ခင်ဗျားလုပ်နိုင်ရင်  ခင်ဗျားတို့ လိုချင်တဲ့ရလဒ်ကိုရမယ် – ကီဗင်ကင်းဘဲ

အာဆင်နယ်အသင်းနဲ့ပတ်သတ်တဲ့အမြင်တွေကို အမြဲတမ်းထုတ်ပြောလေ့ရှိတဲ့  ကစားသမားဟောင်းကြီး ကီဗင်ကင်းဘဲကတော့  အာဆင်နယ်အသင်းသာချန်ပီယံလိဂ်ဝင်မယ်ဆိုရင်  ဟာလန်းကို ခေါ်ယူဖို့အတွက် ရဲရဲတင်းတင်းဆုံးဖြတ်ဖို့  Highbury Squad အစီအစဥ်ကနေတိုက်တွန်းလိုက်ပါတယ်။

အူဘာမီယန်ထွက်သွားပြီးတဲ့နောက် အာဆင်နယ်အသင်းမှာ လာကာဇက်တစ်ဦးထဲသာ စီနီယာအဆင့်ကစားသမားအဖြစ်ရှိနေပြီး ဟေးအန်းအကယ်ဒမီထွက် အန်ကတ်တီယားကတော့ တစ်ဦးတည်းသောအရံအင်အားအဖြစ်ရှိနေပါတယ်။ ဂိုးတွေသွင်းပေးနိုင်တဲ့ တိုက်စစ်မှုးစစ်စစ်တစ်ယောက်ရှိမနေတာဟာ အသင်းရဲ့ ရှင်းလင်းနေတဲ့ပြသနာကြီးတစ်ခုပါပဲ။  ဒီပြသနာကို ဇန်နဝါရီမှာလည်း မရှင်းနိုင်ခဲ့ပါဘူး။   အူဘာမီယန်အသင်းကထွက်ခွာသွားခြင်းလို ကိစ္စတစ်ခုရှိခဲ့ပေမယ့်  မြောက်လန်ဒန်ကလပ်ရဲ့တာဝန်ရှိသူတွေဟာ  ကစားသမားသစ် ပြန်လည်ခေါ်ယူဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  ဒီကိစ္စကို ဖြေရှင်းရလွယ်တယ်လို့ထင်နေကြသေးလားမပြောတတ်ပါဘူး။

ဒီလိုအခက်အခဲတွေကြားထဲကမှ  ကံသိပ်ကောင်းလို့ အာတီတာက အဆင့် ၄ ထိအရောက်သွားနိုင်ပြီး ချန်ပီယံလိဂ်ဝင်သွားနိုင်တယ်ဆိုရင်  ကမ်းဘဲဖက်က အသင်းကို လုပ်စေချင်နေတဲ့အရာတွေရှိပါတယ်။

Advertisements

“ လုပ်နိုင်တယ်ဆိုရင်တော့ လုပ်သာချလိုက်ပါ။  အသင်းကိုပြောင်းလဲပေးနိုင်တဲ့ ကစားသမားတစ်ယောက်လုံးဝလိုအပ်နေပါတယ်။ အသင်းရဲ့ ဘဏ်တိုက်ကိုဖောက်ပြီး ဟာလန်းကိုခေါ်တာမျိုးလုပ်ဖို့  ဆန္ဒရှိလား .. ရှိတယ်ဆိုရင်လုပ်ပါ။  အသင်းကတိုက်စစ်မှုးတကယ်လိုနေတယ်ဗျာ .. တစ်ရာသီကို  ဂိုး ၂၀ ကနေ  ၂၅ ဂိုးလောက်သွင်းနိုင်တဲ့ ကစားသမားမျိုးလိုနေတာဗျ။  ခင်ဗျားလုပ်နိုင်ရင်  ခင်ဗျားတို့ လိုချင်တဲ့ရလဒ်ကိုရမယ် ..  အသင်းကိုပြောင်းလဲချင်တယ်ဆိုရင် အပြောင်းအလဲကြီးကြီး လုပ်ဖို့လိုတယ် “ ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့တာပါ။

ကမ်းဘဲက တစ်ရာသီဂိုး ၂၀သွင်းမယ့် တိုက်စစ်မှုးလိုချင်နေချိန်မှာ ဟာလန်းကတော့   ၁၄ ပွဲကစားပြီး  ၁၆ ဂိုးသွင်းပြထားပါတယ်။  ရာသီကုန်မှာ အသင်းသစ်ပြောင်းတော့မယ့် ဟာလန်းကိုခေါ်ယူကြမယ့်အသင်းတွေရဲ့  ငွေလမ်းခင်းစစ်ပွဲကြီးကိုလည်း ပရိတ်သတ်တွေမကြာခင်မြင်တွေ့ရတော့မှာပါ။  စူပါအေးဂျင့်  ရိုင်အိုလာကိုင်တွယ်မယ့် ကိစ္စဖြစ်တာကြောင့်  ရူးသွပ်လောက်တဲ့ ကိန်းဂဏန်းတွေကို မြင်တွေ့ရမှာမလွဲပါဘူး။  ဘယ်အသင်းကိုရောက်မလဲဆိုတာကတော့ မသိနိုင်သေးဘူးပေါ့လေ။

လက်တွေ့အခြေအနေတွေအရတော့  အာဆင်နယ်အသင်းချန်ပီယံလိဂ်ဝင်ခဲ့တယ်ဆိုရင်တောင်  ဟာလန်းတစ်ယောက်မြောက်လန်ဒန်ဆီကိုရောက်လာခဲ့ရင်  တော်တော်လေးအံ့သြစရာဖြစ်နေမှာပါ။  ဘာကြောင့်လဲဆိုတော့ ရွိုင်အိုလာဖန်တီးချင်တဲ့ ဇတ်လမ်းမျိုးထဲမှာ အာဆင်နယ်အသင်းပါနေပါ့မလားဆိုတာ သံသယဖြစ်စရာကောင်းလှပါတယ်။

Advertisements

Advertisement

Leave a Reply

%d bloggers like this: