“ကံတရားကိုပဲ အပြစ်တင်ရမှာပဲ” – မာရီ

လန်ဒန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်ရခဲ့ပြီးနောက် ပါဘလိုမာရီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ စီးရီးအေကလပ် အူဒီးနိစ်ကို အငှားစာချုပ်နဲ့  ပြောင်းရွှေ့ကစားခဲ့ပါတယ်။ တိုရီနိုအသင်းကို ၂ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မာရီဟာ အူဒီးနိစ်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ခံစစ်မှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ 

အမ်းမရိတ်မှာ ကစားခဲ့စဉ်က ရုန်းကန်းခဲ့ရတာတွေနဲ့ ပတ်သက်ပြီး မာရီကတော့ ကံတရားကိုပဲ အပြစ်တင်ရမှာပဲ လို့ ဆိုခဲ့ပါတယ်။ 

“ အမ်းမရိတ်မှာ ရှိခဲ့စဉ်က ကျွန်တော့်အတွက်  ကံကောင်းဖို့လိုအပ်နေခဲ့တာပါ။ ဒါပေမယ့် ကောင်းတဲ့ကံလေးတစ်ခု‌တစ်လေတောင် ကျွန်တော့်ဘက်မှာ မရှိခဲ့တဲ့ပုံပါပဲ။ ဒါပေမယ့် ကွင်းထဲမှာ ရှိနေတဲ့အချိန်ဆို အမြင့်ဆုံး level တစ်ခုအထိ ပေးဆပ်ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” 

နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက် ချရမယ့် အခြေအနေ တစ်ခုရောက်လာခဲ့တာပေါ့” 

Advertisements

ပါဘလိုမာရီဟာ အာတီတာနဲ့ပတ်သက်ပြီးလည်း ဘာပြဿနာမှမရှိဘူးလို့ ၀န်ခံခဲ့သလို အာတီတာဟာ သူနဲ့တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ မန်နေဂျာတွေထဲက အကောင်းဆုံးတစ်ဦးလို့လည်း ချီးကျူးခဲ့ပါတယ်။ 

အာတီတာဟာ ကျွန်တော်ဆုံခဲ့ရတဲ့ မန်နေဂျာတွေထဲမှာ အကောင်းဆုံးထဲက တစ်ဦးပါပဲ။ ဘောလုံးနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ပိုပြီး နားလည်အောင် သူဟာ ကူညီပေးခဲ့ပါတယ်။သူ့ရဲ့ အတွေးအခေါ်တွေဟာ ဂွာဒီယိုယာနဲ့ ဆင်ပါတယ် ၊ ဒါပေမယ့် ကွဲပြားမှုလေးတော့ရှိနေပါတယ်” 

မန်စီးတီးကစားသမားဟောင်းဖြစ်သူ မာရီက သူရဲ့ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာနဲ့ ပတ်သက်ပြီးလည်း ခုလို မှတ်ချက်ချခဲ့ပါတယ်။ 

ဂွာဒီယိုလာဟာ သမိုင်းတစ်လျှောက်အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦးပါ။” 

အူဒီးနီးစ်မှာ အငှားထွက်ကစားနေရတာနဲ့ ပတ်သက်ပြီးလည်း မာရီက သူ့အနေနဲ့ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရာသီကုန်အထိ အသင်းကို ကူညီပေးသွားချင်တယ်လို့ ဆိုလာခဲ့ပါတယ်။ 

ကျွန်တော့်အတွက်တော့ လက်ရှိကာလတွေဟာ ကစားသမားဘ၀အတွက် အရေးကြီးဆုံး အချိန်တွေပါပဲ။ ခံစစ်မှာ ဘယ်နေရာက ကစားရ ကစားရ ကျွန်တော်အတွက် အဆင်ပြေတယ်လို့ နည်းပြကိုပြောခဲ့ပါတယ်” 

လက်ရှိ အသင်းရဲ့ ခံစစ်မှာ ဦးဆောင်ပြီး ကစားနေရသလို ခံစားရပါတယ်။ကျွန်‌တော့်ရဲ့ အသင်းဖော်တွေကို ကူညီရတာကို သဘောကျပါတယ်။ဘာလို့လဲဆိုတော့ ဒီလို ကူညီခြင်းအားဖြင့် တစ်ချိန်မှာ သူတို့ဆီက အကူအညီကို ပြန်ရနိုင်လို့ပါ” 

မာရီဟာ အမ်းမရိတ်မှာ နောက်ဆုံး ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရဖူးပါတယ်။ အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ ပါဘလိုမာရီကို ၂၀၂၀မှာ အာတီတာက အသင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: