ရက်ပိုင်းအတွင်း အာတီတာ ကိုင်တွယ်ဖြေရှင်းခဲ့ရသော ထိရှလွယ်အခြေအနေ ၂ ရပ်

♦ အူဘာမီယန်ရဲ့ မှတ်ချက်ကိုတုန့်ပြန်မှု

အသင်းမှထွက်ခွာသွားသော တိုက်စစ်မှုး အူဘာမီယန်ရဲ့ “ တစ်ခုတည်းသော ပြသနာက အာတီတာ “ ဆိုတဲ့ပြောဆိုမှုကို အစွန်းလွတ်အောင်ပြန်လည်တုန့်ပြန်ခဲ့ရပါတယ်။ သူ့ရဲ့လုပ်ဆောင်ပြောဆိုချက်တွေအကုန်လုံးက ကိုယ်ရေးကိုယ်တာမပါဝင်ပဲ​အသင်းအတွက်သာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းသွားခဲ့ပါတယ်။ အစားထိုး တိုက်စစ်မှုးမခေါ်ယူနိုင်ခြင်း ၊ အသင်းခေါင်းဆောင်ဟောင်းအပေါ်သံယောဇဥ်ရှိနေသော ပရိတ်သတ်များရဲ့ စိတ်ခံစားမှု စတဲ့အချက်တွေကြောင့် သတိထားကိုင်တွယ်ခဲ့ရတာသိသာပါတယ်။

♦ အနီးဆုံးပြိုင်ဖက်များရဲ့ ခြေချော်မှုကြောင့် မျှော်လင့်ချက်ကြီးနေကြတဲ့ပရိတ်သတ်တွေ

ဝုဗ်ကိုအနိုင်ရခဲ့ခြင်းဟာ အသင်းအတွက်ရော ၊​သူ့အတွက်ပါတော်တော်လေးအသက်ရှုချောင်သွားစေတဲ့ကိစ္စဖြစ်ပါတယ်။ အကယ်၍သာ အခွင့်အရေးမယူနိုင်ခဲ့ပါက ပရိတ်သတ်များရဲ့ မချိတင်ကဲဖြစ်မှုကြောင့် သာမန် အမှတ်ဆုံးရှုံးမှုထက်ပိုတဲ့ဖိအားတစ်ရပ်ကိုရင်ဆိုင်သွားရဖွယ်ရှိခဲ့တာပါ။

ရာသီကုန်အထိရင်ဆိုင်ရဦးမယ့် စိန်ခေါ်မှုအထွေထွေကို အာတီတာနဲ့ အဖွဲ့သားတွေကျော်ဖြတ်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: