အာဆင်နယ် ဖလားရသလိုအောင်ပွဲခံခဲ့တယ်လို့ နီဗက်စ်ပြော
အာဆင်နယ်အသင်းရဲ့အောင်ပွဲခံပုံကြောင့် ဝုဗ်အသင်းရဲ့အဆင့်အတန်းကို မြင်ခဲ့ရတယ်လို့ ကွင်းလယ်လူ နီဗက်စ်က BBC ကို ပြောဆိုခဲ့ပါတယ်။
“ သူတို့အောင်ပွဲခံတာကို ကျွန်တော်တို့မြင်ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့အသင်းရဲ့ အဆင့်အတန်းကို ထင်ဟပ်နေခဲ့တယ်လို့ ထင်ပါတယ်။ အာဆင်နယ်အသင်းအခုလိုအောင်ပွဲခံနေတာကို လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကျွန်တော် မမြင်ဖူးပါဘူး။ သူတို့က ဖလားရသွားသလိုကို အောင်ပွဲခံနေကြတာပါ “ ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။
ဂါဘရီရယ်ကို ချီးကျူးနေကြတဲ့ ပရိတ်သတ်တွေ
ဝုဗ်ကိုအနိုင်ရခဲ့တဲ့ပွဲစဥ်မှာ ဂါဘရီရယ်ရဲ့ခြေစွမ်းကို ပရိတ်သတ်တွေသဘောကျနေကြကြောင်း 101 Great Goals က စုစည်းဖော်ပြလာပါတယ်။ ဂါဘရီရယ်ဟာ တစ်လုံးထဲသောအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့အပြင် ကာကွယ်ဖျက်ထုတ်မှုများစွာကိုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ ယခုနှစ်ပိုင်းများရဲ့အကောင်းဆုံးခေါ်ယူမှုအဖြစ် ပရီတ်သတ်အချို့ကညွန်းဆိုနေပါတယ်။
ဟိုးဒင်းကို တခုတ်တရချီးကျူးခဲ့တဲ့ ကီအွန်
အာဆင်နယ်ဂန္တဝင်ကြီး မာတင်ကီအွန်က အာဆင်နယ်အသင်းရဲ့ နိုင်ပွဲအပေါ်ဝမ်းမြောက်နေပြီး အာတီတာရဲ့ လူစားလဲမှုကိုလဲ ချီးကျူးသွားခဲ့ပါတယ်။ “ သိပ်ကောင်းတယ်ဗျာ .. ဟိုးဒင်းကို လူစားဝင်ကစားစေခဲ့တော တော်တော်လေး စမတ်ကျတဲ့ လုပ်ရပ်ပါပဲ။ ကွင်းထဲကို သူဝင်လာတိုင်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ပါတယ်။ ဒါကသိပ်အရေးကြီးပါတယ် “ ဆိုပြီးချီးကျူးခဲ့တာပါ။ ဒါ့အပြင် ဒီအသင်း ၂ သင်းပြန်လည်တွေ့ဆုံမယ့်ပွဲကလည်း ကြည့်ကောင်းဦးမှာဖြစ်ကြောင်း ၊ ယခုပွဲကတော့ အာဆင်နယ်အတွက်ဖြစ်ခဲ့ကြောင်းတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
သူတစ်ဂိုးသွင်းယူနိုင်ခဲ့သင့်ကြောင်း လာကာဇက်ဝန်ခံ
ဝုဗ်အသင်းကိုအနိုင်ရတဲ့ပွဲအပြီးမှာ လာကာဇက်က သူ့အနေနဲ့ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သင့်ကြောင်း ၊ ဒါပေမယ့်အသင်းက အလွန်ကောင်းခဲ့ပြီးအဆုံးမှာ နိုင်ပွဲရခဲ့ကြောင်းကို ပြောဆိုသွားခဲ့ပါတယ်။
“ အဆုံးမှာတော့ ဖိအားတွေကို ကျွန်တော်တို့ ကိုင်တွယ်သွားနိုင်ခဲ့ပါတယ်။ တကယ်ကောင်းမွန်ပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲပါပဲ။ ဒီလိုနိုင်ပွဲရဖို့အတွက် ကျွန်တော်တို့အသင်းဟာထိုက်တန်ခဲ့သလို ဂိုးသွင်းခွင့်တွေလဲရခဲ့ပါတယ်။ ကျွန်တော်လဲ ဂိုးရလောက်တဲ့အခွင့်အရေးတစ်ကြိမ်ကို အသုံးချနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အသင်းကသိပ်ကောင်းတာကြောင့်အနိုင်ရသွားတာပါ “ ဆိုပြီး Arsenal Media ကို ပြောသွားခဲ့တာဖြစ်ပါတယ်။
ဂိုးနဲနဲ နဲ့နိုင်ပေမယ့်လည်းအဆင်ပြေကြောင်း အီယန်ရိုက်ပြောကြား
အာဆင်နယ်ရဲ့ နိုင်ပွဲကို အီယန်ရိုက်က အခုလိုပဲသုံးသပ်ခဲ့ပါတယ်။
“ ပွဲကတော်တော်ကောင်းပြီး အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ သူတို့အနေနဲ့ အခုလိုစွမ်းဆောင်ရည်တွေကို ဆက်လုပ်သွားဖို့ပဲလိုပါတယ်။ နိုင်ပွဲရလဒ်က ကျဥ်းမြောင်းပေမယ့်လည်း လမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်။ လူတွေကတော့ ၁ ဂိုးပဲသွင်းနိုင်တာပါဆိုပြီးပြောကောင်းပြောနိုင်ပေမယ့် ၁-၀ ဟာလည်း ၁-၀ ပါပဲ။ နိုင်ပွဲတွေရနေသရွေ့ ရှေ့ကိုဆက်လို့ရနေပါတယ်။ အာဆင်နယ်ဟာလည်း ဒီလိုပဲသွားနေပါတယ် “ ဆိုပြီး ပြောသွားခဲ့ပါတယ်။