လာမယ့်နွေမှာ အမ်းမရိတ်ကို စွန့်ခွာတော့မယ့် ကွင်းလယ်လူများ

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ်ဟာ ကစားသမားအများအပြားကို လက်လွှတ်ခဲ့ရပါတယ်။ အချို့ကိုတော့ အပြီးသတ်ရောင်းချခဲ့တာ ဖြစ်ပြီး အချို့ကိုတော့ အငှားချခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ကပ္ပတိန်ဟောင်း အူဘာမီယန်းနဲ့ကတော့ နှစ်ဦး သဘောတူ စာချုပါဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ 

လာမယ့်နွေရာသီမှာလည်း ကစားသမားအများအပြားဟာ အသင်းကနေ ထွက်ခွာဖို့ ရှိပါတယ်။ အမ်းမရိတ်ကို စွန့်ခွာဖို့ ဖြစ်နိုင်ချေ အများဆုံးကစားသမားတွေကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။ 

အယ်လ်နီနီ 

အယ်လ်နီနီကို မုန်းတဲ့ အာဆင်နယ် ပရိသတ်တော့ မရှိလောက်ဘူးထင်ပါတယ်။ အီဂျစ်သားဟာ အသင်းမှာ တကယ်ပဲ အလုပ်ကြိုးစားသူဖြစ်ပြီး ဘယ်နေရာမှာ နည်းပြက ကစားခိုင်းခိုင်း စောဒကမတက်ပဲ မညည်းမညူ ကစားတတ်သူဖြစ်ပါတယ်။ 

အယ်လီနီဟာ နောက်ရာသီ၀က်အတွက် ရှားရှားပါးပါး အသင်းရဲ့ စီနီယာကွင်းလယ်ကစားသမားလေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ ရှာကာ၊ပါတေးတို့အတွဲအဖက် ပုံမှန်နေရာရနေတဲ့ ကွင်းလယ်အထိုင်မှာ အယ်နီနီအတွက် နေရာမရှိပဲ သူဟာ အရန်ခုံတန်းမှာပဲ အချိန်ကုန်ဆုံးရင်းနဲ့ဒဏ်ရာပြဿနာတွေ၊ ပွဲပယ်ပြဿနာတွေကို အသင်းက ကြုံတွေ့ရတဲ့အခါမှ ပွဲထွက်လူစာရင်းမှာ ပါ၀င်ရတတ်သူဖြစ်ပါတယ်။ 

အယ်လ်နီနီသာ ထွက်ခွာသွားခဲ့ရင်တော့ ပရိသတ်တွေအတွက် ၀မ်းနည်းစရာ ကောင်းနေမှာ အသေအချာပါပဲ။ 

ဂွမ်ဒိုဇီ 

လက်ရှိ မာဆေးလ်မှာ အာဆင်နယ်အသင်းဖော် ဆလီဘာနဲ့အတူတူ အငှားထွက်ကစားနေတဲ့ ဂွမ်ဒိုဇီကို အာဆင်နယ် ဂျာစီနဲ့ မမြင်ရတာ လ၂၀နီးပါး ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်က ဟာသာဘာလင်မှာ အငှားကစားခဲ့ပြီး လက်ရှိမှာတော့ မာဆေးလ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် အာတီတာက ပြင်သစ်သားကို အသင်းရဲ့ လူစာရင်းထဲ ပြန်လည်ထည့်သွင်းဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဂွမ်ဒိုဇီရဲ့ အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့် ပါ၀င်ပြီး မာဆေးလ်ကလည်း ဂွမ်ဒိုဇီကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ ရာနှုန်းပြည့်သေချာနေပါတယ်။ ဒါကြောင့် ဂွမ်ဒိုဇီဟာ အာဆင်နယ် ဆုံးရှုံးရမယ့် လူငယ်ကြယ်ပွင့် ကစားသမားလေးဖြစ်လာဖို့ကတော့ သေချာနေပါပြီလို့ ဆိုနိုင်ပါတယ်။ 

မစ်တလန့်နိုင်းစ် 

ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာပြီး ရိုးမကို အငှားထွက်ကစား‌နေတဲ့ မစ်တလန့်နိုင်းစ်ကိုလည်း အာဆင်နယ်အနေနဲ့ နွေရာသီမှာ ဆုံးရှုံးရဖို့ ရှိနေပါတယ်။ 

အာဆင်နယ်အသင်းမှာ နေရာမရတာကြာပြီဖြစ်တဲ့ မစ်တလန်းနိုင်းစ်ဟာ အီတလီမြေမှာတော့ မော်ရင်ဟိုလက်အောက်မှာ ခြေစွမ်းကောင်းအချို့ပြသထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ကစားသမားအသစ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိပဲ မစ်တလန့်နိုင်းစ်ကို အငှားချခဲ့တာကြောင့် ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက ဒီလုပ်ရပ်အပေါ်  ဝေဖန်ခဲ့ကြပါတယ်။ 

၂၀၁၄ခုနစ်ကတည်းက အာဆင်နယ်အသင်းမှာရှိနေခဲ့တဲ့ နိုင်းစ်အတွက်ကတော့  ရှစ်နှစ်တာ ဂန်းနား ခရီးစဉ်ဟာ နွေရာသီမှာ ပြည်ဖုံးကားချတော့မှာကတော့ သေချာနေပြီလို့ ဆိုနိုင်ပါတယ်။ 

Advertisements

လူးကပ်စ်တော်ရိုင်းရား 

ဥ‌ရုဂွေး ကွင်းလယ်လူဟာ လန်ဒန်မှာ အခြေတကျ မဖြစ်ခဲ့ပုံပါပဲ။  ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့် အာဆင်နယ်ဟာ ကွင်းလယ်ခံစစ်အတွက် မျှော်လင့်တကြီးနဲ့ ‌ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အသင်းကို ရောက်ခါစက ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေ၊ အင်္ဂလန်မြေနဲ့နေသားမကျတာ‌တွေ ၊ လူကောင်သေးတာတွေက ကစားသမားအတွက် အမ်းမရိတ်မှာ အခြေကျဖို့ ခက်ခဲစေခဲ့ပါတယ်။‌ 

နောက်ပိုင်းမှာာတော့ အက်တလက်တီကိုမက်ဒရစ်၊ ဖီအိုရင်းတီးနားတို့ကို အငှားထွက်ကစားခဲ့ပြီး လက်ရှိမှာတော့ အီတလီမြေမှာပဲ အခြေကျနေပုံပေါ်ပါတယ်။ ရာသီကုန်မှာလည်း ဖီအိုရင်တီးနားက တော်ရိုင်းယားကို အပြီးသတ် ခေါ်ယူဖို့ ရှိနေသလို အသက်၂၅နှစ်အရွယ် ဥရုဂွေးသားဟာ အာတီတာရဲ့ အနာဂတ်အစီအစဉ်ထဲမှာ မပါ၀င်နေပါဘူး။ ဒါကြောင့် လာမယ့် နွေရာသီမှာတော့ တော်ရိုင်းယားဟာ အာဆင်နယ်ကစားသမားဘ၀ကို ပြည်ဖုံးကားချပြီး အီတလီမြေကို အပြီးပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ 

ဂရင်းနစ်ရှာခါ 

ဆွစ်ဇာလန် ကွင်းလယ်လူကို နွေရာသီမှာ အာဆင်နယ်ကနေ ထွက်စွားနိုင်တဲ့ကစားသမားစာရင်းထဲကို ထည့်သွင်းမယ်ဆိုရင် အနည်းငယ်တော့ အံ့ဩစရာကောင်းနိုင်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အသင်းရဲ့ကွင်းလယ်မှာ ရှာခါ၊ ပါတေးတို့ဟာ အတွဲအဖက်ညီညီ ခြေစွမ်းပြထားနိုင်ပြီး သူတို့နှစ်ယောက်ပါ၀င်နိုင်တဲ့ပွဲတွေဆို အာဆင်နယ်အသင်းဟာ ရလဒ်ကောင်းလေ့ရှိတာကို တွေ့ရပါတယ်။ 

ဒါပေမယ့် ရာသီကုန်မှာ အာဆင်နယ်သာ ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့ရင်‌တော့ ရှာကာဟာ အသင်းကနေ ထွက်ခွာဖို့ များနေတာဖြစ်ပြီး လက်ကျန်၁၇ပွဲဟာ ရှာခါအတွက် သူ့ရဲ့ အမ်းမရိတ်အနာဂတ်ကို ဆုံးဖြတ်ဖို့ အဆုံးအဖြတ်ပွဲစဉ်တွေ ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။ ရိုးမားအသင်းရဲ့မော်ရင်ဟိုကတော့ ရှာခါကို ဘယ်အချိန်ရရ စာချုပ်မှာလက်မှတ်ထိုးဖို့အသင့်ရှိနေပုံပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: