နောက်ဆုံးရ အာဆင်နယ် သတင်းများ(8Feb)

အသင်းသစ်ရသွားတဲ့ အာဆင်နယ်ကစားသမားဟောင်း

ဒီနှစ်ဆောင်းရာသီမှာ အာဆင်နယ်အသင်းနဲ့  ၂ ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့တဲ့ ဂိုးသမား အီလီဗ် ဟာ အသင်းသစ်ရရှိသွားဖြစ်ဖြစ်ကြောင်း Daily Cannon သတင်းဌာနကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ်ကစားသမားကို မက်ဆီဒိုးနီးယားကလပ်  အေအက်စ်ထရီစင် က  ၁ နှစ်ခွဲသက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အန်ကန်ကူကို  အာဆင်နယ် ပစ်မှတ်ထားနေတယ်လို့ Four Four Two ရေးသားလာ

အာဆင်နယ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဟာ လိုက်ဇစ်အသင်းရဲ့ ကစားသမားအန်ကန်ကူဖြစ်တယ်လို့ Four Four Two က ​Mirror ကို  ကိုးကားပြီးရေးသားလာပါတယ်။ အူနိုင်းအမ်မရီလက်ထက်ကတဲက အာဆင်နယ်တို့ဟာ ပြင်သစ်တိုက်စစ်မှုးကိုစိတ်ဝင်စားခဲ့ကြပေမယ့် ထိုစဥ်က ပီအက်ဂျီတိုက်စစ်မှုးဟာ လန်ဒန်ကိုရောက်မလာပဲ လိုက်ဇစ်ကိုပဲပြောင်းရွေ့သွားခဲ့ပါတယ်။  သတင်းတွေက အခုလိုဖော်ပြနေပေမယ့် လိုက်ဇစ် အသင်းရဲ့  တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အိုလီဗာကတော့ အန်ကန်ကူဟာနောက်ရာသီမှာလည်း အသင်းမှာဆက်ရှိနေမှာဖြစ်ကြောင်း ၊ ဘောလုံးမှာဘာမဆိုဖြစ်နိုင်ပေမယ့် သူတို့ရဲ့အစီအစဥ်ကတော့ ကစားသမားကို အသင်းမှာ ဆက်ထားဖို့ဖြစ်ကြောင်း  Sky Sport Germany    ကိုပြောသွားခဲ့ပါတယ်။

၂၀၂၀-၂၀ ရာသီအတွက် လစာငွေအသုံးဆုံးစာရင်းမှာ အာဆင်နယ်ပါဝင်

 UEFA ရဲ့ထုတ်ပြန်ချက်အရ  ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းရဲ့ လစာအသုံးစားရိတ်ဟာ ဥရောပရဲ့အမြင်ဆုံး ၁၀ သင်းမှာ အဆင့်၁၀ ချိတ်ခဲ့ကြောင်းသိရပါတယ်။ အာဆင်နယ်အသင်းကို ငွေကုန်ကြေးကျစာရင်းမှာ ထိပ်တန်းဖြစ်စေခဲ့တဲ့ကစားသမားတွေက လူးဝစ် ​၊ ဝီလီယံ ၊ ဆီဘယ်လော့ ၊ ဘယ်လာရင်နဲ့ အူဘာမီယန်တို့လိုကစားသမားတွေဖြစ်ပြီး ၊ ယခုအချိန်မှာတော့ ထိုကစားသမားများကို လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထုတ်ပြန်ချက်များအရ အူဘာမီယန်းကိုတော့  စာချုပ်ဖျက်သိမ်းခဲ့တဲ့အတွက် ပေါင် ၇ သန်းပေးချေရဖို့ရှိတယ်လို့ သိရပါတယ်။

Advertisements

လာကာဇက်ကို ဗီလာကလဲ စိတ်ဝင်စားလာ

ပရီးမီးယားလိဂ်ပြိုင်ဖက် အက်စတန်ဗီလာအသင်းဟာလည်း  တိုက်စစ်မှုးလာကာဇက်ကို ခေါ်ယူဖွယ်ရှိတဲ့အသင်းတွေထဲပါဝင်လာပြီလို့ တူရကီသတင်းဌာန Sporx ကဖော်ပြလာကြပါတယ်။  ၂၀၁၇ ခုနှစ်ကတည်းက အာဆင်နယ်အသင်းကို ပေါင် ၄၈ သန်းနဲ့ရောက်ရှိလာတဲ့ကစားသမားဟာ အသင်းရဲ့ တစ်ဦးတည်းသောစီနီယာတိုက်စစ်မှုးဖြစ်ပြီး အသင်းများစွာက ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့လတုန်းကတော့  လာကာဇက်ဟာ နယူးကာဆယ်အသင်းရဲ့ ကြိုးစားမှုကို ငြင်းပယ်ခဲ့တယ်လို့ TuttoMercatoWeb ကဖော်ပြခဲ့ပါတယ်။

တော်ရဲရားအတွက် လာမယ့်အပတ်မှာဆွေးနွေးမယ်

လာမယ့်ရက်သတ္တပတ်အတွင်းမှာ အာဆင်နယ်အသင်းနဲ့ ဖီအိုရင်တီးနားအသင်းတို့ဟာ ဥရုဂွေးကွင်းလယ်လူ တော်ရဲရားအတွက် စတင်ဆွေးနွေးတော့မှာဖြစ်တယ်လို့ Sport Witness  ကဖော်ပြလာပါတယ်။  အငှားနဲ့ကစားနေတဲ့ကွင်းလယ်လူအတွက် အကြမ်းအားဖြင့် သဘောတူညီမှုရရှိထားပြီးဖြစ်ပေမယ့် အသေးစိတ်အချက်အလက်တွေအတွက်ဆွေးနွေးရဦးမယ်လို့သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ အဂ်လန်မြေမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့်  စီးရီးအေမှာတော့ ယခုရာသီမှာ  ၂ဂိုးသွင်းပြီး  ၁ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: