နောက်ဆုံးရ အာဆင်နယ် သတင်းများ(9Feb)

တာဗာရက်စ်ကိုလည်း  ညာခြမ်းခံစစ်အတွက် လျာထားတဲ့ အာတီတာ

အာတီတာဟာ တိုမီယာစု မကစားနိုင်တဲ့ ညာတောင်ပံနေရာအတွက်  ဆဲဒရစ် ၊​ ဘန်ဝှိုက်တို့အပြင် ဘယ်ခြမ်းမှာကစားတဲ့ တာဗာရက်စ်ကို ပါ လျာထားကြောင်း Football London ကဖော်ပြလာပါတယ်။ တာဗာရက်စ်ဟာ ယခုရာသီပွဲဦးထွက် ဘရက်ဖို့ဒ်နဲ့ပွဲမှာလည်း လိုအပ်ချက်အရ ညာတောင်ပံခံစစ်မှာ ကစားခဲ့ဖူးပါတယ်။

မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့်   အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့Extramarks နဲ့ ပူးပေါင်းပြီး  အိန္ဒိယ ၊ တောင်အာဖရိက​၊  အင်ဒိုနီးရှားနဲ့ အရှေ့အလယ်ပိုင်းကလူငယ်တွေရဲ့ လေ့လာသင်ယူမှုတွေအတွက် ထောက်ပံပေးသွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီလ  ၃ ​ရက်နေ့က ကြေငြာသွားခဲ့ပါတယ်။ ဒီလိုလူမူအကျိုးပြုလှုပ်ရှားမှုတွေဟာ အာဆင်နယ်အသင်းအတွက် ပရိတ်သတ်မျိုးဆက်သစ်တစ်ခုထပ်မံရရှိစေဖို့အတွက်အထောက်အကူပြုမှာဖြစ်တယ်လို့  ဘဏ္ဏာရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Dr Dan Plumley က Football Insider သို့ပြောကြားသွားခဲ့ပါတယ်။

အသင်းသစ်ရှာနေဆဲ ဆိုအာရက်စ်

အာဆင်နယ်နောက်ခံလိူ ဆဲဒရစ် ဆိုအာရက်စ် အနေနဲ့  အသင်းသစ်တစ်သင်းကိုရှာဖွေနေဆဲဖြစ်တယ်လို့ Football London ကဖော်ပြသွားပါတယ်။ အသက် ၃၀ အရယ်ကစားသမားဟာ အာတီတာရဲ့ ပထမဦးစားပေးကစားသမားမဟုတ်ခဲ့ပဲ တိုမီယာစုရဲ့အနောက်ကနေသာ ကစားခွင့်ကိုစောင့်စားနေရတာဖြစ်တဲ့အပြင်  ၊ ညာနောက်ခံလူလိုအပ်လာတိုင်း အာတီတာဟာ ဆိုအာရက်စ်ကို ရဲရဲတင်းတင်းမသုံးစွဲပဲ အခြားနည်းလမ်းများကိုရှာဖွေလေ့ရှိပါတယ်။

Advertisements

အာဆင်နယ်ဟာ နေရာကောင်းတစ်ခုမဟုတ်ကြောင်း ဝေဖန်ခဲ့တဲ့ ကင်းဘဲလ်

အာဆင်နယ်ကစားသမားဟောင်းကြီးကီဗင်ကင်းဘဲလ်က အာဆင်နယ်အသင်းဟာ  အလုပ်လုပ်ဖို့သင့်တော်တဲ့နေရာတစ်ခုမဟုတ်ကြောင်း Football Insider နဲ့တွေ့ဆုံစဥ်မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။  CIES Football Observatory ရဲ့စစ်တမ်းအရ ၂၀၁၂-၁၃ ဘောလုံးရာသီကနေစတင်ပြီး လက်ရှိအချိန်ထိ ငွေသုံးအများဆုံးအသင်းစာရင်းမှာ  အာဆင်နယ်အသင်းက အဆင့် ၅ နေရာမှာရပ်တည်နေခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့တဲ့အပေါ်မှာ အခုလိုဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

“ သူတို့သုံးလိုက်တဲ့ငွေတွေနဲ့ အာဆင်နယ်အသင်းပြန်ရရှိတဲ့အခြေအနေက မမျှတပါဘူး။ ကစားသမားတွေထွက်ခွာသွားစေဖို့ငွေတွေသုံးစွဲနေရတာလဲ မှန်ကန်တဲ့ကိစ္စမဟုတ်ပါဘူး။  အဆုံးသတ်မှာ ခရွန်ကီပိုင်ဆိုင်တဲ့ အသင်းတစ်သင်းပဲဖြစ်သွားမှာပါ။ သူတို့ခန့်ထားတဲ့လူတွေက အလုပ်ကောင်းကောင်းလဲမလုပ်နိုင်ကြပါဘူး။  အာတီတာရော  အူနိုင်းအမ်မရီရော  အင်အားမတောင့်တင်းတဲ့ လူစာရင်းနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြရပါတယ် .. ဒါအဆင်မပြေပါဘူး “  လို့ဝေဖန်ခဲ့တာပါ။

အာဆင်နယ် Website မှာ ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့

မနေ့က အာဆင်နယ်အသင်းရဲ့ Website မှာ အမှားအယွင်းတစ်ခုဖြစ်ပွားခဲ့ပြီး  စျေးဝယ်ယူမှုလုပ်ဆောင်ချက်ပိုင်းဖော်ပြမှုမှာ စပါးအသင်းကို လှောင်ပြောင်ထားတာကို ပရိတ်သတ်များစွာက မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။  ဝယ်ယူထားတဲ့ Item List ဘာမှမရှိသေးခင် အလိုအလျှောက်ပေါ်တဲ့စာတမ်းမှာ  “ သင့်စျေးခြင်းက စပါးအသင်းရဲ့ ဆုဖလားဘီဒိုလိုပဲ  ဘာမှမရှိပါဘူး “ ဆိုပြီးပြသနေခဲ့တာဖြစ်ပါတယ်။ အသင်းဖက်ကတော့ ခွင့်ပြုချက်မရသေးခင် မှားယွင်းတင်ခဲ့မိတယ်လို့ ဖြေရှင်းခဲ့ပြီး နာရီပိုင်းအကြာမှာ ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။

ရင်ဆိုင်ဖို့အသင့်ရှိနေပြီဖြစ်ကြောင်း ပို့စ်တင်ခဲ့တဲ့ပေပေ

အာဆင်နယ်အသင်းရဲ့ စံချိန်တင်ပြောင်းရွေ့ကြေးရှင်ပေပေဟာ  “ အောင်မြင်မှုဆိုတာ ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းတွေကနေ စတင်တယ် “ ဆိုတဲ့စာသားကို သူ့ရဲ့ဆိုရှယ်မီဒီယာ အကောင့်မှာ ပို့စ်တင်ခဲ့တာကြောင့်  လာမယ့်ပွဲစဥ်တွေအတွက်အသင့်ဖြစ်နေပြီဆိုတဲ့သဘောကိုဆောင်ကြောင်း ကိုးကားဖော်ပြနေကြပါတယ်။  ပေပေ ဟာ  လက်ကျန်ပွဲစဥ်တွေအတွက် အာဆင်နယ်တိုက်စစ်ပိုင်းမှာ အားကိုးရမယ့်ကစားသမားတစ်ယောက်အဖြစ် စောင့်ကြည့်ခံနေရသူဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: