတယ်။  စတွေ့တဲ့အချိန်ကတည်းက သူ့ကိုပိုမိုတိုးတက်လာစေဖို့ ကတိပြုထားခဲ့သလို သူကလဲ ကျေနပ်ပျော်ရွင်ခဲ့ပါတယ်။  

ကစားသမားတစ်ယောက်ဟာ အာရုံစူးစိုက်မှုရှိတယ်  ပရီုဖက်ရှင်နယ်ပီသတယ်ဆိုရင် ကျွန်တော့်အတွက်ကအဆင်ပြေပါပြီ။  ယူရီနဲ့ပတ်သတ်လို့ကတော့ ခင်ဗျားတို့လဲအမြင်ပါပဲ။ သူဒီမှာနေရတာပျော်နေပါတယ် .. ထိုနည်းတူစွာပဲ  သူတို့ရဲ့ ဆန္ဒကိုလေးစားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားဘဝဆိုတာ တိုတောင်းလှပါတယ် “  လို့   အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ဒီအဖြေတွေကို ကောက်ချက်ချရရင်တော့ တိုင်လီမန်းစ်ရဲ့ထွက်ခွာမှုအတွက် ရော်ဂျာတစ်ယောက်ပြင်ဆင်ထားပြီးဖြစ်ပါလိမ့်မယ်။  ဘယ်အသင်းဆီကို ရောက်ရှိသွားမလဲကိုသာစောင့်ကြည့်ရမယ့်ပုံမှာရှိပါတယ်။

ယခုရာသီကုန်ရင်  လက်စတာအသင်းနဲ့  ၃ ရာသီခွဲတိုင်တော့မယ် ဘယ်လ်ဂျီယံသားဟာ  မြေခွေးတို့အတွက် ၁၃၅ ပွဲကစားပြီး ၂၃ ဂိုးသွင်းယူပေးထားနိုင်သူလဲဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်မှာတော့ ပွဲပေါင်း ၄၀၀ နီးပါးကစားထားပြီး  ဂိုးပေါင်း ၇၀ နီးပါးသွင်းထားနိုင်သူပါ။ အသက်အရွယ်နဲ့မှတ်တမ်းတွေအရတော့ အသင်းကြီးတစ်သင်းဆီကိုပြောင်းချင်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

Advertisements

Advertisement

Leave a Reply

%d bloggers like this: