အာဆင်နယ်ခေါ်ယူချင်ရင် ခေါ်ယူနိုင်တဲ့  အွန်နရီလက်သစ်

အာဆင်နယ်အသင်းမှာ တိုက်စစ်မှုး ၂ ဦးသာရှိနေပြီး ၊ ထို ၂ ဦးစလုံးကလည်း ရာသီကုန်မှာ  ကိုယ်စီ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။  ငယ်ရွယ်တဲ့တိုက်စစ်မှုးတစ်ယောက်ကို ပြန်လည်အားဖြည့်ဖို့ဆိုတာ အာတီတာအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်နေပါပြီ။

အာတီတာဟာ အသင်းကို မြေလှန်ပြီးပြန်လည်တည်ဆောက်နေတာ လွန်ခဲ့တဲ့  ၂ နှစ်ထဲကဖြစ်ပါတယ်။  လူဟောင်းတွေကို ဖယ်ထုတ်ပြီး လူသစ်တွေကို ပြန်လည်လည်ဖြည့်တင်းနေပါတယ်။ လက်ရှိအသင်းရဲ့ အသက်အကြီးဆုံးကစားသမားလာကာဇက်ကလည်း ရာသီကုန်မှာအသင်းပြောင်းဖို့ရှိနေပါတယ်။  ပြီးခဲ့တဲ့အပြောင်းအရွှေ့ရာသီမှာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့နောက်မှာ  အာတီတာအတွက်ရွေးစရာမရှိခဲ့ပါဘူး။

ဒါပေမယ့် Football London ကတော့ PSV တိုက်စစ်မှုး ကိုဒီဂတ်ပို ကိုခေါ်ယူမယ်ဆိုရင် ခေါ်လို့ရပါတယ် ဆိုပြီးဖော်ပြလာပါတယ်။

ဒီ နယ်သာလန်သားဟာ တိုက်စစ်လမ်းကြောင်းတစ်လျှောက်အကောင်းဆုံးကစားနိုင်သူဖြစ်ပြီး  PSV အသင်းအတွက် ဒီရာသီမှာ ၁၇ ပွဲကစားပြီး ၈ ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။  နောက်ပြီးကစားဟန်က ဂန္တဝင်သီယာရီအွန်နရီနဲ့ ဆင်တူတယ်လို့ ဖော်ပြနေကြပါတယ်။

အပြောင်းအရွှေ့ရာသီမစခင်  ၃-၄ လဆိုရင်တိုက်စစ်မှုးတော်တော်များများနဲ့ တွဲပြီးကင်ပွန်းတပ်ခံရတဲ့အာဆင်နယ်အသင်းရဲ့ သံသရာတစ်ပတ်ပြန်လည်လာပြီလားလို့ ထင်စရာပါ။

Advertisements

ဂက်ပိုဟာ ပြီးခဲ့တဲ့လကတုန်းကပဲ လက်ရှိကလပ်နဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။ ဒီတော့ သူ့ကိုခေါ်ချင်ရင်တော့ စျေးနှုန်းတစ်ခု ပေးရမယ့်သဘောရှိပါတယ်။ ဒါပေမယ့် တိုက်စစ်နေရာအတွက်ငွေသုံးကြမ်းမယ့်အာဆင်နယ်အသင်းအတွက်ပြသနာတစ်ရပ်တော့မဟုတ်ပါဘူး။  အထူးသဖြင့် PSV အသင်းအတွက် ဂိုးသွင်းမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားတဲ့ လူငယ်အသင်းခေါင်းဆောင်လေးအတွက်ဆိုရင်ပေါ့။  အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဂျွန်ဒီယောင်ကလည်း ဥရောပအဆင့်အသင်းကြီးတွေက  သူတို့ရဲ့ကစားသမားလေးကို စိတ်ဝင်စားနေတယ်လို့ ပြောကြားထားပါတယ်။

“  ဒီရာသီအစောပိုင်းထဲကသူ့ကိုစိတ်ဝင်စားနေကြတာပါ။ သူက ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်တာကြောင့်လဲဖြစ်ပါတယ် “  ဆိုပြီး PSV TVကိုပြောထားခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ သူ့ကို အသင်းမှာ ဆက်ထိမ်းထားဖို့ပါပဲ။  ဒါပေမယ့် ဘယ်လောက်ထိသူ့ကိုဆွဲထားနိုင်မှာလဲတော့မပြောတတ်ပါဘူး။ သူ့ရဲ့စွမ်းဆောင်ရည်တွေသိပ်ကောင်းတဲ့အခါ အသင်းကြီးတွေရဲ့ မျက်လုံးထဲကို သူကရောက်နေတာကိုး “  လို့ဆိုခဲ့တာကြောင့် အရာရာကို ကြိုတင်ပြင်ဆင်ထားပြီးပြီလို့ ဆိုနိုင်ပါတယ်။

အသက်  ၂၂ အရွယ်ကစားသမားလေးဟာ ဘောလုံးသမားဘဝမှာ ပွဲပေါင်း ၁၈၃ ပွဲကစားထားပြီး  ၅၉ ဂိုးသွင်းကာ  ၄၄  ကြိမ်ဖန်တီးပေးထားနိုင်သူလဲဖြစ်ပါတယ်။ တန်ကြေးက  ၂၂ သန်းကနေ ၂၅သန်းလောက်ထိပဲရှိတာကြောင့် အာဆင်နယအသင်းအတွက် ခေါ်ယူမြှပ်နှံဖို့အတွက်သင့်တော်တဲ့ကစားသမားလေးပဲဖြစ်ပါတယ်။  နောက်ပြီး နယ်သာလန်သားတွေနဲ့ အာဆင်နယ်က ကံစပ်ခဲ့တာပဲမဟုတ်လား။

Advertisements
Advertisement

Leave a Reply

%d bloggers like this: