အနီးဆုံးပြိုင်ဖက်များဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကသရေကျပြီး ၊ ဝက်စ်ဟမ်းက အနိုင်ရခဲ့တဲ့နောက်မှာ အာဆင်နယ်အသင်းအတွက် ဝုဗ်နဲ့ပွဲကနေ ၃ မှတ်ရဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။
ဝုဗ်အသင်းနဲ့ပွဲအပါအဝင် ဖေဖော်ဝါရီလ နဲ့ မတ်လ ပွဲစဥ်တွေဟာ အာဆင်နယ်အသင်းအတွက် အရေးအကြီးဆုံး လို့ဆိုနိုင်ပြီး အဆင့် ၄ ဒါမှမဟုတ် ၆ အတွင်းဝင်ဖို့အတွက် အဆုံးအဖြတ်တွေဖြစ်လာနိုင်ပါတယ်။ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ အဆင့် ၄ က ဝက်စ်ဟမ်းအသင်းဟာ ၃ ပွဲပိုကစားပြီး ၄ မှတ်အသာ ၊ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ပွဲပိုကစားပြီး ၃ မှတ်အသာ နဲ့ အာဆင်နယ်အထက်မှာရှိနေကြပြီး ၊ စပါးအသင်းနဲ့ ဝုဗ်တို့က ကပ်လိုက်နေကြပါတယ်။
စပါး ၊ ဝုဗ် ၊ အာဆင်နယ် သုံးသင်းစလုံးဟာ ဒီရာသီမှာ Up-Down တွေအလွန်များထားတဲ့အသင်းတွေဖြစ်ပြီး လောလောဆယ်မှာတော့ ဥရောပဝင်ခွင့်အတွက် အပြန်အလှန်ဖိအားပေးနေကြပါတယ်။
Advertisement