လူးဝစ်ဟာ ရာသီသစ်ရဲ့ ဇာတ်လမ်းဖြစ်လာမယ်
ဖေဘရီဇီယိုရိုမာနိုက အာဆင်နယ်ပစ်မှတ်ဒေါက်ဂလပ်လူးဝစ် ဟာ လာမယ့်အပြောင်းအရွှေ့ရာသီရဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမယ်လို့ ကြိုတင်ခန့်မှန်းသွားခဲ့ပါတယ်။
“ အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမားတစ်ယောက်လိုအပ်ပါတယ်။ ဇန်နဝါရီမှာလဲသူတို့ကြိုးစားခဲ့တယ်။ အယ်နီနီကလဲ ရာသီကုန်ရင် အသင်းကနေထွက်ခွာတာ့မှာပါ။ ဒေါက်ဂလပ်လူးဝစ်ဟာ စောင့်ကြည့်ရမယ့်ကစားသမားတစ်ယောက်ပါ။ အာဆင်နယ်အတွက်တင်မကပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗီလာမှာသူဆက်နေမယ်လို့ ကျွန်တော်မထင်ဘူး။ ဒီတော့အသင်းပြောင်းဖို့အလားအလာအများကြီးရှိပါတယ်။ သူ့နာမည်က အသင်းကြီးတွေကြားမှာ ရေပန်းစားလာဦးမှာပါ “ လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
ဆာလီဘာကို အာဆင်နယ် ရောင်းမှာမဟုတ်ဘူးလို့ နာမည်ကျော် Website သုံးသပ်
Defensa Central ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသင်းကြီးတစ်သင်းဆီကိုပြောင်းရွှေ့ဖို့အတွက်ရေပန်းစားနေတဲ့နောက်ခံလူဆာလီဘာကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ပဲ အသင်းမှာသာဆက်ထိမ်းထားမှာဖြစ်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသင်းကိုရောက်ရှိလာတဲ့ ဆာလီဘာဟာ ၂၀၂၄ ခုနှစ်အထိစာချုပ်ရှိနေသူဖြစ်ပြီး လာမယ့်ရာသီပထမအသင်းကြီးမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့လဲ ခန့်မှန်းနေကြပါတယ်။
အယ်နီနီကိုကမ်းလှမ်းခဲ့ကြပေမယ့် အာဆင်နယ်ဖက်က ပယ်ချခဲ့
နယူးကာဆယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အီဂျစ်ကွင်းလယ်လူ အယ်နီနီကို ခေါ်ယူစာချုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ “ နယူးကာဆယ်၊ ဗလင်စီယာ ၊ လိုင်ယွန် နဲ့ တူရကီကလပ်တွေဟာ အယ်နီနီကိုခေါ်ယူချင်ခဲ့ကြပေမယ့် အာဆင်နယ်အသင်းတာဝန်ရှိသူတွေဖက်က ငြင်းဆိုခဲ့ကြပါတယ် “ လို့ အေးဂျင့်ဖြစ်သူက KingFut.com ကို ပြောဆိုသွားခဲ့တာပါ။ အယ်နီနီဟာ စာချုပ်သစ်သာ မချုပ်ဆိုဖြစ်ခဲ့ပါက ရာသီကုန်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
ဆာကာနဲ့ အီယန်ရိုက်တို့ တူတူတင်ဆက်ခဲ့ကြတဲ့ ဂီတဆုပေးပွဲစင်မြင့်
Brit Awards 2022 ဆုပေးပွဲ (Rap နဲ့ Rn’B ဂီတများအတွက်ထူးချွန်ဆုပေးပွဲ) မှာ အီယန်ရိုက်နဲ့ ဆာကာတို့က အစီအစဥ်ကြေငြာသူများအဖြစ်အတူတူတင်ဆက်ခဲ့ကြပါတယ်။ အခန်းအနားအစပိုင်း မိတ်ဆက်ကြချိန်မှာ အီယန်ရိုက်က ဆာကာကို “ သူ့လေးစားရတဲ့ သူရဲကောင်းတွေထဲကတစ်ယောက် “ ဖြစ်ကြောင်း ရည်ညွန်းပြောဆိုသွားခဲ့ပါတယ်။ ဆုပေးပွဲကို အဒဲလ် ကဲ့သို့နာမည်ကျော်များလဲတက်ရောက်ခဲ့ကြပြီး ဆာကာ ဟာအားကစားနယ်ပယ်ရဲ့အပြင်ဖက်မှာပါ ကျော်ကြားစပြုနေပြီဖြစ်ပါတယ်။
မာတင်နယ်လီကို တိုက်စစ်မှုးနေရာအတွက် ထောက်ခံနေတဲ့ ပေါလ်မာဆင်
ဂန္တဝင်ကြီးပေါလ်မာဆင်က သူသာအာတီတာဆိုရင် မာတင်နယ်လီကို ရှေ့တန်းမှာထားပြီးကစားမှာဖြစ်တယ်လို့ ပြောကြားလာပါတယ်။
“ ကျွန်တော်သာအာတီတာဆိုရင် မာတင်နယ်လီကို ရှေ့တင်ကစားမှာပါ။ အာဆင်နယ်တိုက်စစ်မှုးတစ်ယောက်အတွက် ငွေအများကြီးသုံးနိုင်ပေမယ့် သူတို့ကြိုက်တဲ့ကစားသမားတွေက အသင်းကိုယ်စီရှိထားပြီးသားပါ။ မာတင်နယ်လီကစားတာဟာ လျှင်မြန်ပြီးအသက်ဝင်လွန်းလှပါတယ်။ သူဖြစ်ချင်တာကို သူစွမ်းဆောင်နိုင်ပါတယ်။ ဒီရာသီတစ်လျှောက်လုံးသူကောင်းကောင်းဆက်ကစားနိုင်ပါတယ်။ သူ့ကြောင့်အာဆင်နယ်က သန်း ၇၀ လောက်သက်သာသွားနိုင်ပါတယ် “ ဆိုပြီးသုံးသပ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။