VAR သာမရှိခဲ့ရင် အဆင့်လေးနေရာမှာ ရပ်တည်နေမှာ ဖြစ်တဲ့ အာဆင်နယ် 

ESPN က ပြုလုပ်ခဲ့တဲ့ လေ့လာစမ်းစစ်မှုတစ်ခုအရ VAR ရဲ့ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ ဘက်လိုက်မှုတွေ မရှိခဲ့ရင် အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။  ဒီလေ့လာစမ်းစစ်မှုမှာတော့ ဒိုင်လူကြီးသတိမထားမိခဲ့ပဲ VAR က သတိထားမိခဲ့တဲ့ လူကျွံဂိုးတွေနဲ့ VARက ခွင့်ပြုခဲ့တဲ့ပင်နယ်တီဂိုးတွေသာ မရှိခဲ့ရင် ဘယ်အသင်းတွေက ဘယ်အဆင့်တွေမှာ ရပ်တည်နေမလဲဆိုတာကို လေ့လာ‌ခဲ့တာဖြစ်ပါတယ်။ 

VAR မရှိခြင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးဆယ်သင်းကို သိပ်တော့ ကြီးကြီးမားမား ထိခိုက်စေမှာ မဟုတ်ပေမယ့် လက်ရှိ အဆင့်လေးနေရာမှာရှိနေတဲ့ မန်ချက်စတာယူနိုက်တက်က အဆင့်ငါးနေရာကို ဆင်းရမှာ ဖြစ်ပြီး အဆင့်ခြောက်နေရာမှာ ရပ်တည်နေတဲ့ ၀က်စ်ဟမ်းက အဆင့် ခုနစ်နေရာကို ဆင်းပေးရမှာ ဖြစ်ပါတယ်။ VAR ကြောင့် အနစ်နာခဲ့ဆုံး အသင်းကတော့ အာဆင်နယ်တော့ မဟုတ်ပဲ လက်ရှိ တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေတဲ့ နယူးကာဆယ်အသင်းဖြစ်တယ်လို့ သိရပါတယ်။ 

ESPNရဲ့ လေ့လာစမ်းစစ်မှုမှာ VRAနဲ့ ပြန်ကြည့်ခဲ့သင့်တဲ့ အနီကဒ်ပြစ်ဒဏ်တွေနဲ့ ပင်နယ်တီပြစ်ဒဏ်တွေကိုတော့ မထည့်သွင်းထားပါဘူး။ အာဆင်နယ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ VARပြန်ကြည့်ရန် ငြင်းဆန်ခဲ့မှုကြောင့် ပင်နယ်တီသွင်းဂိုးတစ်ဂိုးကို ဆုံးရှုံးခဲ့ရပါတယ်။အာဆင်နယ်ဟာ အချို့ပွဲစဉ်တွေကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပြိုင်ဘက်ကစားသမားတွေ ကစားပုံကြမ်းတမ်းခဲ့ရင်တော့ ကွင်းလယ်ဒိုင်တွေရဲ့ မသိကျိုးကျွံပြုမှုတွေကြောင့် အာဆင်နယ်အနေနဲ့ တစ်ယောက်အသာနဲ့ ကစားနိုင်မယ့် အခွင့်အရေးတွေကို မကြာခဏ ဆုံးရှုံးခဲ့ရပါတယ်။ 

ဒါကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော် ဂျက်ဝီရှီးယားက မန်ချက်စတာယူနိုက်တက်အတွက် လူကျွံဘောမဖြစ်ခဲ့တဲ့ သွင်းဂိုးဟာ  အမ်းမရိတ်မှာ ဆိုရင်တော့ သေချာပေါက် လူကျွံဘောပဲလို့ သုံးသပ်ခဲ့ဖူးတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ကျန် ၁၇ ပွဲကစားဖို့ကျန်ရှိနေသေးပြီး အဆင့် ၄ နေရာအတွက် မန်ချက်စတာယူနိုက်တက် ၊ စပါး​ ၊ ဝက်စ်ဟမ်းတို့နဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: