အာတီတာနဲ့ ပွဲအကြို အင်တာဗျူး

ဇန်နဝါရီလက  စီနီယာကစားသမား ၂၆ယောက်ရှိခဲ့ပေမယ့် အခု‌တော့ အယောက်၂၀ပဲ ကျန်တော့တယ်ပေါ့။အသင်းရဲ့လူစာရင်း မှာ ကစားသမားတွေနည်းနေတဲ့ အပေါ် စိတ်ပူမိပါသလား” 

 “ရွေးချယ်စရာ ကစားသမားတော့ နည်းသွားတာပေါ့။ဒါပေမယ့် ပိုကောင်းတဲ့ ဟန်ချက်တစ်ခု ရလာတယ်လို့ဆိုနိုင်ပါတယ်။တစ်ခါတစ်လေ ရွေးချယ်စရာ ကစားသမားတွေအများကြီး ရှိနေတယ်လို့ ခံစားခဲ့ရပြီး ဟန်ချက်မညီနေခဲ့သလိုပါပဲ။ကျွန်တော်တို့ တကယ်အားကိုးရမယ့် ၊မှန်ကန်တဲ့ အရည်အသွေးနဲ့ ကစားသမားတွေကိုပဲ အသင်းက လိုအပ်နေတာပါ၊ရုပ်ပိုင်းဆိုင်ရာအရကော ၊စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ပြည့်၀တဲ့ ကစားသမားတွေပေါ့။‌ဒါက ကျွန်တော်တို့ ကြိုးစားနေတဲ့ အရာပါပဲ” 

“လာမယ့် နွေရာသီကျရင် အသင်းကနေ ထွက်ခွာမယ့် ကစားသမား ငါးယောက်လောက်ရှိနေပါသေးတယ်။ ကျွန်တော်တို့ ကြိုးစားသွားရမယ့် အရာတွေ အများကြီးရှိနေသေးသလို  ရပ်တန့်နေမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လိုချင်တဲ့ ပုံစံရအောင် အသင်းကို တည်ဆောက်မယ်ဆိုရင် အပြောင်းအရွှေ့ ဈေးကွက် တစ်ခု၊နှစ်ခုလောက် ဖြတ်သန်းရုံနဲ့တော့ လုံလောက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။” 

 “တကယ်လို့ ရာသီကုန်မှာ ဥရောပ၀င်ခွင့်တစ်နေရာရခဲ့ရင် ပိုကြီးမားတဲ့ လူစာရင်းကို လိုအပ်မှာပဲ။ အဲ့ဒီအခါကျရင် နွေရာသီမှာ ကစားသမားတွေအများကြီး ခေါ်ယူဖို့ ရှိပါသလား” 

 “ရာသီကုန်ကျရင် ကစားသမားအချို့နဲ့ စာချုပ်သက်တမ်းအသစ်တိုးဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ ဘယ်နေရာမှာ ရပ်တည်နေတယ်၊ ကျွန်တော်တို့မှာ ဘယ်လို အခွင့်အရေးတွေ ရှိနေတယ်ဆိုတာပေါ်မူတည်ပြီး ဆုံးဖြတ်ချက် အချို့ ချသွာဖို့လည်း ရှိပါတယ်၊အငှားချထားတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ သူတို့ အခုဘယ်နေရာမှာရှိနေတယ်၊ ဘယ်လောက်လယ်ဗယ်အထိ တိုးတက်လာနိုင်လဲ၊နွေရာသီမှာ သူတို့ဆီကနေ အင်အားဘယ်လောက်ထိ ရနိုင်လဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ နွေရာသီမှာလည်း သေချာပေါက် ကစားသမားအသစ်တွေလည်း ခေါ်ယူသွားမှာ အသေအချာပါပဲ” 

Advertisements

 “အမေရိကကို ရောက်ခဲ့တုန်းက ပိုင်ရှင်နဲ့ ဘာတွေ ဆွေးနွေးခဲ့တာလဲ” 

 “အီဒူးတို့၊အသင်းတို့နဲ့ ဒီမှာ တစ်ချိန်လုံးဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေပါပဲ။ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေ၊အကြံဉာဏ်တွေကို ပိုင်ရှင်ဆီတင်ပြတဲ့အခါ သူတို့ဆီကလည်း အကူအညီအထောက်အပံ့တွေပြန်ရမှာ အသေအချာပါပဲ” 

 “ပြီးခဲ့တဲ့လက ဗလာဟိုဗစ် အာဆင်နယ်ကို ရောက်မလာခဲ့ဘူးနော်။နောက်လာမယ့် နွေရာသီမှာကော အရည်အသွေးမြင့် ကစားသမားတွေက အာဆင်နယ်ကို ရောက်လာမယ်လို့ ယုံကြည်မှု ရှိပါလား” 

 “လုံး၀ ယုံကြည်ပါတယ်။အသင်းဟာ ဘယ်လိုကြီးမားတဲ့ အသင်းဖြစ်တယ်၊ ကစားသမားတွေကို ဘယ်လို စိတ်ဓာတ်ခွန်အားတွေပေးလဲ ဆိုတဲ့ အစဉ်အလာကောင်းတွေ ကျွန်‌တော်တို့မှာ ရှိပါတယ်။ကစားသမားတိုင်းက အာဆင်နယ်အတွက် ကစားချင်ကြပါတယ်။ ကစားသမားတစ်ယောက်၊၀န်ထမ်းတစ်ယောက်ဆီဖုန်းဆက်ပြီး အာဆင်နယ်ကို လာနိုင်မလားလို့ မေးရင် ငြင်းတဲ့သူတစ်ယောက်မှ ကျွန်တော်မကြုံဖူးသေးပါဘူး။ ဒါက သေချာပါတယ်။ တကယ်လို့ ငွေရေးကြေးရေးအရ အခြားအသင်းကို သွားတာမျိုးဆိုရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။ ‌ဒါပေမယ့် အာဆင်နယ်ကို လာချင်စိတ်မရှိလို့ မလာပါဘူး၊ တောင်းပန်ပါတယ်ဆိုတဲ့ ကစားသမားကိုတော့ တစ်ခါမှ မကြုံဖူးတာ အမှန်ပါပဲ” 

 “ တကယ်လို့ ရာသီကုန်မှာ အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့ရင် နွေရာသီ အပြောင်းအရွှေ့အတွက် ပိုက်ဆံတွေအများကြီးသုံးတာက အသင်းကို တကယ်အကျိုးပြုနိုင်မလား

“အရာအားလုံးက အကျိုးပြုပါတယ်။ ကျွန်တော်တို့ ဘယ်အဆင့်မှာ ရပ်တည်နေတယ်၊ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေ ဘယ်လောက်ကောင်းတယ်ဆိုတဲ့အပေါ် ငွေရေးကြေးရေး ကိစ္စတွေက မူတည်နေပါတယ်။ ဒီကနေ တစ်ဆင့် စပွန်ဆာတွေ၊မားကတ်တင်းတွေ၊လက်မှတ်ရောင်းချငွေတွေ ဒါတွေ ရှိမှာပေါ့။ ဒီတော့ ကျွန်တော်တို့ ဘယ်လ်ုကောင်းကောင်း ကစားနိုင်မလဲပေါ့။မှန်ကန်တဲ့ အတွေးအမြင်၊ မှန်ကန်တဲ့ ကစားသမားတွေနဲ့ မှန်ကန်တဲ့ ပတ်၀န်းကျင်မှာဆိုရင် ကစားပွဲတွေမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်မှာပါ။”

Advertisements
Advertisement

Leave a Reply

%d bloggers like this: